ကစားသမားအားလုံးကို ပထမပိုင်းအပြီးမှာ လူစားလဲပစ်ချင်ခဲ့တယ်လို့ ဆိုးလ်ရှားဖွင့်ဟ

PC ; Internet

ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်ရလဒ်ဟာ မန်ယူအတွက်အပေါင်းလက္ခဏာဆောင်တယ်လို့သုံးသပ်နိုင်ပေမယ့် ပထမပိုင်းကစားပုံအပေါ်စိတ်ပျက်မိသလို ကစားသမားအားလုံးကိုလူစားလဲပစ်ချင်ခဲ့တယ်လို့ နည်းပြဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။မန်ယူဟာ ပထမပိုင်းမှာ ဒီဂီယာတစ်ယောက်ကလွဲပြီး ကျန်တဲ့ကစားသမားတွေအားလုံးပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့သလို ဂျွန်ဖက်သွင်းယူခဲ့တဲ့ ရှက်ဖီးအတွက် ဦးဆောင်ဂိုးကလည်း ဖီးဂျုံးစ်ရဲ့တားဆီးပုံညံ့ဖျင်းမှုကနေ ပေးလိုက်ရတာပါ။

PC ; Internet

ဒုတိယပိုင်းမှာ ၃-၂ ဂိုးနဲ့ပြန်လည်ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတဲ့နောက် ဆိုးလ်ရှားက “ဒေါသထွက်မိသလို စိတ်လည်းပျက်ခဲ့ပါတယ်။ ခင်ဗျားတို့ဆိုရင်လည်း သူတို့ကိုသေချာပေါက်လှုပ်နှိုးမိမှာပါ။ တစ်ခုခုအပြောင်းအလဲလုပ်ဖို့ လိုအပ်ခဲ့ပါတယ်။ ဂိုးသမားကလွဲလို့ အားလုံးကိုလူစားလဲပစ်ချင်ခဲ့တာပါ။ ဒါက နည်းစနစ်နဲ့မသက်ဆိုင်ပါဘူး။ ပထမပိုင်းအတွင်း ဘောလုံးရယူနိုင်မှု၊ ဖျက်ထုတ်တာတွေ၊ ယှဉ်လုတာတွေအားလုံးကိုဆိုလိုချင်တာပါ။

PC ; Internet

တစ်ခါတရံမှာနည်းစနစ်ဆိုတာက အပြင်ဘက်ကိုရောက်သွားတတ်ပါတယ်။ ကျွန်တော်တို့အနိုင်ရသင့်ခဲ့တယ်လို့ ယူဆနိုင်ပေမယ့် မိနစ် ၇၀ကျော်နီးပါးအထိတော့ အနိုင်ရဖို့အတွက်မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာမရှိခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်ဆိုတဲ့ခေါင်းစဉ်ရဲ့အနီးနားမှာတောင် ကျွန်တော်တို့အသင်းမရှိခဲ့ပါဘူး” လို့ ဖွင့်ဟလိုက်ပါတယ်။

