ဂါရတ်ဘေးလ်ကို လာမယ့်ဇန်နဝါရီမှာ မန်ယူခေါ်ယူလိမ့်မယ်လို့ ရီးရဲလ်ယုံကြည်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ် အသင်းကယုံကြည်နေကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြသွားပါတယ်။ ရီးရဲလ်ဟာ လက်ရှိမန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူလိုနေပြီး အပြောင်းအရွှေ့မှာ ဘေးလ်ကိုအသုံးချဖို့ လည်းစီစဉ်ထားတာဖြစ်ပါတယ်။

ဘေးလ်ဟာပြီးခဲ့တဲ့ နွေရာသီတုန်းက တရုတ်စူပါလိဂ်ကလပ် ကျန်းစုဆန်နင်းအသင်းဆီ တစ်ပတ်လစာပေါင် ၁ သန်းနဲ့ပြောင်းဖို့ သဘောတူခဲ့သေးပြီး ရီးရဲလ်က ပြောင်းကြေးတောင်းဆိုလိုက်လို့ မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတောင်းဆိုတာကလည်း ဘေးလ်ကို မန်ယူကအလိုရှိနေတယ်ဆိုတာကို ရီးရဲလ်ကသိရှိနေလို့ ဖြစ်ကြောင်းလည်း ကလပ်နဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။

Photo- Internet

ဝေလ လက်ရွေးစင်ဖြစ်တဲ့ ဘေးလ်ဟာ ဒီရာသီမှာရီးရဲလ်အတွက် ၇ ပွဲကစားပြီး ၂ ဂိုးသွင်းယူထားသူဖြစ်ပေမယ့် သူဟာ နည်းပြ ဇီဒန်းနဲ့ဆက်ဆံရေးအဆင်မပြေလို့ အသင်းကထွက်ဖို့ ဆုံးဖြတ်ထားဆဲဖြစ်ပါတယ်။ မကြာသေးခင်က ရီးရဲလ်မှာ သူမကစားတာဟာ ကြံခိုင်မှုမပြည့်ဝလို့ ဖြစ်ကြောင်းဆိုခဲ့ပေမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲတွေအတွက် ဝေလလက်ရွေးစင်အသင်းမှာတော့ ပါဝင်လာခဲ့ပါတယ်။

Photo- Internet

ဒါ့အပြင် သူကရီးရဲလ်မက်ဒရစ်မှာ ကစားရတာထက် ဝေလ လက်ရွေးစင်အသင်းမှာကစားရတာ ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ပြောခဲ့သေးတာကြောင့် သူတို့လမ်းခွဲဖို့ကပိုမိုနီးစပ်လာခဲ့ပါတယ်။မန်ယူဟာ ဘေးလ်ကိုခေါ်ယူဖို့ ဆန္ဒရှိနေမှုက ပေါ့ဂ်ဘာကိုပြန်ရဖို့ အခွင့်အရေးဖြစ်စေမယ်လို့လည်း ရီးရဲလ်ကယုံကြည်နေပါတယ်။

Photo- Internet

ဒါကြောင့် လည်းမန်ယူဟာ လာမယ့်ဇန်နဝါရီအစောဆုံးထားကာ ဘေးလ်ကိုခေါ်ယူလိမ့်မယ်လို့ ရီးရဲလ်က ယုံကြည်နေတာပါ။ ဒီလိုမှမဟုတ်ရင်လည်း လာမယ့်နွေရာသီမှာ သူတို့အပြောင်းအရွှေ့ကို ရအောင်လုပ်လိမ့်မယ်လို့လည်း စပိန်သတင်းတွေမှာဖော်ပြနေကြပါတယ်။

