ကြီး ၆ကြီးကနေ ကြီး ၂ကြီးဖြစ်လာပုံအဆင့်ဆင့်

Photo Credit

Photo Credit ; Getty Images

”ကြီး ၆ကြီး”ဆိုတဲ့ဝေါဟာရက ပရီးမီးယားလိဂ်အဘိဓာန်မှာ ဘယ်တော့မှသံသယမေးခွန်းအထုတ်မခံရတဲ့စကားစုတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခုတော့ မေးခွန်းထုတ်သင့်နေပါပြီ။ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံးနဲ့ ယခုရာသီ ပွဲစဉ် ၁၁ပြီးဆုံးချိန်အထိ ပရီးမီးယားလိဂ်မှာ ကြီး ၆ကြီးကနေ ကြီး ၂ကြီးကို ခွဲထွက်သွားပြီး အခုလည်း အဲဒီ ကြီး ၂ကြီးက ဒီည အန်ဖီးလ်မှာ အားကုန်ယှဉ်ပြိုင်ပါဦးမယ်။ ပြီးခဲ့တဲ့ရာသီက ဒုတိယရခဲ့တဲ့လီဗာပူးနဲ့ တတိယရခဲ့တဲ့ချဲလ်ဆီးအသင်းတို့ကြား အမှတ်ကွာဟချက်က ၂၅ မှတ်တောင်ရှိပါတယ်။ ဒီအမှတ်ကွာဟမှုက တကယ့်ကိုကြောက်စရာကောင်းပါတယ်။

Photo Credit

ပြီးခဲ့တဲ့ရာသီက လီဗာပူးကို ၁မှတ်ဖြတ်ကာ ၉၈ မှတ်နဲ့ ချန်ပီယံဆုကာကွယ်နိုင်ခဲ့တဲ့ စီးတီးဟာ လက်ရှိအချိန်မှာ အဆင့် ၃နဲ့ ၄နေရာက လက်စတာ၊ ချဲလ်ဆီးတို့ထက် ၂ မှတ်ပဲပိုများနေတာမှန်ပေမယ့် ပရိသတ်အများစုက လီဗာပူးနဲ့ ၆ မှတ်ကွာဟနေမှုကို လျှော့ချဖို့ စီးတီးအသင်း အားကုန်ကြိုးစားနေချိန်မှာ အမှတ်ကွာဟမှုက ဒီထက်ပိုများလာလိမ့်မယ်လို့ ထင်မှတ်နေကြပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပရီးမီးယားလိဂ်မှာ ကြီး ၆ကြီးရဲ့လွှမ်းမိုးက အတော်လေးပြင်းထန်ခဲ့ပါတယ်။ နောက်ဆုံး ၁၀ရာသီမှာ စီးတီး၊ လီဗာပူး၊ ယူနိုက်တက်၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးတို့ရဲ့ကြီး ၆ကြီးကို တခြားအသင်းတွေခြိမ်းခြောက်နိုင်ခဲ့တာ ၆ကြိမ်ရှိခဲ့ပါတယ်။

Photo Credit

အဲဒီအထဲမှာ ၂၀၁၅-၁၆ ရာသီက လက်စတာအသင်း အံ့အားသင့်ဖွယ်အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာက အကြီးမားဆုံးသိသာထင်ရှားမှုဖြစ်ပါတယ်။ ဆောက်သမ်တန်(၂၀၁၅-၁၆)၊ အဲဗာတန်(၂၀၁၃-၁၄နဲ့ ၂၀၁၂-၁၃) နယူးကာဆယ်(၂၀၁၁-၁၂)နဲ့ အက်စ်တွန်ဗီလာ(၂၀၀၉-၁၀)တို့ပဲ ကြီး ၆ကြီးကို ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီနှစ်မှာ လက်စတာက ထိပ်ဆုံး ၆သင်းစာရင်းထဲ တံခါးမခေါက်ဘဲ စွတ်တိုးဝင်ဖို့ ကြိုးစားနေသလို ချန်ပီယံအားပြိုင်မှုကလည်း မြင်းနှစ်ကောင်ပြေးတဲ့ပြိုင်ပွဲဖြစ်လာပြီး ယူနိုက်တက်၊ စပါးနဲ့ အာဆင်နယ်တို့က ကြီး ၂ကြီးနဲ့ ဝေးသထက်ပိုဝေးလာပါတယ်။ ဒီလိုဖြစ်လာရခြင်းရဲ့အဓိကကျနိုင်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Photo Credit ; Sky Sports

စီးတီးကို ရှိတ်မန်ဆော် အလုံးစုံလွှဲပြောင်းဝယ်ယူခြင်း
စီးတီးဟာ ၁၉၉၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ်မှာ ထိပ်ဆုံး ၆သင်းစာရင်းထဲ ဝင်နိုင်ခဲ့ပါတယ်။ ဘီလျံနာ ရှိတ်မန်ဆော်က ၂၀၀၈ ခုနှစ်မှာ အသင်းကို အလုံးစုံလွှဲပြောင်းဝယ်ယူခဲ့ပြီးနောက် စီးတီးကို ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အင်အားကြီးအသင်းအဖြစ် ဆွဲတင်နိုင်ရေးအတွက် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ကာ အသင်းကို စိတ်တိုင်းကျပြင်ဆင်တည်ဆောက်ခဲ့ပါတယ်။

