ပေါ်တူဂီ၊ဂျာမနီနဲ့ ပြင်သစ်တို့ တစ်အုပ်စုတည်းကျနေတဲ့ ယူရို ၂၀၂၀ အုပ်စုတွေထွက်ပေါ်လာ

November 30, 2019 Zayar Phyo Han 0

photo-gettyimages photo-gettyimages မဲခွဲပွဲအပြီးမှာ ယူရို ၂၀၂၀ ပြိုင်ပွဲကြီးအတွက် အုပ်စုတွေထွက်ပေါ်လာပြီဖြစ်ရာ ဗိုလ်စွဲဖူးကြတဲ့ ပေါ်တူဂီ၊ဂျာမနီနဲ့ပြင်သစ်တို့အသင်းကြီး ၃ သင်းစလုံး တစ်အုပ်စုတည်း ကျရောက်နေကြပါတယ်။ လက်ရှိချန်ပီယံပေါ်တူဂီဟာ မရဏအုပ်စုဖြစ်သွားတဲ့ အုပ်စု(F)မှာ လက်ရှိကမ္ဘာ့ချန်ပီယံပြင်သစ်၊အစဉ်အလာကောင်းရှိခဲ့တဲ့ ဂျာမနီတို့နဲ့ ရင်ဆိုင်ရမှာမို့ သူတို့အတွက် ချန်ပီယံကာကွယ်ရေးဟာ စကတည်းက ခက်ခဲကြမ်းတမ်းတော့မှာပါ။ သူတို့ ၃ သင်းနဲ့အတူ […]

အသင်းနိုင် ကြေးရှုံးဖြစ်သွားပေမယ့် စံချိန်ကောင်း လိုက်မီနိုင်ခဲ့တဲ့ လီဗာပူး (လီဗာပူး ၂-၁ ဘရိုက်တန်)

November 30, 2019 phyo 0

Photo Credit အမှတ်ပေးဇယားထိပ်ဆုံးကနေ ပြေးနေတဲ့ လီဗာပူးဟာ ဒီပွဲမှာလည်း ဘရိုက်တန်ကို ဆက်လက်အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းရှုံးပွဲမရှိအရှည်ကြာဆုံံးစံချိန်ကို လိုက်မီနိုင်ခဲ့ပြီး အစောပိုင်းမှာ လက်ရှိချန်ပီယံ စီးတီးရဲ့ခြေချော်မှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဂိုးသမား အဲလစ်ဆန် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရလို့ နောက်ပိုင်းမိနစ်တွေမှာ အသည်းအသန်ကစားခဲ့ရပါတယ်။ အစောပိုင်းမှာ လက်ရှိချန်ပီယံစီးတီးက နယူးကာဆယ်နဲ့ ၂-၂ […]

ဖာဂူဆန်နဲ့အာစင်ဝင်းဂါးတို့လို အသင်းတစ်သင်းမှာ အနှစ် ၂၀ လောက်မင်းမူဖို့ မဖြစ်နိုင်တော့ဘူး…

November 30, 2019 admin 0

ဒီနေ့ခေတ်ဘောလုံးနည်းပြတွေဟာ ဆာအဲလက်စ်ဖာဂူဆန်နဲ့အာစင်ဝင်းဂါးတို့လို အသင်းတစ်သင်းမှာ အနှစ် ၂၀ လောက်မင်းမူဖို့ မဖြစ်နိုင်တော့ဘူးလို့ ဟိုဆေးမော်ရင်ညိုက ပြောဆိုလိုက်ပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်နည်းပြတွေဟာ လက်ရှိအချိန်မှာ သူတို့အလုပ်တည်မြဲရေးအတွက် နေ့တိုင်းတိုက်ပွဲဝင်ရမယ်လို့လည်း စပါးနည်းပြက ဖွင့်ဟသွားပါတယ်။ စပါးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့ပြီး ၆လအကြာမှာတင် ထုတ်ပယ်ခံလိုက်ရတဲ့ ပိုချက်တီနိုနေရာကို ချဲလ်ဆီးနဲ့မန်ယူနည်းပြဟောင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကမှ အစားထိုးဝင်ရောက်လာသူပါ။ပြီးခဲ့တဲ့ သောကြာနေ့မှာလည်း ပရီးမီးယားလိဂ်ရဲ့နောက်ထပ်နာမည်ကြီးနည်းပြတစ်ဦးဖြစ်တဲ့ […]

