ကစားသမားတွေ လက်ရွေးစင်ဖြစ်ရေးထက် ကလပ်အတွက်ပဲ လမ်းပတ် ဦးစားပေးမယ်

PC ; Internet

ကစားသမားတွေ လက်ရွေးစင်ဖြစ်ရေးထက် ကလပ်အတွက်ပဲ လမ်းပတ် ဦးစားပေးမယ်
တိုက်စစ်မှူးဂီရောက်ရဲ့ အပြောင်းအရွှေ့သတင်းတွေထွက်ပေါ်လာတဲ့နောက် ချဲလ်ဆီးနည်းပြလမ်းပတ်က သူရင်ဆိုင်နေရတဲ့ တိုက်စစ်မှူးအကျပ်အတည်းပြသနာနဲ့ပတ်သက်ပြီး ဖွင့်ဟလာပါတယ်။အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့သြဂုတ်လကစပြီး ဂိုးပေါက်ပျောက်နေခဲ့တာကြောင့် ချဲလ်ဆီးတိုက်စစ်မှာ အေဘရာဟမ်နဲ့ဘက်ရှူအာယီတို့နောက်မှာသာ ဦးစားပေးခံနေရပါတယ်။

PC ; Internet

ဒီအချိန်မှာ ပြင်သစ်အသင်းနည်းပြဒက်ချမ့်စ်က လက်ရွေးစင်အသင်းမှာ ဂီရောက်အရေးပါနိုင်ရေးအတွက် သူ့ကို ပွဲများများကစားခွင့်ပေးဖို့ လမ်းပတ်ကိုတောင်းဆိုထားပါတယ်။အသက် ၃၃နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ဇန်နဝါရီဈေးကွက်မှာ လီဂူး-၁ကိုပြန်လိမ့်မယ်လို့လည်း ကောလာဟလသတင်းတွေ ထွက်နေပါတယ်။နွေရာသီမှာကျင်းပမယ့် ယူရို ၂၀၂၀ ကျရင်တော့ ချဲလ်ဆီးရဲ့တိုက်စစ်မှူး ၃ဦးလုံး သက်ဆိုင်ရာနိုင်ငံတွေအတွက် ကိုယ်စားပြုပေးရဖွယ်ရှိနေပါတယ်။

PC ; Internet

ဒါပေမဲ့ လမ်းပတ်ကတော့ ဒီအကြောင်းအရာတွေကိုတွေးမှာမဟုတ်ဘဲ ကလပ်အဆင့်မှာဘာတွေဖြစ်မလဲကိုသာ ဦးစားပေးတယ်လို့ ရှင်းလင်းပြောဆိုလိုက်တာပါ။“ ဒါက ကျွန်တော့်အတွက်ရော သူတို့အတွက်ပါ ခက်ခဲပါတယ်။ကျွန်တော်ဟာ ကစားသမားတွေအားလုံးကို ဂရုစိုက်ပြီး သူတို့နိုင်ငံအတွက် သူတို့လုပ်နေသလို ချဲလ်ဆီးအတွက် အကောင်းဆုံးလို့မြင်တဲ့သူတွေကို ရွေးချယ်နေတာပါ။ကျွန်တော့်မှာ ရွေးချယ်စရာ တိုက်စစ်မှူး ၃ဦးရှိပါတယ်။ဒါပေမဲ့ သူတို့ရဲ့ဘယ်လိုသဘောထားမျိုးကိုမှ စောဒကတက်မှာ မဟုတ်ပါဘူး။အကြောင်းအရာတွေဟာ မတူညီကြပါဘူး။

PC ; Internet

ပရော်ဖက်ရှင်နယ်ပီသမှုတော့ လိုအပ်ပါတယ်။ကလပ်အတွက်မကစားချင်ဘူးဆိုတဲ့ ကစားသမားမျိုးနဲ့လည်း ကျွန်တော့်စကားပြောနေဦးမှာပါ။လက်ရှိအချိန်မှာတော့ အဲဒီအနေအထားမျိုး မရောက်သေးသလို ဆွေးနွေးရမယ့်အချိန်လည်း မဟုတ်သေးပါဘူး ” လို့ လမ်းပတ်က ဖွင့်ဟသွားပါတယ်။

(zawgyi)