Photo Credit ; Getty Images

အဲဒီနောက်ပိုင်း စီးတီးဟာ ပရီးမီးယားလိဂ်မှာ ၄ကြိမ်ချန်ပီယံဖြစ်ထားပြီး အဲဒီ ၄ကြိမ်ထဲမှာ ၂ကြိမ်က နောက်ဆုံး ၂ရာသီဆက်ရရှိထားတာပါ။ ဒီအောင်မြင်မှုတွေရဲ့အခြေခံကျတဲ့အုတ်မြစ်ကတော့ ရှိတ်မန်ဆော်ဖြစ်ပါတယ်။ ၂၀၁၂ မှာ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက် အင်္ဂလိပ်ဘောလုံးလောကရဲ့လွှမ်းမိုးမှုအရှိဆုံးအသင်းတစ်သင်းဖြစ်လာပြီး နည်းပြဂွါဒီယိုလာကိုပါ ခန့်အပ်ထားနိုင်လို့ သူတို့ရဲ့လွှမ်းမိုးမှုက ကျဆင်းသွားမယ့်အရိပ်အယောင်တောင်မပြသေးပါဘူး။

Photo Credit

အာစင်ဝင်းဂါးလက်ထက် အာဆင်နယ်အသင်း နေဝင်လာမှု
၂၀၀၄ ခုနှစ်မှာ အာဆင်နယ်အသင်း တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တုန်းက နောက် ၁၅နှစ်ကြာတဲ့အထိ နောက်ထပ်အမှတ်ပေးချန်ပီယံထပ်ဖြစ်မှာမဟုတ်ဘူးလို့ ထင်မှတ်ခဲ့သူတွေ တစ်ဦးမှရှိခဲ့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ တကယ်ပဲအဲဒီလိုဖြစ်နေပါပြီ။ အချက်အလက်တွေအရ အာဆင်နယ်ဟာ အဲဒီနောက်ပိုင်း ချန်ပီယံဖြစ်ဖို့ နီးစပ်တဲ့အနေအထားအထိတောင် မတက်လှမ်းနိုင်ခဲ့ပါဘူး။ ၁၅နှစ်အတွင်း သူတု့ိ အဆင့် ၂နေရာနဲ့အဆုံးသတ်ခဲ့တဲ့ ၂၀၀၅နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံဖြစ်သွားတဲ့အသင်းထက် ၁၂ မှတ်၊ ၁၀ မှတ်အထိ ကွာဟခဲ့ပါတယ်။

Photo Credit ; Getty Images

၁၉၉၈ ကနေ ၂၀၀၄ ခုနှစ်အတွင်း အမှတ်ပေးချန်ပီယံ ၃ကြိမ်ရရှိခဲ့ရာမှာ ဝင်းဂါးက အဓိကနေရာကနေ ပါဝင်ခဲ့လို့ နှောင်းပိုင်းကာလတွေမှာ အာဆင်နယ်အသင်း အကျဘက်ရောက်လာပေမယ့် ဘုတ်အဖွဲ့ကတော့ ဝင်းဂါးကို ရာထူးကနေ ထုတ်ပယ်ဖို ငြင်းဆန်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ အင်္ဂလိပ်ဘောလုံးလောကမှာ ယူနိုက်တက်နဲ့အတူ အင်္ဂလိပ်ဘောလုံးလောကရဲ့ နှစ်ကောင်တည်းပြေးတဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အခုတော့ နောက်ဆုံး ၃ရာသီဆက် ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးနေရပါပြီ။

Photo Credit

ယူနိုက်တက်ကို ဖာဂူဆန်စွန့်ခွာခြင်း
ဒီအချက်က စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းတည်းအပြိုင်ဖြစ်နေရခြင်းရဲ့အဓိကအကျဆုံးအချက်ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက် ၂၁ရာသီမြောက်မှာ ၁၃ကြိမ်မြောက်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန်အနားယူသွားပြီးနောက်ပိုင်း နောက်ဆုံး ၆ရာသီအတွင်း ယူနိုက်တက်အသင်း တစ်ကြိမ်မှချန်ပီယံမဖြစ်တော့ဘဲ ၇ရာသီမြောက်ဖြစ်တဲ့ဒီရာသီမှာလည်း အဲဒီစံချိန်ဆက်လက်တည်မြဲနေဦးမယ်ဆိုတာ သေချာသလောက်ရှိနေပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပွဲစဉ် ၁၁ပဲကစားရချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁၈ မှတ်တောင် ပြတ်ကျန်နေခဲ့ပြီဖြစ်ပါတယ်။ သူ့ကို ကြိက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ရဲ့အမှတ်တံဆိပ်တစ်ခုဖြစ်တယ်ဆိုတာတော့ လက်သင့်ခံရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကစားသမားတွေဟာ သူတို့ကိုယ်သူတို့ထက် ဖာဂူဆန်အတွက် ကစားပေးခဲ့ပြီး ပြိုင်ဘက်အသင်းတွေကလည်း သူရှိနေရင် အားနည်းသွားနိုင်ပါတယ်။ ယူနိုက်တက်အသင်း အရာအားလုံးနီးပါး အနိုင်ရခဲ့တာကို မြင်တွေ့ခဲ့ရသူတွေကတော့ ယူနိုက်တက်ရဲ့ရောင်ဝါလက္ခဏာက ဖာဂူဆန်ရဲ့ရောင်ဝါလက္ခဏာအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Photo Credit 

