ဂျူဗင်တပ်ယူ-၉ အသင်းမှာ ဂိုးသွင်းကြမ်းပြနေတဲ့ အဖေတူသား ခရစ္စတီယာနိုဂျူနီယာ

0
3249
photo-gettyimages

ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ ခရစ္စတီယာနိုဂျူနီယာလေးအပေါ် ဖိအားတွေက အမြဲတမ်းပိုမိုပြင်းထန်နေမှာပါ။ အဖေက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတော့ သားဖြစ်သူအပေါ်မှာလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေဟာ အရမ်းငယ်သေးတဲ့အချိန်ကစားသမားဘဝကတည်းက မျက်စိဒေါက်ထောက်ကြည့်နေကြတော့မှာပါ။ ဒါကြောင့်မို့လည်း အဲဒီပေါ်တူဂီဂန္ထဝင်နဲ့ သူ့သားဖြစ်သူတို့ တူရင်မြို့ကိုရောက်လာကတည်းက ဂျူဗင်တပ်အသင်းရဲ့လူငယ်ပွဲစဉ်တွေဟာ ပိုပြီးအာရုံစိုက်ခံလာရပါတယ်။

photo-juventus

ဂျူဗင်တပ်အသင်းကြီးမှာ ဖခင်ဖြစ်သူက သွင်းဂိုးတွေနဲ့ အသင်းရဲ့အရေးပါဆုံးကစားသမားဖြစ်နေချိန် ဂျူနီယာလေးကလည်း ဂျူဗင်တပ်လူငယ်အသင်းတစ်သင်းဖြစ်တဲ့ ယူ-၉ အသင်းမှာ ဂိုးသွင်းကြမ်းပြနေပါတယ်။

သူဟာ ဂျူဗင်တပ်ယူ-၉ အသင်းအတွက် ၂၃ ပွဲမှာ ၅၈ ဂိုးတောင် သွင်းပေးထားပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှုကိုကြည့်မယ်ဆိုရင်လည်း ၁၈ ကြိမ်တောင် ရှိနေတာပါ။

photo-gettyimages

ခရစ္စတီယာနိုဂျူနီယာလေးဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း သူ့ရဲ့ဂျူဗင်တပ်ပွဲဦးထွက်မှာ ၄ ဂိုးသွင်းနိုင်ခဲ့ပါသေးတယ်။ စီရော်နယ်ဒိုက ဂျူနီယာလေးကို သူ့ခြေရာနင်းစေချင်သလို သားဖြစ်သူကလည်း သူ့အဖေထက် ပိုကောင်းစေရမယ်လို့ ကြုံးဝါးထားတာပါ။ ”ကျွန်တော့်သားက သူ့အဖေလိုဖြစ်နိုင်စေဖို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော့်ထက် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော့်ကို ပြောသေးတယ်။ ဒါပေမဲ့ အဲဒါဟာ ခက်ခဲမယ်လို့ ထင်ပါတယ်။ ဂိုးသွင်းရင် သူအရမ်းပျော်သလို ကျွန်တော်လည်း အဲဒီလိုပါပဲ”လို့ စီရော်နယ်ဒိုက ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတစ်ခုမှာ သားဖြစ်သူအကြောင်းပြောခဲ့တာပါ။

zawgyi

ဂ်ဴဗင္တပ္ယူ-၉ အသင္းမွာ ဂိုးသြင္းၾကမ္းျပေနတဲ့ အေဖတူသား ခရစၥတီယာႏိုဂ်ဴနီယာ

ထိပ္တန္းေဘာလုံးသမားတစ္ေယာက္ျဖစ္လာဖို႔ ခရစၥတီယာႏိုဂ်ဴနီယာေလးအေပၚ ဖိအားေတြက အၿမဲတမ္းပိုမိုျပင္းထန္ေနမွာပါ။ အေဖက သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက တစ္ေယာက္ဆိုေတာ့ သားျဖစ္သူအေပၚမွာလည္း တစ္ကမာၻလုံးက ပရိသတ္ေတြဟာ အရမ္းငယ္ေသးတဲ့အခ်ိန္ ကစားသမားဘဝကတည္းက မ်က္စိေဒါက္ေထာက္ၾကည့္ေနၾကေတာ့မွာပါ။ ဒါေၾကာင့္မို႔လည္း အဲဒီေပၚတူဂီဂႏၳဝင္နဲ႔ သူ႔သားျဖစ္သူတို႔ တူရင္ၿမိဳ႕ကိုေရာက္လာကတည္းက ဂ်ဴဗင္တပ္အသင္းရဲ႕လူငယ္ပြဲစဥ္ေတြဟာ ပိုၿပီးအာ႐ုံစိုက္ခံလာရပါတယ္။

ဂ်ဴဗင္တပ္အသင္းႀကီးမွာ ဖခင္ျဖစ္သူက သြင္းဂိုးေတြနဲ႔ အသင္းရဲ႕အေရးပါဆုံးကစားသမားျဖစ္ေနခ်ိန္ ဂ်ဴနီယာေလးကလည္း ဂ်ဴဗင္တပ္လူငယ္အသင္းတစ္သင္းျဖစ္တဲ့ ယူ-၉ အသင္းမွာ ဂိုးသြင္းၾကမ္းျပေနပါတယ္။ သူဟာ ဂ်ဴဗင္တပ္ယူ-၉ အသင္းအတြက္ ၂၃ ပြဲမွာ ၅၈ ဂိုးေတာင္ သြင္းေပးထားပါတယ္။ ဒါ့အျပင္ ဂိုးဖန္တီးမႈကိုၾကည့္မယ္ဆိုရင္လည္း ၁၈ ႀကိမ္ေတာင္ ရွိေနတာပါ။

ခရစၥတီယာႏိုဂ်ဴနီယာေလးဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလကလည္း သူ႔ရဲ႕ဂ်ဴဗင္တပ္ပြဲဦးထြက္မွာ ၄ ဂိုးသြင္းႏိုင္ခဲ့ပါေသးတယ္။ စီေရာ္နယ္ဒိုက ဂ်ဴနီယာေလးကို သူ႔ေျခရာနင္းေစခ်င္သလို သားျဖစ္သူကလည္း သူ႔အေဖထက္ ပိုေကာင္းေစရမယ္လို႔ ႀကဳံးဝါးထားတာပါ။ ”ကြၽန္ေတာ့္သားက သူ႔အေဖလိုျဖစ္ႏိုင္ေစဖို႔ ေမွ်ာ္လင့္ပါတယ္။ သူက ကြၽန္ေတာ့္ထက္ ပိုေကာင္းလိမ့္မယ္လို႔ ကြၽန္ေတာ့္ကို ေျပာေသးတယ္။ ဒါေပမဲ့ အဲဒါဟာ ခက္ခဲမယ္လို႔ ထင္ပါတယ္။ ဂိုးသြင္းရင္ သူအရမ္းေပ်ာ္သလို ကြၽန္ေတာ္လည္း အဲဒီလိုပါပဲ”လို႔ စီေရာ္နယ္ဒိုက ၿပီးခဲ့တဲ့ႏွစ္က အင္တာဗ်ဴးတစ္ခုမွာ သားျဖစ္သူအေၾကာင္းေျပာခဲ့တာပါ။