ချဲလ်ဆီးပရိသတ်တွေကိုအရမ်းချစ်လို့ စပါးကိုဘယ်တော့မှကိုင်မှာမဟုတ်ကြောင်း ပြောခဲ့ဖူးတဲ့မော်ရင်ဟို

photo-gettyimages

photo-PA

ချဲလ်ဆီးကြောင့် စပါးကို ဘယ်တော့မှာ ကိုင်တွယ်မှာမဟုတ်ဘူးလို့ ၂၀၁၅ တုန်းက ပြောခဲ့ဖူးပေမယ့်လည်း အခုတော့ မော်ရင်ဟိုဟာ စပါးနည်းပြသစ်ဖြစ်လာပါတယ်။ ချဲလ်ဆီးကို ၂ ကြိမ်တိုင်ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ ပိုချက်တီနိုထုတ်ပယ်ခံရပြီးချိန်မှာ လန်ဒန်ပြိုင်ဘက်စပါးရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာပါ။ ၂၀၁၅ မတ်လတုန်းက ဝင်ဘလေက ချဲလ်ဆီးနဲ့စပါးတို့ရဲ့အင်္ဂလန်လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လွန်ခဲ့တဲ့၂၀၀၇ စက်တင်ဘာမှာ စပါးဥက္ကဌဒန်နီလီဗိုင်းက သူ့ကိုချဉ်းကပ်ခဲ့တဲ့အကြောင်း မော်ရင်ဟိုက ဖွင့်ဟခဲ့တာပါ။

photo-andy hooper

အဲဒါဟာ ချဲလ်ဆီးနဲ့ပထမတစ်ကြိမ်လမ်းခွဲပြီးကာစတုန်းကပါ။ ဒါပေမဲ့လည်း ချဲလ်ဆီးနဲ့သူ့ရဲ့ပတ်သက်မှုက အရမ်းကိုကြံ့ခိုင်လွန်းတဲ့အတွက် စပါးကို မကိုင်တွယ်နိုင်ကြောင်း မော်ရင်ဟိုဟာ ၂၀၁၅ မှာ ပြောခဲ့တာပါ။ ၂၀၀၇ မှာ စပါးက သူ့ကိုချဉ်းကပ်ခဲ့တာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ မော်ရင်ဟိုက”ဟုတ်ပါတယ်။ ကျွန်တော် မကိုင်တွယ်နိုင်ပါဘူး။ ၂ နှစ်လောက် ဘယ်အင်္ဂလိပ်ကလပ်ကိုမှ မကိုင်ဘူးလို့ ချဲလ်ဆီးနဲ့ သဘောတူညီခဲ့တာလည်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်က အဲဒီအလုပ်ကိုယူမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ချဲလ်ဆီးပရိသတ်တွေကို အရမ်းချစ်လို့ပါ”လို့ ပြန်ဖြေခဲ့တာပါ။

photo-PA

အခုတော့ မော်ရင်ဟိုဟာ အရောင်ပြောင်းသွားခဲ့ပါပြီ။ ချဲလ်ဆီးရဲ့လန်ဒန်ပြိုင်ဘက်မှာ သူအလုပ်လုပ်တော့မှာပါ။ တကယ်လည်း ခရစ္စမတ်မတိုင်ခင် ၃ ရက်အလိုမှာ စပါးနည်းပြအဖြစ်နဲ့ မော်ရင်ဟိုဟာ အသင်းဟောင်းချဲလ်ဆီးကို ပြန်လည်ရင်ဆိုင်တော့မှာပါ။

[Zawgyi]

ခ်ဲလ္ဆီးပရိသတ္ေတြကိုအရမ္းခ်စ္လို႔ စပါးကိုဘယ္ေတာ့မွကိုင္မွာမဟုတ္ေၾကာင္း ေျပာခဲ့ဖူးတ့ဲေမာ္ရင္ဟို

