ချဲလ်ဆီးနဲ့ပွဲစဉ်မတိုင်ခင် အင်ပြည့်အားပြည့်လေ့ကျင့်ခန်းဆင်းနေတဲ့ စီးတီး

Photo Credit

Photo Credit

ဒီရာသီ မန်စီးတီးအသင်းဟာ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာ ထိုးနှက်ချက်တွေကြောင့် အချို့သော အဓိကကစားသမားတွေက အရေးကြီးတဲ့ပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။ စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် ဒီရာသီမှာလည်း ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်ဖိ့ု မျှော်လင့်နေတာ ဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ လီရွိုင်းဆာနေး၊ လာပေါ်တီ၊ ဘန်ဂျမင်မန်ဒီ၊ ကီဗင်ဒီဘရိုင်း၊ ဇင်ချန်ကို၊ ဂျွန်စတုန်းတို့အပြင် ရိုဒရီဂို၊ အီဒါဆန်နဲ့ ဒေးဗစ်ဆေးလ်ဗားတို့လည်း ဒဏ်ရာပြဿနာတွေကြောင့် အရန်ခုံမှာသာ အချိန်ကုန်ဆုံးနေခဲ့ရပါတယ်။

Photo Credit

ဒါဟာ မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်း အကုန်လုံးနီးပါးပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေက နည်းပြ ပက်ဂွါဒီယိုလာကို များစွာခေါင်းကိုက်စေပြီး အသင်းလူစာရင်းကို ဖာထေးနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေစေပါတယ်။

Photo Credit

ကံကောင်းထောက်မစွာပဲ အချို့သောကစားသမားတွေကတော့ ချဲလ်ဆီးအသင်းနဲ့ပွဲစဉ်မတိုင်ခင် ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာကြပြီ ဖြစ်ပါတယ်။ အီဒါဆန်၊ ဒေးဗစ်ဆေးလ်ဗားနဲ့ ရိုဒရီတို့ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် သူတို့ ပြန်ကောင်းလာတာဟာ ဂွါဒီယိုလာနဲ့ စီးတီးပရိသတ်တွေအတွက် ဝမ်းမြောက်ဖွယ်သတင်းပါပဲ။

Photo Credit

လီဗာပူးအသင်းကတော့ ရာသီအစမှာကတည်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားခဲ့တာကြောင့် ကြံ့ခိုင်မှုပြည့်ဝတဲ့ လူစာရင်းရှိဖိ့ုက စီးတီးအသင်းအတွက် အရမ်းကို အရေးကြီးနေပါတယ်။

Photo Credit

ဆာနေးနဲ့လာပေါ်တီတို့ကတေ့ာ ဖေဖော်ဝါရီ နဲ့ မတ်လ အကြားမှာ ပြန်လည်ကောင်းမွန်လာနိုင်တယ်လို့ မျှော်လင့်ရပြီး ဇင်ချန်ကိုကတော့ ဒူးဒဏ်ရာမသက်သာသေးတာကြောင့် ဒီဇင်ဘာလကုန်လောက်မှ ပြန်လည် သက်သာလာနိုင်ပါတယ်။

Photo Credit

မာရက်ဇ်နဲ့ ရာဟမ်စတာလင်တို့က လက်ရွေးစင်အသင်းတွေကနေ ဘာဒဏ်ရာမှမရဘဲ အသင်းနဲ့ ပြန်လည် ပူးပေါင်းလာပြီဖြစ်ပေမယ့် ဘာနာဒိုဆေးလ်ဗားကတော့ တစ်ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

Photo Credit

Zawgyi

ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မတိုင္ခင္ အင္ျပည့္အားျပည့္ေလ့က်င့္ခန္းဆင္းေနတဲ့ စီးတီး