လီဗာပူးကို ကလော့ပ်ရောက်လာခြင်း
သိပ်မကြာသေးခင်အချိန်အထိ လီဗာပူးဟာ ကြီး ၆ကြီးအသင်းတွေအနက် အင်အားအနည်းဆုံးအသင်းဖြစ်ခဲ့ပါတယ်။ ကြီး ၆ကြီးစာရင်းထဲဝင်နေတာက လီဗာပူးရဲ့လက်ရှိအခြေအနေထက် သူတို့ရဲ့ကြီးမားတဲ့သမိုင်းကြောင်းနောက်ခံကြောင့်ဖြစ်နိုင်ပါတယ်။ ၂၀၁၃-၁၄ ရာသီကဆိုရင် နည်းပြရော်ဂျာလက်ထက် ချန်ပီယံဖြစ်ဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီမတိုင်ခင်အထိ ၂၀၀၉ ခုနှစ်နောက်ပိုင်း လီဗာပူးအသင်း ထိပ်ဆုံး ၂သင်းစာရင်းဝင်ခဲ့တာက အဲဒီတစ်ကြိမ်ပဲရှိခဲ့ပါတယ်။

Photo Credit ; Getty Images

၂၀၀၉-၁၀ ရာသီကစတင်လို့ ကြီး ၆ကြီး ဝေါဟာရတွင်ကျယ်လာပြီးချိန်ကတည်းက လီဗာပူးအသင်း ထိပ်ဆုံး ၆သင်းပြင်ပရောက်ခဲ့ရတာက ၆ကြိမ်အထိရှိခဲ့ပါတယ်။ ကလော့ပ်က အဲဒီအရာအားလုံးကို ပြောင်းလဲလိုက်ပါတယ်။ သူစတင်ရောက်ရှိလာပြီးနောက် ၂၀၁၆ ခုနှစ်မှာ အဆင့် ၈နေရာပဲရရှိခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးက ကလော့ပ်စိတ်ကြိုက်အသင်းကို ပြင်ဆင်ခွင့်ပေးခဲ့ပြီး ကလော့ပ်ကလည်း ဆာလာ၊ မာနေး၊ ဗန်ဒိုက်တို့ကို ကမ္ဘာ့အဆင့်ကစားသမားတွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကနေ အခုချိန်အထိ ပရီးမီးယားလိဂ် ၄၉ပွဲကစားထားရာမှာ ၁ပွဲပဲရှုံးနိမ့်ခဲ့ပြီး ဒါကလည်း စီးတီးကို အရေးနိမ့်ခဲ့တာပါ။ နောက်ဆုံးချန်ပီယံလိဂ် ၂ရာသီကလည်း ဒုတိယနဲ့ ချန်ပီယံဖြစ်ခဲ့တာဆိုတော့ ကလော့ပ်ရဲ့အရေးပါမှုကို မှန်းဆနိုင်ပါတယ်။

Photo Credit ; Getty Images

နည်းပြအပြောင်းအလဲများတဲ့ချဲလ်ဆီး
ပထမဆုံးဒီအကြောင်းမပြောခင် လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ ဂန္ထဝင်ကစားသမား ဖရန့်လမ်းပတ်ကို ရေရှည်စီမံကိန်းတွေနဲ့အတူ နည်းပြအဖြစ် ကာလရှည်ဆက်သွားဖို့ ရည်မှန်းထားပုံရပါတယ်။ ပြီးတော့ အပြောင်းအရွှေ့လှုပ်ရှားခွင့်ပိတ်ပင်ခံထားရပေမယ့် စီးတီးနဲ့လီဗာပူးမပါ ကျန်အသင်းကြီးတွေအနက် အခြေအနေအကောင်းဆုံးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ချဲလ်ဆီးအသင်းဟာ တည်ငြိမ်မှုကင်းမဲ့ခဲ့ပါတယ်။ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံ ၃ကြိမ်ဖြစ်ခဲ့ပေမယ့် အဆင့် ၁၀နဲ့ အဆင့် ၆နေရာတွေမှာလည်း ဆိုးဆိုးရွားရွားရပ်တည်ခဲ့ဖူးပါတယ်။

