ကျုပ်ဒိုက်ဗင် ထိုးနေဦးမှာဘဲ ဂွာဒီယိုလာ- မာနေး

Photo- Internet
Photo- Internet

လီဗာပူးအသင်းတိုက်စစ်မှူ း မာနေးက သူ့ကိုဒိုက်ဗင်ထိုးတတ်သူလို့ ဝေဖန်ခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ပြန်လည်တုံ့ပြန်လိုက်ပြီး သူဒိုက်ဗင်ထပ်ထိုးနေဦးမှာလို့ အရွဲ့တိုက်ကာပြောကြားလိုက်ပါတယ်။ ဂွာဒီယိုလာက မာနေးဟာ တစ်ခါတလေမှာ မယုံနိုင်စရာကောင်းတဲ့ ဂိုးတွေသွင်းသလို တစ်ခါတလေလည်း ဒိုက်ဗင်ထိုးတတ်တယ်လို့ ပြောကြားခဲ့တာပါ။

ဂွာဒီယိုလာရဲ့ဝေဖန်မှုကြောင့် လာမယ့် တနင်္ဂနွေနေ့မှာ သူတို့နှစ်သင်း အန်ဖီးလ်ကွင်းမှာ ထိပ်တိုက်တွေ့မယ့် ပွဲကိုပိုပြီးစိတ်ဝင်စားလာစေပါတယ်။ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ကလည်း သူ့ကစားသမား မာနေးဘက်က ကာကွယ်ပြောကြားခဲ့သလို မာနေးကိုယ်တိုင်ကလည်း ပြန်လည်တုံ့ပြန်လာတာဖြစ်ပါတယ်။

Photo- Internet

မာနေးဟာ လက်စတာ၊ စပါးတို့နဲ့ပွဲတွေမှာ သူ့ကြောင့် လီဗာပူးအသင်းပင်နယ်တီရခဲ့သေးပေမယ့် ပြီးခဲ့တဲ့ စနေနေ့က အက်စ်တွန်ဗီလာနဲ့ ပွဲမှာ ဟန်ဆောင်ဒိုက်ဗင်ထိုးမှုကြောင့် အဝါကတ်ပြသတိပေးခံခဲ့ရသူဖြစ်ပါတယ်။ ဒါကိုဂွာဒီယိုလာက ရည်ညွှန်းပြီးဝေဖန်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

ဒါပေမယ့် ဂျန့်ကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မာနေးက”ကျွန်တော့်ကို ဒိုင်တွေအာရုံစိုက်လာအောင် ဂွာဒီယိုလာက ပါးနပ်စွာနဲ့ ပြောလိုက်တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်ကစားနေကျပုံစံအတိုင်းဘဲ ဆက်ကစားမှာဖြစ်ပြီး ဂွာဒီယိုလာရဲ့စကားကို အာရုံစိုက်နေမှာမဟုတ်ပါဘူး။ ဘယ်သူဘာပြောပြော ကျွန်တော်ကတော့ အကောင်းဘဲမြင်ပါတယ်။

Photo- Internet

လီဗာပူးအတွက် တတ်နိုင်သလောက်အရာရာ ပေးဆပ်မယ့်သူဖြစ်လို့ ပင်နယ်တီသာရမယ်ဆိုရင် ကျွန်တော်ကတော့ ဒိုက်ဗင်ဆက်ထိုးနေဦးမှာဘဲ။ဒါပေမယ့် ကလော့ပ်ပြောခဲ့သလိုဘဲ ကျွန်တော့်ကို ထိမိလို့သာလဲကျတာဖြစ်ပြီး မထိဘူးဆိုရင် ဘာမှလဲကျနေစရာမလိုပါဘူး” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