PC ; Internet

ဒါ့အပြင် ကစားသမားတွေရဲ့ နိုင်ပွဲဆာလောင်မှုနဲ့ပတ်သက်ပြီးတော့လည်း “ဆာလောင်စိတ်မရှိဘူးလို့တော့ မဆိုလိုချင်ပါဘူး။ သူတို့ယုံကြည်ချက်ရှိဖို့ပဲလိုပါတယ်။ ကစားသမားတွေအနိုင်ရချင်ကြတယ်ဆိုတာကို အကြွင်းမဲ့ယုံပါတယ်။ ဒါပေမယ့် လူငယ်တွေဟာ တစ်ခါတရံမှာအနိုင်ရဖို့အတွက် ဘယ်လိုစိန်ခေါ်မှုမျိုးလုပ်ရမယ်ဆိုတာကိုမသိပါဘူး။ နေ့စဉ်သင်ကြားပေးနေတဲ့အတွက် သူတို့မှာရှိလာလိမ့်မယ်လို့တော့သေချာပေါက်ယုံကြည်ပါတယ်။ အကြောက်အလန့်ကင်းပြီး ယုံကြည်ချက်ရှိရှိကစားနိုင်ဖို့ကိုပါ” လို့ဆိုးလ်ရှားက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲစဥ္ရလဒ္ဟာ မန္ယူအတြက္အေပါင္းလကၡဏာေဆာင္တယ္လို႔သံုးသပ္ႏိိုင္ေပမယ့္ ပထမပိုင္းကစားပံုအေပၚစိတ္ပ်က္မိသလို ကစားသမားအားလံုးကိုလူစားလဲပစ္ခ်င္ခဲ့တယ္လို႔ နည္းျပဆိုးလ္ရွားက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။မန္ယူဟာ ပထမပိုင္းမွာ ဒီဂီယာတစ္ေယာက္ကလြဲၿပီး က်န္တဲ့ကစားသမားေတြအားလံုးပံုမွန္ေျခစြမ္းေအာက္ေရာက္ေနခဲ့သလို ဂၽြန္ဖက္သြင္းယူခဲ့တဲ့ ရွက္ဖီးအတြက္ ဦးေဆာင္ဂိုးကလည္း ဖီးဂ်ံဳးစ္ရဲ႕တားဆီးပံုညံ့ဖ်င္းမႈကေန ေပးလိုက္ရတာပါ။ဒုတိယပိုင္းမွာ ၃-၂ ဂိုးနဲ႔ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲအၿပီးမွာ သေရတစ္မွတ္နဲ႔သာေက်နပ္ခဲ့ရတဲ့ေနာက္ ဆိုးလ္ရွားက “ေဒါသထြက္မိသလို စိတ္လည္းပ်က္ခဲ့ပါတယ္။ ခင္ဗ်ားတို႔ဆိုရင္လည္း သူတို႔ကိုေသခ်ာေပါက္လႈပ္ႏွိဳးမိမွာပါ။ တစ္ခုခုအေျပာင္းအလဲလုပ္ဖို႔ လိုအပ္ခဲ့ပါတယ္။ ဂိုးသမားကလြဲလို႔ အားလံုးကိုလူစားလဲပစ္ခ်င္ခဲ့တာပါ။ ဒါက နည္းစနစ္နဲ႔မသက္ဆိုင္ပါဘူး။ ပထမပိုင္းအတြင္း ေဘာလံုးရယူႏိုင္မႈ၊ ဖ်က္ထုတ္တာေတြ၊ ယွဥ္လုတာေတြအားလံုးကိုဆိုလိုခ်င္တာပါ။ တစ္ခါတရံမွာနည္းစနစ္ဆိုတာက အျပင္ဘက္ကိုေရာက္သြားတတ္ပါတယ္။ ကၽြန္ေတာ္တို႔အႏိုင္ရသင့္ခဲ့တယ္လို႔ ယူဆႏိုင္ေပမယ့္ မိနစ္ ၇၀ေက်ာ္နီးပါးအထိေတာ့ အႏိုင္ရဖို႔အတြက္မွန္ကန္တဲ့လမ္းေၾကာင္းေပၚမွာမရွိခဲ့ပါဘူး။ မန္ခ်က္စတာယူႏိုက္တက္ဆိုတဲ့ေခါင္းစဥ္ရဲ႕အနီးနားမွာေတာင္ ကၽြန္ေတာ္တို႔အသင္းမရွိခဲ့ပါဘူး” လို႔ ဖြင့္ဟလိုက္ပါတယ္။ဒါ့အျပင္ ကစားသမားေတြရဲ႕ ႏိုင္ပြဲဆာေလာင္မႈနဲ႔ပတ္သက္ၿပီးေတာ့လည္း “ဆာေလာင္စိတ္မရွိဘူးလို႔ေတာ့ မဆိုလိုခ်င္ပါဘူး။ သူတို႔ယံုၾကည္ခ်က္ရွိဖို႔ပဲလိုပါတယ္။ ကစားသမားေတြအႏိုင္ရခ်င္ၾကတယ္ဆိုတာကို အၾကြင္းမဲ့ယံုပါတယ္။ ဒါေပမယ့္ လူငယ္ေတြဟာ တစ္ခါတရံမွာအႏိုင္ရဖို႔အတြက္ ဘယ္လိုစိန္ေခၚမႈမ်ိဳးလုပ္ရမယ္ဆိုတာကိုမသိပါဘူး။ ေန႔စဥ္သင္ၾကားေပးေနတဲ့အတြက္ သူတို႔မွာရွိလာလိမ့္မယ္လို႔ေတာ့ေသခ်ာေပါက္ယံုၾကည္ပါတယ္။ အေၾကာက္အလန္႔ကင္းျပီး ယံုၾကည္ခ်က္ရွိရွိကစားႏိုင္ဖို႔ကိုပါ” လို႔ဆိုးလ္ရွားက ေျပာဆိုသြားခဲ့ပါတယ္။