Photo Credit ; Getty Images

အဲဒီကာလအတွင်း ချဲလ်ဆီးအသင်းကိုကိုင်တွယ်ခဲ့တာ နည်းပြအရေအတွက်က ၈ယောက်အထိရှိပြီး လမ်းပတ်က ၉ဦးမြောက်နည်းပြဖြစ်ပါတယ်။ အန်ဆလော့တီ၊ ဟိုဆေးမော်ရင်ညိုနဲ့ ကွန်တီတို့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ပေမယ့် အသင်းမှာ ရေရှည်ကိုင်တွယ်ခွင့်မရခဲ့ဘဲ နည်းပြအများစုက တစ်ရာသီပဲခံခဲ့ပါတယ်။

Photo Credit

စီးတီးကို ဂွါဒီယိုလာ ရောက်လာခြင်း
စီးတီးဟာ ၂၀၀၈ ခုနှစ်မှာ ရှိတ်မန်ဆော် အသင်းပိုင်ရှင်ဖြစ်လာပြီးနောက်ပိုင်း အသင်းကြီးတစ်သင်းဖြစ်လာရေးအတွက် အစွမ်းကုန်ဂီယာတင်ကြိုးစားခဲ့ပါတယ်။ အစပိုင်းမှာတော့ ကစားသမားတွေကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့ပြီး မာ့ခ်ဟုချ်နဲ့ မန်စီနီတို့လက်ထက် အရဲစွန့်ရတာတွေလည်း ရှိလာပါတယ်။ ၂၀၁၂ ခုနှစ်မှာ မန်စီနီက အသင်းအတွက် ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုရယူပေးနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ပယ်လီဂရီနီက ဒုတိယမြောက်အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေက အသင်းကို ရေရှည်စီမံကိန်းနဲ့တည်ဆောက်ဖု့ိ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကတော့ မတည်မငြိမ်ဖြစ်ခဲ့ပါတယ်။

Photo Credit

၂၀၁၆ ခုနှစ်မှာ နည်းပြအဖြစ် ဂွါဒီယိုလာကို ခန့်အပ်ခဲ့ပြီးနောက်ပိုင်း စီးတီးရဲ့ကွင်းတွင်းခြေစွမ်းကလည်း မြင့်မားလာပါတယ်။ ဂွါဒီယိုလာလက်ထက် ပထမဆုံးရာသီမှာ ခြေစွမ်းတစ်သမတ်တည်းရဖို့ ရုန်းကန်ခဲ့ရပြီးနောက် အသင်းကလည်း ဖလားလက်မဲ့ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံး ၂ရာသီဆက် သူတု့ိဟာ ဂွါဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ စွမ်းဆောင်ရည်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ စီးတီးဟာ ကမ္ဘာ့အချမ်းသာဆုံးကလပ်အသင်းတစ်သင်းအဖြစ် ရပ်တည်နေတာမှန်ပေမယ့် အခုတော့ ဂွါဒီယိုလာရဲ့ဦးဆောင်မှုနဲ့အတူ ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းအဖြစ်ပါ ရပ်တည်နေပြီဖြစ်ပါတယ်။