ဒီရာသီ မန္စီးတီးအသင္းဟာ ကစားသမားေတြရဲ႕ ဒဏ္ရာျပႆနာ ထိုးႏွက္ခ်က္ေတြေၾကာင့္ အခ်ိဳ႕ေသာ အဓိက ကစားသမားေတြက အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ မပါဝင္ႏိုင္ခဲ့ပါဘူး။ စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ၂ ႏွစ္ဆက္ ကိုင္ေျမွာက္ႏိုင္ခဲ့ၿပီးေနာက္ ဒီရာသီမွာလည္း ခ်န္ပီယံဆုကို ဆက္လက္ ထိန္းသိမ္းႏိုင္ဖိ႔ု ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

ဒါေပမဲ့ လီရိြဳင္းဆာေနး၊ လာေပၚတီ၊ ဘန္ဂ်မင္မန္ဒီ၊ ကီဗင္ဒီဘရိုင္း၊ ဇင္ခ်န္ကို၊ ဂၽြန္စတုန္းတို႔အျပင္ ရိုဒရီဂို၊ အီဒါဆန္နဲ႔ ေဒးဗစ္ေဆးလ္ဗားတို႔လည္း ဒဏ္ရာျပႆနာေတြေၾကာင့္ အရန္ခံုမွာသာ အခ်ိန္ကုန္ဆံုးေနခဲ့ရပါတယ္။ ဒါဟာ မန္စီးတီး အသင္းရဲ႕ ပြဲထြက္လူစာရင္း အကုန္လံုးနီးပါးပဲ ျဖစ္ပါတယ္။ ဒီအေျခအေနေတြက နည္းျပ ပက္ဂြါဒီယိုလာကို မ်ားစြာ ေခါင္းကိုက္ေစၿပီး အသင္းလူစာရင္းကို ဖာေထးႏိုင္ဖို႔ အခက္အခဲေတြ ျဖစ္ေနေစပါတယ္။

ကံေကာင္းေထာက္မစြာပဲ အခ်ိဳ႕ေသာကစားသမားေတြကေတာ့ ခ်ဲလ္ဆီးအသင္းနဲ႔ပြဲစဥ္မတိုင္ခင္ ၾက့ံခိုင္မႈ ျပန္လည္ ျပည့္ဝလာၾကၿပီ ျဖစ္ပါတယ္။ အီဒါဆန္၊ ေဒးဗစ္ေဆးလ္ဗားနဲ႔ ရိုဒရီတို႔ကေတာ့ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီ ျဖစ္တာ ေၾကာင့္ သူတို႔ ျပန္ေကာင္းလာတာဟာ ဂြါဒီယိုလာနဲ႔ စီးတီးပရိသတ္ေတြအတြက္ ဝမ္းေျမာက္ဖြယ္သတင္းပါပဲ။

လီဗာပူးအသင္းကေတာ့ ရာသီအစမွာကတည္းက ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ထားခဲ့တာေၾကာင့္ ၾကံ့ခိုင္မႈ ျပည့္ဝတဲ့ လူစာရင္းရွိဖိ႔ုက စီးတီးအသင္းအတြက္ အရမ္းကို အေရးႀကီးေနပါတယ္။ ဆာေနးနဲ႔လာေပၚတီတို႔ ကေတ့ာ ေဖေဖာ္ဝါရီ နဲ႔ မတ္လ အၾကားမွာ ျပန္လည္ေကာင္းမြန္လာႏိုင္တယ္လို႕ ေမွ်ာ္လင့္ရၿပီး ဇင္ခ်န္ကိုကေတာ့ ဒူးဒဏ္ရာမသက္သာေသးတာေၾကာင့္ ဒီဇင္ဘာလကုန္ေလာက္မွ ျပန္လည္ သက္သာလာႏိုင္ပါတယ္။

မာရက္ဇ္နဲ႔ ရာဟမ္စတာလင္တို႔က လက္ေရြးစင္အသင္းေတြကေန ဘာဒဏ္ရာမွမရဘဲ အသင္းနဲ႔ ျပန္လည္ ပူးေပါင္း လာၿပီ ျဖစ္ေပမယ့္ ဘာနာဒိုေဆးလ္ဗားကေတာ့ တစ္ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။