ချေပဂိုးတွေပေးလိုက်ရတာကြောင့် စိတ်ညစ်မိပေမယ့် ပွဲပန်းမှုနဲ့စိတ်ခံစားမှုကိုသာ မော်ရင်ညိုအပြစ်တင်

PC ; Internet

စပါးနည်းပြဘဝပွဲဦးထွက်ကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ကျေနပ်မိပေမယ့် ဒုတိယပိုင်းနောက်ကျအချိန်တွေမှာ ချေပဂိုးတွေပြန်ပေးလိုက်ရတာကြောင့် နည်းပြမော်ရင်ညိုအပြည့်အ၀ မပျော်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ စပါယ်ရှယ်ဝမ်းက နိုင်ငံတကာပွဲစဉ်တွေကစားခဲ့ရတာကြောင့် ကစားသမားတွေပွဲပန်းလာမှုနဲ့ မတူညီတဲ့နည်းပြတွေနဲ့စိတ်ခံစားမှုမျိုးစုံတွေ့ကြုံခဲ့ရတာကိုသာ အပြစ်ဖို့လိုက်ပါတယ်။လန်ဒန်ကွင်းမှာကစားတဲ့ စနေညအစောပိုင်းပွဲစဉ်မှာ စပါးဟာ ဆွန်ဟောင်မင်၊လူးကပ်စ်မိုရာ၊ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့ ၃ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

PC ; Internet

ဒါပေမဲ့ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမားအန်တိုနီယိုက ဝက်စ်ဟမ်းအတွက် ပထမဂိုးသွင်းပေးခဲ့သလို ဒီကလန်ရိစ်ရဲ့ဂိုး လူကျွံနေပေမယ့် နောက်ခံလူအော့ဘွန်နာက နာကျင်အချိန်ပိုမှာ ဒုတိယဂိုးသွင်းသွားခဲ့တာပါ။ဒါဟာ စပါးအတွက် ပရီးမီးယားလိဂ် ၁၃ပွဲမှာ ပထမဆုံးအဝေးကွင်းနိုင်ပွဲဖြစ်ခဲ့သလို ပိုချက်တီနိုနေရာဆက်ခံခဲ့သူ မော်ရင်ညိုကလည်း နိုင်ပွဲနဲ့စတင်နိုင်ခဲ့တာကြောင့်ကျေနပ်နေပါတယ်။

PC ; Internet

“ ကျွန်တော် အရမ်း အရမ်းကို ပျော်ရွှင်မိပါတယ်။ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။လေ့ကျင့်ကွင်းမှာတုန်းကအတိုင်း လုပ်နိုင်ခဲ့ကြတယ်။၄-ဝဂိုးနဲ့ ပွဲကိုသတ်ဖို့အထိ ကျွန်တော်တို့ အခွင့်အရေးရခဲ့တာပါ။ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ကစားသမားတွေကို ကျွန်တော်မှာကြားခဲ့တာတွေနဲ့ ပရီးမီးယားလိဂ်မှာ နှစ်ပေါင်းများစွာကံကောင်းခဲ့ဖူးတယ်။ဒါပေမဲ့ နောက်ဆုံး မိနစ် ၂၀ ကတော့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူ စိတ်ပျက်စရာပါပဲ။ကစားသမားတွေဟာ နိုင်ငံလက်ရွေးစင်အသင်းတွေဆီက ပြန်လာခဲ့ကြရတယ်။

PC ; Internet

သူတို့ရဲ့ စိတ်ခံစားမှုတွေက မျိုးစုံပဲ။တစ်ချို့က ရှုံးနိမ့်မှုတွေရင်ဆိုင်ခဲ့ရတယ်။ပြီးတော့ အခု ကျွန်တော်နဲ့စတင်လက်တွဲရပြန်ရော။နောက်ဆုံး မိနစ် ၂၀မှာ သူတို့ပင်ပန်းနေကြတာ ထင်ရှားပါတယ်။ဒီအချိန်မှာ နည်းပြကောင်းနဲ့ကစားသမားကောင်းတွေရှိနေတဲ့ ပြိုင်ဘက်အသင်းရဲ့ဖိအားပေးမှုကို ခံခဲ့ရတာပါ။အရေးကြီးဆုံးကတော့ ၃-ဝ၊၄-၀ ဂိုးတွေနဲ့ အနိုင်ရဖို့ ၊ အံ့သြလောက်စရာ ခြေစွမ်းပြကစားနိုင်ဖို့ မဟုတ်ပါဘူး။ကျွန်တော်တို့အတွက် ၃မှတ်က အရေးအကြီးဆုံးပါ” လို့ မော်ရင်ညိုက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