Photo Credit ; Getty Images

Zawgyi

ႀကီး ၆ႀကီးကေန ႀကီး ၂ႀကီးျဖစ္လာပုံအဆင့္ဆင့္

”ႀကီး ၆ႀကီး”ဆုိတဲ့ေ၀ါဟာရက ပရီးမီးယားလိဂ္အဘိဓာန္မွာ ဘယ္ေတာ့မွသံသယေမးခြန္းအထုတ္မခံရတ့ဲစကားစုတစ္ခုျဖစ္ပါတယ္။ ဒါေပမဲ့ အခုေတာ့ ေမးခြန္းထုတ္သင့္ေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံးနဲ႔ ယခုရာသီ ပြဲစဥ္ ၁၁ၿပီးဆုံးခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ႀကီး ၆ႀကီးကေန ႀကီး ၂ႀကီးကို ခြဲထြက္သြားၿပီး အခုလည္း အဲဒီ ႀကီး ၂ႀကီးက ဒီည အန္ဖီးလ္မွာ အားကုန္ယွဥ္ၿပိဳင္ပါဦးမယ္။ ၿပီးခဲ့တဲ့ရာသီက ဒုတိယရခဲ့တဲ့လီဗာပူးနဲ႔ တတိယရခဲ့တဲ့ခ်ဲလ္ဆီးအသင္းတို႔ၾကား အမွတ္ကြာဟခ်က္က ၂၅ မွတ္ေတာင္ရွိပါတယ္။ ဒီအမွတ္ကြာဟမႈက တကယ့္ကိုေၾကာက္စရာေကာင္းပါတယ္။
ၿပီးခဲ့တဲ့ရာသီက လီဗာပူးကုိ ၁မွတ္ျဖတ္ကာ ၉၈ မွတ္နဲ႔ ခ်န္ပီယံဆုကာကြယ္ႏိုင္ခဲ့တဲ့ စီးတီးဟာ လက္ရွိအခ်ိန္မွာ အဆင့္ ၃နဲ႔ ၄ေနရာက လက္စတာ၊ ခ်ဲလ္ဆီးတို႔ထက္ ၂ မွတ္ပဲပိုမ်ားေနတာမွန္ေပမယ့္ ပရိသတ္အမ်ားစုက လီဗာပူးနဲ႔ ၆ မွတ္ကြာဟေနမႈကို ေလွ်ာ့ခ်ဖို႔ စီးတီးအသင္း အားကုန္ႀကိဳးစားေနခ်ိန္မွာ အမွတ္ကြာဟမႈက ဒီထက္ပိုမ်ားလာလိမ့္မယ္လုိ႔ ထင္မွတ္ေနၾကပါတယ္။ ၿပီးခဲ့တဲ့ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ပရီးမီးယားလိဂ္မွာ ႀကီး ၆ႀကီးရဲ႕လႊမ္းမိုးက အေတာ္ေလးျပင္းထန္ခဲ့ပါတယ္။ ေနာက္ဆုံး ၁၀ရာသီမွာ စီးတီး၊ လီဗာပူး၊ ယူႏုိက္တက္၊ ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ စပါးတုိ႔ရဲ႕ႀကီး ၆ႀကီးကို တျခားအသင္းေတြၿခိမ္းေျခာက္ႏိုင္ခဲ့တာ ၆ႀကိမ္ရွိခဲ့ပါတယ္။
အဲဒီအထဲမွာ ၂၀၁၅-၁၆ ရာသီက လက္စတာအသင္း အံ့အားသင့္ဖြယ္အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့တာက အႀကီးမားဆုံးသိသာထင္ရွားမႈျဖစ္ပါတယ္။ ေဆာက္သမ္တန္(၂၀၁၅-၁၆)၊ အဲဗာတန္(၂၀၁၃-၁၄နဲ႔ ၂၀၁၂-၁၃) နယူးကာဆယ္(၂၀၁၁-၁၂)နဲ႔ အက္စ္တြန္ဗီလာ(၂၀၀၉-၁၀)တုိ႔ပဲ ႀကီး ၆ႀကီးကို ၿခိမ္းေျခာက္ႏိုင္ခဲ့တာပါ။ ဒါေပမ့ဲ ဒီႏွစ္မွာ လက္စတာက ထိပ္ဆုံး ၆သင္းစာရင္းထဲ တံခါးမေခါက္ဘဲ စြတ္တုိး၀င္ဖုိ႔ ႀကိဳးစားေနသလုိ ခ်န္ပီယံအားၿပိဳင္မႈကလည္း ျမင္းႏွစ္ေကာင္ေျပးတဲ့ၿပိဳင္ပြဲျဖစ္လာၿပီး ယူႏိုက္တက္၊ စပါးနဲ႔ အာဆင္နယ္တို႔က ႀကီး ၂ႀကီးနဲ႔ ေ၀းသထက္ပိုေ၀းလာပါတယ္။ ဒီလုိျဖစ္လာရျခင္းရဲ႕အဓိကက်ႏုိင္တဲ့အခ်က္ေတြကို ေဖာ္ျပေပးလုိက္ပါတယ္။

စီးတီးကို ရွိတ္မန္ေဆာ္ အလုံးစုံလႊဲေျပာင္း၀ယ္ယူျခင္း
စီးတီးဟာ ၁၉၉၂ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၀ ခုႏွစ္မွာ ထိပ္ဆုံး ၆သင္းစာရင္းထဲ ၀င္ႏိုင္ခဲ့ပါတယ္။ ဘီလ်ံနာ ရွိတ္မန္ေဆာ္က ၂၀၀၈ ခုႏွစ္မွာ အသင္းကို အလုံးစံုလႊဲေျပာင္း၀ယ္ယူခဲ့ၿပီးေနာက္ စီးတီးကို ပရီးမီးယားလိဂ္နဲ႔ ဥေရာပမွာ အင္အားႀကီးအသင္းအျဖစ္ ဆဲြတင္ႏုိင္ေရးအတြက္ ႀကီးမားတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈေတြျပဳလုပ္ကာ အသင္းကို စိတ္တုိင္းက်ျပင္ဆင္တည္ေဆာက္ခဲ့ပါတယ္။
အဲဒီေနာက္ပိုင္း စီးတီးဟာ ပရီးမီးယားလိဂ္မွာ ၄ႀကိမ္ခ်န္ပီယံျဖစ္ထားၿပီး အဲဒီ ၄ႀကိမ္ထဲမွာ ၂ႀကိမ္က ေနာက္ဆုံး ၂ရာသီဆက္ရရွိထားတာပါ။ ဒီေအာင္ျမင္မႈေတြရဲ႕အေျခခံက်တဲ့အုတ္ျမစ္ကေတာ့ ရွိတ္မန္ေဆာ္ျဖစ္ပါတယ္။ ၂၀၁၂ မွာ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာၿပီးေနာက္ အဂၤလိပ္ေဘာလုံးေလာကရဲ႕လႊမ္းမုိးမႈအရွိဆုံးအသင္းတစ္သင္းျဖစ္လာၿပီး နည္းျပဂြါဒီယိုလာကိုပါ ခန္႔အပ္ထားႏိုင္လုိ႔ သူတုိ႔ရဲ႕လႊမ္းမုိးမႈက က်ဆင္းသြားမယ့္အရိပ္အေယာင္ေတာင္မျပေသးပါဘူး။