အမှတ်ခွဲယူခဲ့ရပေမယ့် အသင်းရဲ့စွမ်းဆောင်မှုအပေါ် ဂွါဒီယိုလာကျေနပ်

November 30, 2019 admin 0

နယူးကာဆယ်နဲ့အမှတ်ခွဲယူခဲ့ရပေမယ့် သူ့အသင်းရဲ့စွမ်းဆောင်မှုအတွက် ပျော်ရွှင်မိတယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက ဖွင့်ဟလိုက်ပါတယ်။စိန့်ဂျိမ်းပါ့ခ်ကပွဲစဉ်မှာ မန်စီးတီးဟာ ဒီဘရူနီရဲ့ ၈၂မိနစ်ဂိုးနဲ့ ကပ်နိုင်ဖို့အခြေအနေပေးခဲ့ပေမယ့် ရှယ်ဗေးရဲ့ ၂၅ကိုက်အကွာကကန်ချက်ဟာ စတိဗရုစ်ရဲ့အသင်းအတွက် ၁မှတ်ဖြစ်စေခဲ့ပါတယ်။ဒီပွဲသရေကျလိုက်တာကြောင့် လက်ရှိချန်ပီယံမန်စီးတီးဟာ ဘရိုက်တန်ကိုသာ လီဗာပူးအနိုင်ရရင် ဂျာဂင်ကလော့ပ်ရဲ့အသင်းနဲ့ ၁၁မှတ်ပြတ်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဂွါဒီယိုလာကတော့ သူ့အသင်းရဲ့စွမ်းဆောင်မှုဟာ ၃မှတ်နဲ့ထိုက်တန်ခဲ့တယ်လို့ ပြောဆိုလိုက်တာပါ။” ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာ ကျွန်တော်တို့ကစားနိုင်ခဲ့ပါတယ်။ရွေ့လျားမှုတွေ […]

လီဗာပူးကွင်းလယ်လူဟောင်း ရှယ်လ်ဗေးရဲ့ဂိုးကြောင့် နိုင်ပွဲပျောက်သွားတဲ့ စီးတီး (နယူးကာဆယ် ၂-၂ စီးတီး ပွဲပြီးမြင်ကွင်းကျယ်)

November 30, 2019 phyo 0

Photo Credit   Photo Credit အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့အမှတ်ကွာဟနေမှုကို ကျဉ်းမြောင်းစေဖို့ ကြိုးစားနေတဲ့ စီးတီးဟာ ဒီပွဲမှာတော့ နယူးကာဆယ်အသင်းရဲ့တုံ့ပြန်အားကြောင့် အမှတ်လျော့ကျသွားပြီး ချန်ပီယံသရဖူကာကွယ်နိုင်ရေး မျှော်လင့်ချက်လည်း ပိုမိုနည်းပါးသွားပါတယ်။ Photo Credit နယူးကာဆယ်အသင်းက ၅-၄-၁ ပုံစံနဲ့ ခံစစ်ပိတ်ကစားသွားပေမယ့် စီးတီးအသင်း အပိုင်အခွင့်အရေးတွေအများအပြားရခဲ့ပြီး အထူးသဖြင့် […]

ဒီတစ်ကြိမ် Ballon d’Or ဆုပေးပွဲကိုလည်း တက်ရောက်ဖို့ စီရော်နယ်ဒိုငြင်းဦးမှာလား

November 30, 2019 Zayar Phyo Han 0

photo-gettyimages photo-sportbible ဒီနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို မက်ဆီရရှိလိမ့်မယ်လို့ သတင်းပေါက်ကြားမှုတွေကြားမှာ ဒီတစ်ကြိမ်မှာလည်း Ballon d’Or ဆုပေးပွဲကို ကာလရှည်ပြိုင်ဘက်ဖြစ်သူ စီရော်နယ်ဒိုတက်ရောက်ဖို့ ငြင်းဆန်နိုင်တယ်ဆိုတဲ့အသံတွေ ထွက်ပေါ်လာပါတယ်။ ဒီနှစ်ရဲ့ Ballon d’Or ဆုပေးပွဲကို လာမယ့်ဒီဇင်ဘာ ၂ ရက်နေ့(တနင်္လာနေ့) ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ခမ်းခမ်းနားနားကျင်းပသွားမှာပါ။အခုအပတ်အစောပိုင်းတုန်းက […]

ဉာဏ်ကောင်းတဲ့ဘောကောက်ကောင်လေးကို အသင်းသားတွေနဲ့နေလည်စာစားဖို့ ဖိတ်ခဲ့တဲ့ မော်ရင်ဟို

November 30, 2019 Zayar Phyo Han 0

photo-sport bible photo-tottenham စပါးနည်းပြမော်ရင်ဟိုဟာ ကြားရက်ချန်ပီယံလိဂ်ပွဲတုန်းက အလျင်အမြန်စဉ်းစားပြီး အသင်းကိုအကူအညီပေးနိုင်ခဲ့တဲ့ ဘောကောက်ကောင်လေးကို အသင်းသားတွေနဲ့ နေ့လည်စာစားဖို့ ဖိတ်ခဲ့ပြီး သူ့ရဲ့သူရဲကောင်းဆန်တဲ့အပြုအမူအတွက် ပြန်လည်ချီးမြှောက်ခဲ့တာပါ။ ၁၅ နှစ်အရွယ် စပါးအသင်းဘောကောက်ကောင်လေးဟာ အိုလံပီယာကို့စ်ကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်တုန်းက အသင်းရှုံးနေချိန်မှာ အရေးပါတဲ့ဘောလုံးပစ်ပေးမှုပြုလုပ်ခဲ့တာပါ။ photo-gettyimages ၁-၂ ဂိုးနဲ့ ရှုံးနေချိန်ဖြစ်တဲ့ အဲဒီပွဲရဲ့ဒုတိယပိုင်းပြန်အစ ၄ မိနစ်မှာ […]