ကစားသမားေတြ လက္ေရြးစင္ျဖစ္ေရးထက္ ကလပ္အတြက္ပဲ လမ္းပတ္ ဦးစားေပးမယ္
တိုက္စစ္မွဴးဂီေရာက္ရဲ႕ အေျပာင္းအေရႊ႔သတင္းေတြထြက္ေပၚလာတဲ့ေနာက္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က သူရင္ဆိုင္ေနရတဲ့ တိုက္စစ္မွဴးအက်ပ္အတည္းျပသနာနဲ႔ပတ္သက္ၿပီး ဖြင့္ဟလာပါတယ္။အာဆင္နယ္တိုက္စစ္မွဴးေဟာင္းဟာ ၿပီးခဲ့တဲ့ၾသဂုတ္လကစၿပီး ဂိုးေပါက္ေပ်ာက္ေနခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတိုက္စစ္မွာ ေအဘရာဟမ္နဲ႔ဘက္ရွဴအာယီတို႔ေနာက္မွာသာ ဦးစားေပးခံေနရပါတယ္။ဒီအခ်ိန္မွာ ျပင္သစ္အသင္းနည္းျပဒက္ခ်မ့္စ္က လက္ေရြးစင္အသင္းမွာ ဂီေရာက္အေရးပါႏိုင္ေရးအတြက္ သူ႔ကို ပြဲမ်ားမ်ားကစားခြင့္ေပးဖို႔ လမ္းပတ္ကိုေတာင္းဆိုထားပါတယ္။အသက္ ၃၃ႏွစ္အရြယ္ ျပင္သစ္တိုက္စစ္မွဴးဟာ ဇန္န၀ါရီေစ်းကြက္မွာ လီဂူး-၁ကိုျပန္လိမ့္မယ္လို႔လည္း ေကာလာဟလသတင္းေတြ ထြက္ေနပါတယ္။ေႏြရာသီမွာက်င္းပမယ့္ ယူရို ၂၀၂၀ က်ရင္ေတာ့ ခ်ဲလ္ဆီးရဲ႕တိုက္စစ္မွဴး ၃ဦးလံုး သက္ဆိုင္ရာႏိုင္ငံေတြအတြက္ ကိုယ္စားျပဳေပးရဖြယ္ရွိေနပါတယ္။ဒါေပမဲ့ လမ္းပတ္ကေတာ့ ဒီအေၾကာင္းအရာေတြကိုေတြးမွာမဟုတ္ဘဲ ကလပ္အဆင့္မွာဘာေတြျဖစ္မလဲကိုသာ ဦးစားေပးတယ္လို႔ ရွင္းလင္းေျပာဆိုလိုက္တာပါ။“ ဒါက ကၽြန္ေတာ့္အတြက္ေရာ သူတို႔အတြက္ပါ ခက္ခဲပါတယ္။ကၽြန္ေတာ္ဟာ ကစားသမားေတြအားလံုးကို ဂရုစိုက္ၿပီး သူတို႔ႏိုင္ငံအတြက္ သူတို႔လုပ္ေနသလို ခ်ဲလ္ဆီးအတြက္ အေကာင္းဆံုးလို႔ျမင္တဲ့သူေတြကို ေရြးခ်ယ္ေနတာပါ။ကၽြန္ေတာ့္မွာ ေရြးခ်ယ္စရာ တိုက္စစ္မွဴး ၃ဦးရွိပါတယ္။ဒါေပမဲ့ သူတို႔ရဲ႕ဘယ္လိုသေဘာထားမ်ိဳးကိုမွ ေစာဒကတက္မွာ မဟုတ္ပါဘူး။အေၾကာင္းအရာေတြဟာ မတူညီၾကပါဘူး။ပေရာ္ဖက္ရွင္နယ္ပီသမႈေတာ့ လိုအပ္ပါတယ္။ကလပ္အတြက္မကစားခ်င္ဘူးဆိုတဲ့ ကစားသမားမ်ိဳးနဲ႔လည္း ကၽြန္ေတာ့္စကားေျပာေနဦးမွာပါ။လက္ရွိအခ်ိန္မွာေတာ့ အဲဒီအေနအထားမ်ိဳး မေရာက္ေသးသလို ေဆြးေႏြးရမယ့္အခ်ိန္လည္း မဟုတ္ေသးပါဘူး ” လို႔ လမ္းပတ္က ဖြင့္ဟသြားပါတယ္။