အာစင္၀င္းဂါးလက္ထက္ အာဆင္နယ္အသင္း ေန၀င္လာမႈ
၂၀၀၄ ခုႏွစ္မွာ အာဆင္နယ္အသင္း တစ္ရာသီလုံး႐ႈံးပြဲမရွိစံခ်ိန္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တုန္းက ေနာက္ ၁၅ႏွစ္ၾကာတဲ့အထိ ေနာက္ထပ္အမွတ္ေပးခ်န္ပီယံထပ္ျဖစ္မွာမဟုတ္ဘူးလုိ႔ ထင္မွတ္ခဲ့သူေတြ တစ္ဦးမွရွိခ့ဲမွာမဟုတ္ပါဘူး။ ဒါေပမဲ့ အခုေတာ့ တကယ္ပဲအဲဒီလုိျဖစ္ေနပါၿပီ။ အခ်က္အလက္ေတြအရ အာဆင္နယ္ဟာ အဲဒီေနာက္ပိုင္း ခ်န္ပီယံျဖစ္ဖို႔ နီးစပ္တဲ့အေနအထားအထိေတာင္ မတက္လွမ္းႏိုင္ခဲ့ပါဘူး။ ၁၅ႏွစ္အတြင္း သူတု႔ိ အဆင့္ ၂ေနရာနဲ႔အဆုံးသတ္ခဲ့တဲ့ ၂၀၀၅နဲ႔ ၂၀၁၆ ခုႏွစ္ေတြမွာ ခ်န္ပီယံျဖစ္သြားတဲ့အသင္းထက္ ၁၂ မွတ္၊ ၁၀ မွတ္အထိ ကြာဟခဲ့ပါတယ္။
၁၉၉၈ ကေန ၂၀၀၄ ခုႏွစ္အတြင္း အမွတ္ေပးခ်န္ပီယံ ၃ႀကိမ္ရရွိခဲ့ရာမွာ ၀င္းဂါးက အဓိကေနရာကေန ပါ၀င္ခဲ့လုိ႔ ေႏွာင္းပိုင္းကာလေတြမွာ အာဆင္နယ္အသင္း အက်ဘက္ေရာက္လာေပမယ့္ ဘုတ္အဖြဲ႕ကေတာ့ ၀င္းဂါးကို ရာထူးကေန ထုတ္ပယ္ဖို ျငင္းဆန္ခဲ့ပါတယ္။ အာဆင္နယ္ဟာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အဂၤလိပ္ေဘာလုံးေလာကမွာ ယူႏုိက္တက္နဲ႔အတူ အဂၤလိပ္ေဘာလုံးေလာကရဲ႕ ႏွစ္ေကာင္တည္းေျပးတ့ဲအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္ အခုေတာ့ ေနာက္ဆုံး ၃ရာသီဆက္ ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံး႐ံႈးေနရပါၿပီ။

ယူႏုိက္တက္ကို ဖာဂူဆန္စြန္႔ခြာျခင္း
ဒီအခ်က္က စီးတီးနဲ႔ လီဗာပူးတို႔ ႏွစ္သင္းတည္းအၿပိဳင္ျဖစ္ေနရျခင္းရဲ႕အဓိကအက်ဆုံးအခ်က္ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ဂႏၳ၀င္နည္းျပႀကီး ဖာဂူဆန္လက္ထက္ ၂၁ရာသီေျမာက္မွာ ၁၃ႀကိမ္ေျမာက္အျဖစ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ ဖာဂူဆန္အနားယူသြားၿပီးေနာက္ပိုင္း ေနာက္ဆုံး ၆ရာသီအတြင္း ယူႏိုက္တက္အသင္း တစ္ႀကိမ္မွခ်န္ပီယံမျဖစ္ေတာ့ဘဲ ၇ရာသီေျမာက္ျဖစ္တ့ဲဒီရာသီမွာလည္း အဲဒီစံခ်ိန္ဆက္လက္တည္ၿမဲေနဦးမယ္ဆုိတာ ေသခ်ာသေလာက္ရွိေနပါတယ္။
ယူႏုိက္တက္ဟာ ပြဲစဥ္ ၁၁ပဲကစားရခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁၈ မွတ္ေတာင္ ျပတ္က်န္ေနခ့ဲၿပီျဖစ္ပါတယ္။ သူ႕ကို ႀကိက္သည္ျဖစ္ေစ၊ မႀကိဳက္သည္ျဖစ္ေစ ဖာဂူဆန္ဟာ ပရီးမီးယားလိဂ္ရဲ႕အမွတ္တံဆိပ္တစ္ခုျဖစ္တယ္ဆိုတာေတာ့ လက္သင့္ခံရမွာျဖစ္ပါတယ္။ ယူႏိုက္တက္ကစားသမားေတြဟာ သူတုိ႔ကိုယ္သူတုိ႔ထက္ ဖာဂူဆန္အတြက္ ကစားေပးခဲ့ၿပီး ၿပိဳင္ဘက္အသင္းေတြကလည္း သူရွိေနရင္ အားနည္းသြားႏိုင္ပါတယ္။ ယူႏုိက္တက္အသင္း အရာအားလုံးနီးပါး အႏိုင္ရခဲ့တာကို ျမင္ေတြ႕ခဲ့ရသူေတြကေတာ့ ယူႏုိက္တက္ရဲ႕ေရာင္၀ါလကၡဏာက ဖာဂူဆန္ရဲ႕ေရာင္၀ါလကၡဏာအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။