ဝီလျံနေရာမှာအစားထိုးဖို့ ဇာဟာနဲ့ဆန်ချိုတို့ကို ချဲလ်ဆီးလျာထားနေ

November 30, 2019 admin 0

လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းပြည့်မယ့် ဘရာဇီးတောင်ပံကစားသမားဝီလျံနေရာမှာ ပဲလေ့စ်ကဇာဟာနဲ့ဒေါ့တ်မန်ကဆန်ချိုတို့ကို ချဲလ်ဆီးလျာထားနေတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာ ဝီလျံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ဘာစီလိုနာနဲ့ဂျူဗင်တပ်အပါအဝင် ဥရောပထိပ်သီးအသင်းအချို့က စောင့်ကြည့်နေကြပါတယ်။ကစားသမားဘက်က လန်ဒန်ကလပ်နဲ့စာချုပ်သက်တမ်းမတိုးရင် မက်လောက်စရာ လစာငွေပေးပြီးခေါ်ယူဖို့လည်း အသင့်ရှိနေကြတယ်လို့ သတင်းထွက်နေပါတယ်။ ချဲလ်ဆီးကို လမ်းပတ်ရောက်လာတဲ့နောက် အကောင်းဆုံးပုံစံပြန်ရလာတဲ့ ဝီလျံအနေနဲ့ကလည်း စာချုပ်သက်တမ်းနောက်ဆုံး ၆လထဲရောက်လာပြီဖြစ်လို့ အခြားအသင်းတွေနဲ့ကြိုတင်ဆွေးနွေးခွင့်ရနေပါပြီ။ဒါ့အပြင် ချဲလ်ဆီးရဲ့အပြောင်းအရွှေ့ပေါ်လစီအရလည်း အသက် ၃၀ကျော် […]

မန်စီးတီးနဲ့စာချုပ်သစ်အတွက် ဂွါဒီယိုလာလမ်းဖွင့်ပေးလိုက်

November 30, 2019 admin 0

မန်စီးတီးနည်းပြဂွါဒီယိုလာက သူ့ရဲ့အီတီဟတ်အနာဂါတ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဂွါဒီယိုလာနဲ့မန်စီးတီးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၁ခုနှစ်အထိရှိနေပါတယ်။ဒါပေမဲ့ စပိန်သားဟာ အသင်းတစ်သင်းကို ၅နှစ်ထက်ပိုပြီးကိုင်တွယ်လေ့မရှိတာကြောင့် သက်တမ်းကုန်ချိန်မှာ မန်စီးတီးကိုစွန့်ခွာသွားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။ လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာက အီတီဟတ်မှာ သူ သက်သောင့်သက်သာရှိနေတယ်လို့ဖွင့်ဟလိုက်ပြီး စာချုပ်သစ်ကိစ္စကိုလမ်းဖွင့်ပေးလိုက်တာပါ။တကယ်လို့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ရင်တော့ ဘာစီလိုနာကို ၄ရာသီ၊ဘိုင်ယန်မြူးနစ်ကို ၃ရာသီ တာဝန်ယူခဲ့တဲ့ သူ့ရဲ့နည်းပြသက်တမ်းမှာ ၂၀၁၆ ကတည်းက […]

ဆေးလ်ဗားကိုပါနည်းပြအဖွဲ့မှာအားဖြည့်ဖို့ ယွန်းဘတ်စီစဉ်နေ

November 30, 2019 admin 0

အာဆင်နယ်အသင်းကိုယာယီတာဝန်ယူနေတဲ့ ယွန်းဘတ်ဟာ အသင်းရဲ့ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ ဂီလ်ဘာတိုဆေးလ်ဗားကို နည်းပြအဖွဲ့ထဲခေါ်ယူအားဖြည့်ဖို့ စီစဉ်နေတယ်လို့သိရပါတယ်။ယွန်းဘတ်နဲ့ဆေးလ်ဗားဟာ အာဆင်နယ်အသင်းရဲ့အတောက်ပဆုံးရာသီဖြစ်ခဲ့တဲ့ ၂၀၀၃-၀၄ရာသီမှာ အတူတွဲကစားခဲ့ကြသူတွေပါ။ဆေးလ်ဗားဟာ ၂၀၀၂ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့သလို ၂၀၁၆ ခုနှစ်မှာ ဂရိကလပ်ပါနာသီနာကော့စ်ရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အာဆင်နယ်ကစားသမားဘ၀ စတင်ခဲ့တဲ့ ယွန်းဘတ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆု ၂ကြိမ်၊အက်ဖ်အေဖလားချန်ပီယံဆု ၂ကြိမ် […]