ဂရင်းဝုဒ်ဟာ ရက်ရှ်ဖို့ဒ်ထက် ပိုကောင်းတဲ့ဂိုးသွင်းသူဖြစ်လိမ့်မယ်လို့ ပေါလ်စခိုးချီးကျူး

photo-gettyimages

photo-bt sport

ပါတီဇန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမားလေးဂရင်းဝုဒ်ဟာ နောက်ဆုံးမှာ သူ့ရဲ့မန်ယူအသင်းဖော်ရက်ရှ်ဖို့ဒ်ထက် ပိုကောင်းတဲ့ဂိုးသွင်းသူဖြစ်လိမ့်မယ်လို့ မန်ယူဂန္ထဝင်ဟောင်းပေါလ်စခိုးလ်က ချီးကျူးပြောကြားလိုက်ပါတယ်။ အသက် ၁၈ နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ မန်ယူရဲ့အဲဒီယူရိုပါလိဂ်အိမ်ကွင်းပွဲစဉ်မှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပြီး အသင်းဝက်ဘ်ဆိုဒ်မှာ မန်ယူပရိသတ်တွေကရွေးတဲ့ Man of the Match လည်း ဖြစ်ခဲ့သေးတာပါ။ ဒါ့အပြင် မန်ယူအတွက် ဒီရာသီပွဲထွက် ၄ ပွဲမှာ ၃ ဂိုးမြောက်လည်း ဖြစ်လာခဲ့တာပါ။

photo-gettyimages

BT Sport ရုပ်သံမှာ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့စဉ် ပေါလ်စခိုးက”ရက်ရှ်ဖို့ဒ်ဟာ တစ်ခုခုအားနည်းနေမယ်ဆိုရင် အဲဒါက ဂိုးရှေ့မှာပဲဖြစ်မှာပါ။ နောက်ဆုံးမှာတော့ ဂရင်းဝုဒ်က ရက်ရှ်ဖို့ဒ်ထက် ပိုကောင်းတဲ့ဂိုးသွင်းသူဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။

photo-gettyimages

ရက်ရှ်ဖို့ဒ်ဟာ ဂရင်းဝုဒ်ထက် ၄ နှစ်နီးပါးပိုကြီးပေမယ့် အဲဒီအင်္ဂလန်လက်ရွေးစင်ကစားသမားဟာ တစ်ခါတစ်ရံမှာ အဆုံးသတ်ပိုင်းအားနည်းပါတယ်။ အဲဒီလိုအခြေအနေရှိပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ယူအတွက် ၈ ဂိုးသွင်းပေးထားပြီး အဲဒီထဲမှာ ပါတီဇန်နဲ့အခုပွဲက ဂိုးလည်း ပါဝင်ပါတယ်။ ဂရင်းဝုဒ်ကတော့ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းဖူးခြင်းမရှိသေးပါဘူး။ ဒါပေမဲ့လည်း ဒီရာသီဖလားပြိုင်ပွဲတွေမှာ အထူးခြေစွမ်းပြနေပြီး အက်စ်တာနာ၊ ရော့ချ်ဒေးတို့နဲ့ပွဲတွေမှာလည်း ဂိုးသွင်းခဲ့တာပါ။

[Zawgyi]

ဂရင္း၀ုဒ္ဟာ ရက္ရွ္ဖုိ႔ဒ္ထက္ ပိုေကာင္းတဲ့ဂိုးသြင္းသူျဖစ္လိမ့္မယ္လုိ႔ ေပါလ္စခိုးခ်ီးက်ဴး

ပါတီဇန္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္ကစားသမားေလးဂရင္း၀ုဒ္ဟာ ေနာက္ဆုံးမွာ သူ႔ရဲ႕မန္ယူအသင္းေဖာ္ရက္ရွ္ဖို႔ဒ္ထက္ ပိုေကာင္းတဲ့ဂိုးသြင္းသူျဖစ္လိမ့္မယ္လုိ႔ မန္ယူဂႏၳ၀င္ေဟာင္းေပါလ္စခိုးလ္က ခ်ီးက်ဴးေျပာၾကားလုိက္ပါတယ္။ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့ ဂရင္း၀ုဒ္ဟာ မန္ယူရဲ႕အဲဒီယူရိုပါလိဂ္အိမ္ကြင္းပြဲစဥ္မွာ ၁ ဂိုးသြင္း၊ ၁ ဂိုးဖန္တီးႏိုင္ခဲ့ၿပီး အသင္း၀က္ဘ္ဆိုဒ္မွာ မန္ယူပရိသတ္ေတြကေရြးတဲ့ Man of the Match လည္း ျဖစ္ခဲ့ေသးတာပါ။ ဒါ့အျပင္ မန္ယူအတြက္ ဒီရာသီပြဲထြက္ ၄ ပြဲမွာ ၃ ဂိုးေျမာက္လည္း ျဖစ္လာခဲ့တာပါ။

BT Sport ရုပ္သံမွာ ေ၀ဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ခဲ့စဥ္ ေပါလ္စခုိးက”ရက္ရွ္ဖို႔ဒ္ဟာ တစ္ခုခုအားနည္းေနမယ္ဆိုရင္ အဲဒါက ဂိုးေရွ႕မွာပဲျဖစ္မွာပါ။ ေနာက္ဆုံးမွာေတာ့ ဂရင္း၀ုဒ္က ရက္ရွ္ဖို႔ဒ္ထက္ ပိုေကာင္းတဲ့ဂိုးသြင္းသူျဖစ္လိမ့္မယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္ဟာ ဂရင္း၀ုဒ္ထက္ ၄ ႏွစ္နီးပါးပိုႀကီးေပမယ့္ အဲဒီအဂၤလန္လက္ေရြးစင္ကစားသမားဟာ တစ္ခါတစ္ရံမွာ အဆုံးသတ္ပိုင္းအားနည္းပါတယ္။ အဲဒီလိုအေျခအေနရွိေပမယ့္လညး္ ရက္ရွ္ဖို႔ဒ္ဟာ ဒီရာသီမွာ မန္ယူအတြက္ ၈ ဂိုးသြင္းေပးထားၿပီး အဲဒီထဲမွာ ပါတီဇန္နဲ႔အခုပြဲက ဂိုးလည္း ပါ၀င္ပါတယ္။ ဂရင္း၀ုဒ္ကေတာ့ ပရီးမီးယားလိဂ္မွာ ဂိုးသြင္းဖူးျခင္းမရွိေသးပါဘူး။ ဒါေပမဲ့လည္း ဒီရာသီဖလားၿပိဳင္ပြဲေတြမွာ အထူးေျခစြမ္းျပေနၿပီး အက္စ္တာနာ၊ ေရာ့ခ်္ေဒးတို႔နဲ႔ပြဲေတြမွာလည္း ဂိုးသြင္းခဲ့တာပါ။