Photo- Internet

Zawgyi

ဂါရတ္ေဘးလ္ကို လာမယ္႔ဇန္န၀ါရီမွာ မန္ယူေခၚယူလိမ့္မယ္လို႔ ရီးရဲလ္ယုံၾကည္ေန

မန္ယူအသင္းဟာ လာမယ္႔ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ေတာင္ပံကစားသမား ဂါရတ္ေဘးလ္ကို ေခၚယူလိမ့္မယ္လို႔ ရီးရဲလ္မက္ဒရစ္ အသင္းကယုံၾကည္ေနေၾကာင္း သတင္းတစ္ရပ္မွာ ေဖာ္ျပသြားပါတယ္။ ရီးရဲလ္ဟာ လက္ရွိမန္ယူကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူလိုေနၿပီး အေျပာင္းအေရႊ႕မွာ ေဘးလ္ကိုအသုံးခ်ဖို႔ လည္းစီစဥ္ထားတာျဖစ္ပါတယ္။

ေဘးလ္ဟာၿပီးခဲ့တဲ႔ ေႏြရာသီတုန္းက တရုတ္စူပါလိဂ္ကလပ္ က်န္းစုဆန္နင္းအသင္းဆီ တစ္ပတ္လစာေပါင္ ၁ သန္းနဲ႔ေျပာင္းဖို႔ သေဘာတူခဲ့ေသးၿပီး ရီးရဲလ္က ေျပာင္းေၾကးေတာင္းဆိုလိုက္လို႔ မျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ ဒီလိုေတာင္းဆိုတာကလည္း ေဘးလ္ကို မန္ယူကအလိုရွိေနတယ္ဆိုတာကို ရီးရဲလ္ကသိရွိေနလို႔ ျဖစ္ေၾကာင္းလည္း ကလပ္နဲ႔ နီးစပ္သူတစ္ဦးကဆိုပါတယ္။

ေ၀လ လက္ေရြးစင္ျဖစ္တဲ႔ ေဘးလ္ဟာ ဒီရာသီမွာရီးရဲလ္အတြက္ ၇ ပြဲကစားၿပီး ၂ ဂိုးသြင္းယူထားသူျဖစ္ေပမယ္႔ သူဟာ နည္းျပ ဇီဒန္းနဲ႔ဆက္ဆံေရးအဆင္မေျပလို႔ အသင္းကထြက္ဖို႔ ဆုံးျဖတ္ထားဆဲျဖစ္ပါတယ္။ မၾကာေသးခင္က ရီးရဲလ္မွာ သူမကစားတာဟာ ႀကံခိုင္မႈမျပည့္၀လို႔ ျဖစ္ေၾကာင္းဆိုခဲ့ေပမယ္႔ ယူရို ၂၀၂၀ ေျခစစ္ပြဲေတြအတြက္ ေ၀လလက္ေရြးစင္အသင္းမွာေတာ႔ ပါ၀င္လာခဲ့ပါတယ္။

ဒါ့အျပင္ သူကရီးရဲလ္မက္ဒရစ္မွာ ကစားရတာထက္ ေ၀လ လက္ေရြးစင္အသင္းမွာကစားရတာ ပိုၿပီးစိတ္လႈပ္ရွားဖို႔ေကာင္းတယ္လို႔ ေျပာခဲ့ေသးတာေၾကာင့္ သူတို႔လမ္းခြဲဖို႔ကပိုမိုနီးစပ္လာခဲ့ပါတယ္။မန္ယူဟာ ေဘးလ္ကိုေခၚယူဖို႔ ဆႏၵရွိေနမႈက ေပါ့ဂ္ဘာကိုျပန္ရဖို႔ အခြင့္အေရးျဖစ္ေစမယ္လို႔လည္း ရီးရဲလ္ကယုံၾကည္ေနပါတယ္။

ဒါေၾကာင့္ လည္းမန္ယူဟာ လာမယ္႔ဇန္န၀ါရီအေစာဆုံးထားကာ ေဘးလ္ကိုေခၚယူလိမ့္မယ္လို႔ ရီးရဲလ္က ယုံၾကည္ေနတာပါ။ ဒီလိုမွမဟုတ္ရင္လည္း လာမယ္႔ေႏြရာသီမွာ သူတို႔အေျပာင္းအေရႊ႕ကို ရေအာင္လုပ္လိမ့္မယ္လို႔လည္း စပိန္သတင္းေတြမွာေဖာ္ျပေနၾကပါတယ္။