စပါးနည္းျပဘ၀ပြဲဦးထြက္ကို ႏိုင္ပြဲနဲ႔စတင္ႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္ရႊင္ေက်နပ္မိေပမယ့္ ဒုတိယပိုင္းေနာက္က်အခ်ိန္ေတြမွာ ေခ်ပဂိုးေတြျပန္ေပးလိုက္ရတာေၾကာင့္ နည္းျပေမာ္ရင္ညိဳအျပည့္အ၀ မေပ်ာ္ႏိုင္ခဲ့ပါဘူး။ဒါေပမဲ့ စပါယ္ရွယ္၀မ္းက ႏိုင္ငံတကာပြဲစဥ္ေတြကစားခဲ့ရတာေၾကာင့္ ကစားသမားေတြပြဲပန္းလာမႈနဲ႔ မတူညီတဲ့နည္းျပေတြနဲ႔စိတ္ခံစားမႈမ်ိဳးစံုေတြ႔ႀကံဳခဲ့ရတာကိုသာ အျပစ္ဖို႔လိုက္ပါတယ္။လန္ဒန္ကြင္းမွာကစားတဲ့ စေနညအေစာပိုင္းပြဲစဥ္မွာ စပါးဟာ ဆြန္ေဟာင္မင္၊လူးကပ္စ္မိုရာ၊ဟယ္ရီကိန္းတို႔ရဲ႕သြင္းဂိုးေတြနဲ႔ ၃ဂိုးျပတ္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ ဒုတိယပိုင္းမွာ လူစား၀င္ကစားသမားအန္တိုနီယိုက ၀က္စ္ဟမ္းအတြက္ ပထမဂိုးသြင္းေပးခဲ့သလို ဒီကလန္ရိစ္ရဲ႕ဂိုး လူကၽြံေနေပမယ့္ ေနာက္ခံလူေအာ့ဘြန္နာက နာက်င္အခ်ိန္ပိုမွာ ဒုတိယဂိုးသြင္းသြားခဲ့တာပါ။ဒါဟာ စပါးအတြက္ ပရီးမီးယားလိဂ္ ၁၃ပြဲမွာ ပထမဆံုးအေ၀းကြင္းႏိုင္ပြဲျဖစ္ခဲ့သလို ပိုခ်က္တီႏိုေနရာဆက္ခံခဲ့သူ ေမာ္ရင္ညိဳကလည္း ႏိုင္ပြဲနဲ႔စတင္ႏိုင္ခဲ့တာေၾကာင့္ေက်နပ္ေနပါတယ္။“ ကၽြန္ေတာ္ အရမ္း အရမ္းကိုု ေပ်ာ္ရႊင္မိပါတယ္။ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့တယ္။ေလ့က်င့္ကြင္းမွာတုန္းကအတိုင္း လုပ္ႏိုင္ခဲ့ၾကတယ္။၄-၀ဂိုးနဲ႔ ပြဲကိုသတ္ဖို႔အထိ ကၽြန္ေတာ္တို႔ အခြင့္အေရးရခဲ့တာပါ။ပထမပိုင္းအၿပီး အ၀တ္လဲခန္းထဲမွာ ကစားသမားေတြကို ကၽြန္ေတာ္မွာၾကားခဲ့တာေတြနဲ႔ ပရီးမီးယားလိဂ္မွာ ႏွစ္ေပါင္းမ်ားစြာကံေကာင္းခဲ့ဖူးတယ္။ဒါေပမဲ့ ေနာက္ဆံုး မိနစ္ ၂၀ ကေတာ့ ပင္ပန္းႏြမ္းနယ္မႈေတြနဲ႔အတူ စိတ္ပ်က္စရာပါပဲ။ကစားသမားေတြဟာ ႏိုင္ငံလက္ေရြးစင္အသင္းေတြဆီက ျပန္လာခဲ့ၾကရတယ္။သူတို႔ရဲ႕ စိတ္ခံစားမႈေတြက မ်ိဳးစံုပဲ။တစ္ခ်ိဳ႔က ရံႈးနိမ့္မႈေတြရင္ဆိုင္ခဲ့ရတယ္။ၿပီးေတာ့ အခု ကၽြန္ေတာ္နဲ႔စတင္လက္တြဲရျပန္ေရာ။ေနာက္ဆံုး မိနစ္ ၂၀မွာ သူတို႔ပင္ပန္းေနၾကတာ ထင္ရွားပါတယ္။ဒီအခ်ိန္မွာ နည္းျပေကာင္းနဲ႔ကစားသမားေကာင္းေတြရွိေနတဲ့ ၿပိဳင္ဘက္အသင္းရဲ႕ဖိအားေပးမႈကို ခံခဲ့ရတာပါ။အေရးႀကီးဆံုးကေတာ့ ၃-၀၊၄-၀ ဂိုးေတြနဲ႔ အႏိုင္ရဖို႔ ၊ အံ့ၾသေလာက္စရာ ေျခစြမ္းျပကစားႏိုင္ဖို႔ မဟုတ္ပါဘူး။ကၽြန္ေတာ္တို႔အတြက္ ၃မွတ္က အေရးအႀကီးဆံုးပါ” လို႔ ေမာ္ရင္ညိဳက ေျပာဆိုသြားခဲ့ပါတယ္။