ဂရေ့ဇ်မန်းရဲ့လက်ရှိပုံစံအတွက် စိုးရိမ်မှုမရှိဘူးလို့ ဒက်ချမ့်စ်ဖွင့်ဟ

PC ; Internet

အောင်မြင်တဲ့ ဘာစီလိုနာကစားသမားဘဝကို ဂရေ့ဇ်မန်းပိုင်ဆိုင်နိုင်လိမ့်မယ်လို့ ပြင်သစ်နည်းပြဒက်ချမ့်စ်ကယုံကြည်နေပြီး ဒီတိုက်စစ်မှူးရဲ့လက်ရှိပုံစံအတွက်လည်း စိုးရိမ်မှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ဂရေ့ဇ်မန်းဟာ အက်သလက်တီကိုကနေ ယူရို သန်း၁၂၀နဲ့ ဘာစီလိုနာကိုပြောင်းရွှေ့ခဲ့ပေမယ့် နူးကမ့်မှာ သူ့ရဲ့အကောင်းဆုံးပုံစံမရဘဲ ရုန်းကန်နေရပါတယ်။

PC ; Internet

ပြင်သစ်အသင်းနဲ့အက်သလက်တီကိုမှာကစားနေကျ ဗဟိုတိုက်စစ်နေရာကနေ တောင်ပံထွက်ကစားနေရတဲ့ အသက် ၂၈နှစ်အရွယ်တိုက်စစ်မှူးဟာ လာလီဂါ ၁၀ပွဲမှာ ၄ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ ဒက်ချမ့်စ်ကတော့ ဂရေ့ဇ်မန်းအတွက် မစိုးရိမ်သလို အသင်းသစ်မှာအထိုင်ကျဖို့ လုံလောက်တဲ့အချိန်သာလိုအပ်တယ်လို့ ဆိုပါတယ်။

PC ; Internet

“ တကယ်လို့ ဘာစီလိုနာမှာ ထူးကဲတဲ့ကစားသမားတွေရှိနေတဲ့တိုင်အောင် အားလုံးဟာ တစ်နေ့တည်းမှာဖြစ်တည်လာတာမဟုတ်ပါဘူး။သူတို့ဘယ်လိုကစားတယ်၊တစ်ယောက်နဲ့တစ်ယောက် ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။အဲဒီလိုပဲ ဂရေ့ဇ်မန်းဟာလည်း ဟိုတုန်းက တောင်ပံမှာကစားဖူးခဲ့တဲ့တိုင်အောင် ပြင်သစ်မှာနဲ့ မတူတဲ့နေရာမှာ ကစားနေရပါတယ်။သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝရမယ်၊တစ်ခြားသူတွေလို ကောင်းနေရမယ်။သူဟာ အလွယ်ကူဆုံးဖြေရှင်းနည်းကို မရွေးချယ်ခဲ့ဘူး။ဒါက အသင်းကြီးလေ။ရည်မှန်းချက်တွေက ကြီးမားတယ်။လက်ရှိမှာ မကောင်းသေးတဲ့တိုင် သူဟာ အသင်းအတွက် အမြဲတမ်းအပေါင်းလက္ခဏာဆောင်ခဲ့တယ်။အဓိက အချက်ကတော့ ကျွန်တော်ပြောခဲ့သလို မတူညီတဲ့နေရာမှာ ကစားနေရတာကြောင့်ပါပဲ ” လို့ ဒက်ချမ့်စ်က လက်ရွေးစင်အသင်းအတွက် ဂရေ့ဇ်မန်းကိုရွေးချယ်ပြီးတဲ့နောက် ပြောဆိုခဲ့တာပါ။

PC ; Internet

ဒက်ချမ့်စ်လက်ထက်မှာ နောက်ထပ် အခရာကျတဲ့တိုက်စစ်မှူးတစ်ယောက်ကတော့ ဂီရောက်ပါပဲ။ချဲလ်ဆီးတိုက်စစ်မှူးဟာ အေဘရာဟမ်နဲ့ဘက်ရှူအာယီတို့ကို ပိုမိနှစ်သက်နေတဲ့ နည်းပြလမ်းပတ်ရဲ့ဦးစားပေးမှုမခံရဘဲ ဒီရာသီပြိုင်ပွဲစုံမှာ ၂၁၁ မိနစ်သာ ကစားခွင့်ရထားပါတယ်။ဒါပေမဲ့ အသက် ၃၃နှစ်အရွယ် အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ အိုက်စလန်၊တူရကီတို့နဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ပြင်သစ်ရဲ့အဓိကကစားသမားတစ်ယောက် ဖြစ်နေဆဲပါ။

(zawgyi)