လီဗာပူးကို ကေလာ့ပ္ေရာက္လာျခင္း
သိပ္မၾကာေသးခင္အခ်ိန္အထိ လီဗာပူးဟာ ႀကီး ၆ႀကီးအသင္းေတြအနက္ အင္အားအနည္းဆံုးအသင္းျဖစ္ခဲ့ပါတယ္။ ႀကီး ၆ႀကီးစာရင္းထဲ၀င္ေနတာက လီဗာပူးရဲ႕လက္ရွိအေျခအေနထက္ သူတုိ႔ရဲ႕ႀကီးမားတဲ့သမုိင္းေၾကာင္းေနာက္ခံေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ၂၀၁၃-၁၄ ရာသီကဆုိရင္ နည္းျပေရာ္ဂ်ာလက္ထက္ ခ်န္ပီယံျဖစ္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရာသီမတုိင္ခင္အထိ ၂၀၀၉ ခုႏွစ္ေနာက္ပိုင္း လီဗာပူးအသင္း ထိပ္ဆုံး ၂သင္းစာရင္း၀င္ခဲ့တာက အဲဒီတစ္ႀကိမ္ပဲရွိခဲ့ပါတယ္။
၂၀၀၉-၁၀ ရာသီကစတင္လုိ႔ ႀကီး ၆ႀကီး ေ၀ါဟာရတြင္က်ယ္လာၿပီးခ်ိန္ကတည္းက လီဗာပူးအသင္း ထိပ္ဆုံး ၆သင္းျပင္ပေရာက္ခ့ဲရတာက ၆ႀကိမ္အထိရွိခဲ့ပါတယ္။ ကေလာ့ပ္က အဲဒီအရာအားလုံးကို ေျပာင္းလဲလုိက္ပါတယ္။ သူစတင္ေရာက္ရွိလာၿပီးေနာက္ ၂၀၁၆ ခုႏွစ္မွာ အဆင့္ ၈ေနရာပဲရရွိခဲ့ပါတယ္။ ဒါေပမ့ဲ လီဗာပူးက ကေလာ့ပ္စိတ္ႀကိဳက္အသင္းကို ျပင္ဆင္ခြင့္ေပးခဲ့ၿပီး ကေလာ့ပ္ကလည္း ဆာလာ၊ မာေနး၊ ဗန္ဒိုက္တုိ႔ကို ကမၻာ့အဆင့္ကစားသမားေတြအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကေန အခုခ်ိန္အထိ ပရီးမီးယားလိဂ္ ၄၉ပြဲကစားထားရာမွာ ၁ပြဲပဲ႐ံႈးနိမ့္ခဲ့ၿပီး ဒါကလည္း စီးတီးကို အေရးနိမ့္ခဲ့တာပါ။ ေနာက္ဆုံးခ်န္ပီယံလိဂ္ ၂ရာသီကလည္း ဒုတိယနဲ႔ ခ်န္ပီယံျဖစ္ခဲ့တာဆုိေတာ့ ကေလာ့ပ္ရဲ႕အေရးပါမႈကို မွန္းဆႏိုင္ပါတယ္။