က်ဳပ္ဒိုက္ဗင္ ထိုးေနဦးမွာဘဲ ဂြာဒီယိုလာ- မာေနး

လီဗာပူးအသင္းတိုက္စစ္မွဴ း မာေနးက သူ႔ကိုဒိုက္ဗင္ထိုးတတ္သူလို႔ ေ၀ဖန္ခဲ့တဲ႔ မန္စီးတီးနည္းျပ ဂြာဒီယိုလာကို ျပန္လည္တုံ႔ျပန္လိုက္ၿပီး သူဒိုက္ဗင္ထပ္ထိုးေနဦးမွာလို႔ အရြဲ႕တိုက္ကာေျပာၾကားလိုက္ပါတယ္။ ဂြာဒီယိုလာက မာေနးဟာ တစ္ခါတေလမွာ မယုံႏိုင္စရာေကာင္းတဲ႔ ဂိုးေတြသြင္းသလို တစ္ခါတေလလည္း ဒိုက္ဗင္ထိုးတတ္တယ္လို႔ ေျပာၾကားခဲ့တာပါ။

ဂြာဒီယိုလာရဲ႕ေ၀ဖန္မႈေၾကာင့္ လာမယ္႔ တနဂၤေႏြေန႔မွာ သူတို႔ႏွစ္သင္း အန္ဖီးလ္ကြင္းမွာ ထိပ္တိုက္ေတြ႔မယ္႔ ပြဲကိုပိုၿပီးစိတ္၀င္စားလာေစပါတယ္။ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ႔ပ္ကလည္း သူ႔ကစားသမား မာေနးဘက္က ကာကြယ္ေျပာၾကားခဲ့သလို မာေနးကိုယ္တိုင္ကလည္း ျပန္လည္တုံ႔ျပန္လာတာျဖစ္ပါတယ္။

မာေနးဟာ လက္စတာ၊ စပါးတို႔နဲ႔ပြဲေတြမွာ သူ႔ေၾကာင့္ လီဗာပူးအသင္းပင္နယ္တီရခဲ့ေသးေပမယ္႔ ၿပီးခဲ့တဲ႔ စေနေန႔က အက္စ္တြန္ဗီလာနဲ႔ ပြဲမွာ ဟန္ေဆာင္ဒိုက္ဗင္ထိုးမႈေၾကာင့္ အ၀ါကတ္ျပသတိေပးခံခဲ့ရသူျဖစ္ပါတယ္။ ဒါကိုဂြာဒီယိုလာက ရည္ညႊန္း္ၿပီးေ၀ဖန္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ္႔ ဂ်န္႔ကို ၂-၁ နဲ႔အႏိုင္ရခဲ့တဲ႔ ပြဲစဥ္အၿပီးမွာ မာေနးက”က်ြန္ေတာ္႔ကို ဒိုင္ေတြအာရုံစိုက္လာေအာင္ ဂြာဒီယိုလာက ပါးနပ္စြာနဲ႔ ေျပာလိုက္တာပါ။ ဒါေပမယ္႔ က်ြန္ေတာ္ကေတာ႔ ကိုယ္ကစားေနက်ပုံစံအတိုင္းဘဲ ဆက္ကစားမွာျဖစ္ၿပီး ဂြာဒီယိုလာရဲ႕စကားကို အာရုံစိုက္ေနမွာမဟုတ္ပါဘူး။ ဘယ္သူဘာေျပာေျပာ က်ြန္ေတာ္ကေတာ႔ အေကာင္းဘဲျမင္ပါတယ္။

လီဗာပူးအတြက္ တတ္ႏိုင္သေလာက္အရာရာ ေပးဆပ္မယ္႔သူျဖစ္လို႔ ပင္နယ္တီသာရမယ္ဆိုရင္ က်ြန္ေတာ္ကေတာ႔ ဒိုက္ဗင္ဆက္ထိုးေနဦးမွာဘဲ။ဒါေပမယ္႔ ကေလာ႔ပ္ေျပာခဲ့သလိုဘဲ က်ြန္ေတာ္႔ကို ထိမိလို႔သာလဲက်တာျဖစ္ၿပီး မထိဘူးဆိုရင္ ဘာမွလဲက်ေနစရာမလိုပါဘူး” လို႔ေျပာသြားပါတယ္။