ေအာင္ျမင္တဲ့ ဘာစီလိုနာကစားသမားဘ၀ကို ဂေရ႕ဇ္မန္းပိုင္ဆိုင္ႏိုင္လိမ့္မယ္လို႔ ျပင္သစ္နည္းျပဒက္ခ်မ့္စ္ကယံုၾကည္ေနၿပီး ဒီတိုက္စစ္မွဴးရဲ႕လက္ရွိပံုစံအတြက္လည္း စိုးရိမ္မႈမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။ဂေရ႕ဇ္မန္းဟာ အက္သလက္တီကိုကေန ယူရို သန္း၁၂၀နဲ႔ ဘာစီလိုနာကိုေျပာင္းေရႊ႔ခဲ့ေပမယ့္ ႏူးကမ့္မွာ သူ႔ရဲ႕အေကာင္းဆံုးပံုစံမရဘဲ ရုန္းကန္ေနရပါတယ္။ျပင္သစ္အသင္းနဲ႔အက္သလက္တီကိုမွာကစားေနက် ဗဟိုတိုက္စစ္ေနရာကေန ေတာင္ပံထြက္ကစားေနရတဲ့ အသက္ ၂၈ႏွစ္အရြယ္တိုက္စစ္မွဴးဟာ လာလီဂါ ၁၀ပြဲမွာ ၄ဂိုးသာသြင္းႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ဒက္ခ်မ့္စ္ကေတာ့ ဂေရ႕ဇ္မန္းအတြက္ မစိုးရိမ္သလို အသင္းသစ္မွာအထိုင္က်ဖို႔ လံုေလာက္တဲ့အခ်ိန္သာလိုအပ္တယ္လို႔ ဆိုပါတယ္။“ တကယ္လို႔ ဘာစီလိုနာမွာ ထူးကဲတဲ့ကစားသမားေတြရွိေနတဲ့တိုင္ေအာင္ အားလံုးဟာ တစ္ေန႔တည္းမွာျဖစ္တည္လာတာမဟုတ္ပါဘူး။သူတို႔ဘယ္လိုကစားတယ္၊တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္လို အလုပ္လုပ္တယ္ဆိုတဲ့အေပၚမွာ မူတည္ပါတယ္။အဲဒီလိုပဲ ဂေရ႕ဇ္မန္းဟာလည္း ဟိုတုန္းက ေတာင္ပံမွာကစားဖူးခဲ့တဲ့တိုင္ေအာင္ ျပင္သစ္မွာနဲ႔ မတူတဲ့ေနရာမွာ ကစားေနရပါတယ္။သူ႔အေနနဲ႔ ၾကံ့ခိုင္မႈျပည့္၀ရမယ္၊တစ္ျခားသူေတြလို ေကာင္းေနရမယ္။သူဟာ အလြယ္ကူဆံုးေျဖရွင္းနည္းကို မေရြးခ်ယ္ခဲ့ဘူး။ဒါက အသင္းႀကီးေလ။ရည္မွန္းခ်က္ေတြက ႀကီးမားတယ္။လက္ရွိမွာ မေကာင္းေသးတဲ့တိုင္ သူဟာ အသင္းအတြက္ အၿမဲတမ္းအေပါင္းလကၡဏာေဆာင္ခဲ့တယ္။အဓိက အခ်က္ကေတာ့ ကၽြန္ေတာ္ေျပာခဲ့သလို မတူညီတဲ့ေနရာမွာ ကစားေနရတာေၾကာင့္ပါပဲ ” လို႔ ဒက္ခ်မ့္စ္က လက္ေရြးစင္အသင္းအတြက္ ဂေရ႕ဇ္မန္းကိုေရြးခ်ယ္ၿပီးတဲ့ေနာက္ ေျပာဆိုခဲ့တာပါ။ဒက္ခ်မ့္စ္လက္ထက္မွာ ေနာက္ထပ္ အခရာက်တဲ့တိုက္စစ္မွဴးတစ္ေယာက္ကေတာ့ ဂီေရာက္ပါပဲ။ခ်ဲလ္ဆီးတိုက္စစ္မွဴးဟာ ေအဘရာဟမ္နဲ႔ဘက္ရွဴအာယီတို႔ကို ပိုမိႏွစ္သက္ေနတဲ့ နည္းျပလမ္းပတ္ရဲ႕ဦးစားေပးမႈမခံရဘဲ ဒီရာသီၿပိဳင္ပြဲစံုမွာ ၂၁၁ မိနစ္သာ ကစားခြင့္ရထားပါတယ္။ဒါေပမဲ့ အသက္ ၃၃ႏွစ္အရြယ္ အာဆင္နယ္တိုက္စစ္မွဴးေဟာင္းဟာ အိုက္စလန္၊တူရကီတို႔နဲ႔ပြဲစဥ္ေတြမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး ျပင္သစ္ရဲ႕အဓိကကစားသမားတစ္ေယာက္ ျဖစ္ေနဆဲပါ။