ခ်ဲလ္ဆီးေၾကာင့္ စပါးကို ဘယ္ေတာ့မွာ ကိုင္တြယ္မွာမဟုတ္ဘူးလို႔ ၂၀၁၅ တုန္းက ေျပာခဲ့ဖူးေပမယ့္လည္း အခုေတာ့ ေမာ္္ရင္ဟိုဟာ စပါးနည္းျပသစ္ျဖစ္လာပါတယ္။ ခ်ဲလ္ဆီးကို ၂ ႀကိမ္တိုင္ကိုင္တြယ္ခဲ့ဖူးတဲ့ ေမာ္ရင္ဟိုဟာ ပိုခ်က္တီႏိုထုတ္ပယ္ခံရၿပီးခ်ိန္မွာ လန္ဒန္ၿပိဳင္ဘက္စပါးရဲ႕နည္းျပသစ္အျဖစ္ ခန္႔အပ္ျခင္းခံခဲ့ရတာပါ။ ၂၀၁၅ မတ္လတုန္းက ၀င္ဘေလက ခ်ဲလ္ဆီးနဲ႔စပါးတုိ႔ရဲ႕အဂၤလန္လိဂ္ဖလားဗုိလ္လုပြဲမတိုင္ခင္ လြန္ခဲ့တဲ့၂၀၀၇ စက္တင္ဘာမွာ စပါးဥကၠဌဒန္နီလီဗုိင္းက သူ႔ကိုခ်ဥ္းကပ္ခဲ့တဲ့အေၾကာင္း ေမာ္ရင္ဟိုက ဖြင့္ဟခဲ့တာပါ။

အဲဒါဟာ ခ်ဲလ္ဆီးနဲ႔ပထမတစ္ႀကိမ္လမ္းခြဲၿပီးကာစတုန္းကပါ။ ဒါေပမဲ့လည္း ခ်ဲလ္ဆီးနဲ႔သူ႔ရဲ႕ပတ္သက္မႈက အရမ္းကိုႀကံ႕ခိုင္လြန္းတဲ့အတြက္ စပါးကို မကိုင္တြယ္ႏိုင္ေၾကာင္း ေမာ္ရင္ဟုိဟာ ၂၀၁၅ မွာ ေျပာခဲ့တာပါ။ ၂၀၀၇ မွာ စပါးက သူ႔ကိုခ်ဥ္းကပ္ခဲ့တာနဲ႔ပတ္သက္လို႔ ေမးျမန္းတဲ့အခါ ေမာ္ရင္ဟိုက”ဟုတ္ပါတယ္။ ကၽြန္ေတာ္ မကိုင္တြယ္ႏိုင္ပါဘူး။ ၂ ႏွစ္ေလာက္ ဘယ္အဂၤလိပ္ကလပ္ကိုမွ မကိုင္ဘူးလုိ႔ ခ်ဲလ္ဆီးနဲ႔ သေဘာတူညီခဲ့တာလည္း ရွိပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္က အဲဒီအလုပ္ကိုယူမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ခ်ဲလ္ဆီးပရိသတ္ေတြကို အရမ္းခ်စ္လုိ႔ပါ”လို႔ ျပန္ေျဖခဲ့တာပါ။

အခုေတာ့ ေမာ္ရင္ဟိုဟာ အေရာင္ေျပာင္းသြားခဲ့ပါၿပီ။ ခ်ဲလ္ဆီးရဲ႕လန္ဒန္ၿပိဳင္ဘက္မွာ သူအလုပ္လုပ္ေတာ့မွာပါ။ တကယ္လည္း ခရစၥမတ္မတိုင္ခင္ ၃ ရက္အလိုမွာ စပါးနည္းျပအျဖစ္နဲ႔ ေမာ္ရင္ဟိုဟာ အသင္းေဟာင္းခ်ဲလ္ဆီးကို ျပန္လည္ရင္ဆုိင္ေတာ့မွာပါ။