နည္းျပအေျပာင္းအလဲမ်ားတဲ့ခ်ဲလ္ဆီး
ပထမဆုံးဒီအေၾကာင္းမေျပာခင္ လက္ရွိအခ်ိန္မွာေတာ့ ခ်ဲလ္ဆီးဟာ ဂႏၳ၀င္ကစားသမား ဖရန္႔လမ္းပတ္ကို ေရရွည္စီမံကိန္းေတြနဲ႔အတူ နည္းျပအျဖစ္ ကာလရွည္ဆက္သြားဖို႔ ရည္မွန္းထားပုံရပါတယ္။ ၿပီးေတာ့ အေျပာင္းအေရႊ႕လႈပ္ရွားခြင့္ပိတ္ပင္ခံထားရေပမယ့္ စီးတီးနဲ႔လီဗာပူးမပါ က်န္အသင္းႀကီးေတြအနက္ အေျခအေနအေကာင္းဆုံးလည္းျဖစ္ပါတယ္။ ဒါေပမဲ့ ၿပီးခ့ဲတဲ့ဆယ္စုႏွစ္အတြင္း ခ်ဲလ္ဆီးအသင္းဟာ တည္ၿငိမ္မႈကင္းမဲ့ခဲ့ပါတယ္။ ၂၀၀၉-၁၀ ရာသီေနာက္ပိုင္း ပရီးမီးယားလိဂ္ခ်န္ပီယံ ၃ႀကိမ္ျဖစ္ခဲ့ေပမယ့္ အဆင့္ ၁၀နဲ႔ အဆင့္ ၆ေနရာေတြမွာလည္း ဆုိးဆုိးရြားရြားရပ္တည္ခဲ့ဖူးပါတယ္။
အဲဒီကာလအတြင္း ခ်ဲလ္ဆီးအသင္းကိုကိုင္တြယ္ခဲ့တာ နည္းျပအေရအတြက္က ၈ေယာက္အထိရွိၿပီး လမ္းပတ္က ၉ဦးေျမာက္နည္းျပျဖစ္ပါတယ္။ အန္ဆေလာ့တီ၊ ဟိုေဆးေမာ္ရင္ညိဳနဲ႔ ကြန္တီတုိ႔ အမွတ္ေပးခ်န္ပီယံျဖစ္ခဲ့ေပမယ့္ အသင္းမွာ ေရရွည္ကိုင္တြယ္ခြင့္မရခဲ့ဘဲ နည္းျပအမ်ားစုက တစ္ရာသီပဲခံခဲ့ပါတယ္။

စီးတီးကို ဂြါဒီယိုလာ ေရာက္လာျခင္း
စီးတီးဟာ ၂၀၀၈ ခုႏွစ္မွာ ရွိတ္မန္ေဆာ္ အသင္းပိုင္ရွင္ျဖစ္လာၿပီးေနာက္ပိုင္း အသင္းႀကီးတစ္သင္းျဖစ္လာေရးအတြက္ အစြမ္းကုန္ဂီယာတင္ႀကိဳးစားခဲ့ပါတယ္။ အစပိုင္းမွာေတာ့ ကစားသမားေတြကို ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးေတြနဲ႔ ေခၚယူခဲ့ၿပီး မာ့ခ္ဟုခ်္နဲ႔ မန္စီနီတို႔လက္ထက္ အရဲစြန္႔ရတာေတြလည္း ရွိလာပါတယ္။ ၂၀၁၂ ခုႏွစ္မွာ မန္စီနီက အသင္းအတြက္ ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံဆုရယူေပးႏိုင္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္မွာ ပယ္လီဂရီနီက ဒုတိယေျမာက္အမွတ္ေပးခ်န္ပီယံဆု ရယူေပးႏုိင္ခဲ့ၿပီးေနာက္ အသင္းတာ၀န္ရွိသူေတြက အသင္းကို ေရရွည္စီမံကိန္းနဲ႔တည္ေဆာက္ဖု႔ိ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ ကြင္းတြင္းစြမ္းေဆာင္ရည္ကေတာ့ မတည္မၿငိမ္ျဖစ္ခဲ့ပါတယ္။
၂၀၁၆ ခုႏွစ္မွာ နည္းျပအျဖစ္ ဂြါဒီယိုလာကို ခန္႔အပ္ခဲ့ၿပီးေနာက္ပိုင္း စီးတီးရဲ႕ကြင္းတြင္းေျခစြမ္းကလည္း ျမင့္မားလာပါတယ္။ ဂြါဒီယိုလာလက္ထက္ ပထမဆုံးရာသီမွာ ေျခစြမ္းတစ္သမတ္တည္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ အသင္းကလည္း ဖလားလက္မဲ့ျဖစ္ခဲ့ရပါတယ္။ ဒါေပမ့ဲ ေနာက္ဆုံး ၂ရာသီဆက္ သူတု႔ိဟာ ဂြါဒီယိုလာရဲ႕ဦးေဆာင္မႈနဲ႔အတူ စြမ္းေဆာင္ရည္အေကာင္းဆုံးအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ စီးတီးဟာ ကမၻာ့အခ်မ္းသာဆုံးကလပ္အသင္းတစ္သင္းအျဖစ္ ရပ္တည္ေနတာမွန္ေပမယ့္ အခုေတာ့ ဂြါဒီယိုလာရဲ႕ဦးေဆာင္မႈနဲ႔အတူ ကမၻာ့အေကာင္းဆုံးအသင္းတစ္သင္းအျဖစ္ပါ ရပ္တည္ေနၿပီျဖစ္ပါတယ္။