နောက်ဆုံးသွင်းဂိုး ၂ ဂိုးကြောင့် ကလပ်ဂိုးအရေအတွက်မှာ စီရော်နယ်ဒိုကို မက်ဆီကျော်တက်

October 30, 2019 Zayar Phyo Han 0

photo-gettyimages photo-gettyimages ဘာစီလိုနာအတွက် သူ့ရဲ့နောက်ဆုံးသွင်းဂိုး ၂ ဂိုးကြောင့် မက်ဆီဟာ ကလပ်သွင်းဂိုးအရေအတွက်မှာ ပထမဆုံးအကြိမ်အဖြစ် စီရော်နယ်ဒိုကို ကျော်တက်သွားပါတယ်။ တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ စံချိန်မှတ်တမ်းတွေအတွက် မက်ဆီနဲ့စီရော်နယ်ဒိုတို့ကြားက ပြိုင်ဆိုင်မှုဟာ ဘောလုံးလောကကို စိုးမိုးထားတာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပြီဖြစ်ပါတယ်။ အခုတော့ ဗယ်လာဒိုးလစ်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးနဲ့အတူ ကလပ်သွင်းဂိုးအရေအတွက်မှာ စီရော်နယ်ဒိုထက် ရှေ့ရောက်သွားခဲ့ပါပြီ။ photo-gettyimages မက်ဆီအနေနဲ့ […]

၂၀၁၉ အတွင်း သွင်းဂိုးနဲ့ဂိုးဖန်တီးမှု စုစုပေါင်း အရေအတွက်မှာ မက်ဆီထက်ပိုများတဲ့ စတာလင်း

October 30, 2019 Zayar Phyo Han 0

photo-givemesport photo-gettyimages ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်အဖြစ် စတာလင်းရဲ့တိုးတက်ပြောင်းလဲလာမှုဟာ ဂွါဒီယိုလာရဲ့နည်းပြဘဝမှာ အကောင်းဆုံးအောင်မြင်မှုတွေထဲက တစ်ခုဖြစ်လာခဲ့ပါပြီ။ မန်စီးတီးကို အဲဒီစပိန်သားနည်းပြရောက်လာတုန်းက စတာလင်းဟာ ကျောက်ရိုင်းတုံးအဆင့်သာရှိသေးတဲ့ တောင်ပံကစားသမားတစ်ယောက်ဖြစ်ပြီး ပုံမှန်တောင် အဆုံးမသတ်နိုင်သူဖြစ်ပါတယ်။ အခုတော့ အသက် ၂၄ နှစ်အရွယ် အဲဒီအင်္ဂလန်သားဟာ ကမ္ဘာပေါ်က အကောင်းဆုံးအဆုံးသတ်သမားတွေထဲက တစ်ယောက်ဖြစ်နေပါပြီ။ photo-gettyimages သူဟာ […]

ဘောလုံးနဲ့ ကျော်ဖြတ်နိုင်မှုမှာ တွန်မီနေးက ဆာလာနဲ့ မာနေးတို့ထက်ပိုများ

October 30, 2019 kyaw kyaw Han 0

မန်ယူကစားသမား တွန်မီနေးဟာ ကွင်းလယ်လူဖြစ်ပေမယ့် ဒီရာသီပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ကိုဘောလုံးနဲ့ အတူ လှည့်စားကျော်ဖြတ်နိုင်မှု အများဆုံးကစားသမားအဖြစ် ၁၅ ကြိမ်နဲ့ရပ်တည်နေတယ်လို့ သိရပါတယ်။ စကော့တလန်လက်ရွေးစင်ဖြစ်တဲ့ တွန်မီနေးဟာ မန်ယူရဲ့အဓိက ကစားသမားအဖြစ်လည်း ရပ်တည်နေသူပါ။ အသက် ၂၂ နှစ်သာရှိသေးတဲ့ တွန်မီနေးဟာ ဒီရာသီမန်ယူရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းပါဝင်ကစားရသူလည်းဖြစ်ပါတယ်။ သူဟာ ကွင်းလယ်မှာ မလိုအပ်တဲ့ […]

အကောင်းဆုံးနည်းပြ ဆန်ခါတင် ၅ ဦးစာရင်းမှာ ဂွာဒီယိုလာကျန်ရစ်ခဲ့

October 30, 2019 kyaw kyaw Han 0

Globe Soccer Awards ရဲ့ ၂၀၁၉ အတွက်အကောင်းဆုံးနည်းပြ ဆန်ခါတင် ၅ ဦးစာရင်းမှာ ပြီးခဲ့တဲ့ ရာသီကမန်စီးတီးကို ပြည်တွင်းဆုဖလား ၃ လုံးရယူပေးနိုင်ခဲ့တဲ့ ဂွာဒီယိုလာ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ Globe Soccer Awards အခမ်းအနားကို လာမယ့် ဒီဇင်ဘာ ၂၉ ကျရင် ယူအေအီးနိုင်ငံ […]

ကာကာကို အဝါကတ်ပြပြီးနောက် အဲဒီဘရာဇီးန္ထဝင်နဲ့ ဆယ်လ်ဖီဆွဲခဲ့တဲ့ ကွင်းလယ်ဒိုင်

October 30, 2019 Zayar Phyo Han 0

photo-foxsportasia photo-social media ဘယ်လိုပြောရမလဲဆိုတော့ ဒါဟာ ဘောလုံးမှာ ပထမဆုံးအကြိမ်လို့ပဲ ဆိုရမယ်။ ရန်ပုံငွေပွဲတစ်ပွဲမှာ ကွင်းလယ်ဒိုင်တစ်ယောက်ဟာ ဘရာဇီးဂန္ထဝင်ကာကာနဲ့ ဆယ်လ်ဖီ(selfie) ဆွဲခွင့်ရရေးအတွက် အဲဒီအေစီမီလန်ကစားသမားဟောင်းကို အဝါကတ်ပြခဲ့တယ်ဆိုတာပါ။ ဘောလုံးပွဲတစ်ပွဲမှာ ဒါမျိုးတစ်ခါမှတောင် မကြုံဖူးပါဘူး။ photo-gettyimages အေစီမီလန်နဲ့ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ကာကာဟာ အစ္စရေးမှာ ငြိမ်းချမ်းရေးအတွက် ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲတစ်ပွဲမှာ ဘရာဇီးအင်္ကျီနဲ့ဝတ်ဆင်ကစားခဲ့သလို ၄-၂ အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ […]

ပထမပိုင်းနဲ့သာ ပွဲဖြတ်မယ်ဆိုရင် အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ပူးတွဲဦးဆောင်နိုင်မယ့် မန်ယူ

October 30, 2019 Zayar Phyo Han 0

photo-the sun photo-gettyimages မန်ယူဟာ အမှတ်ပေးဇယားရဲ့ဒုတိယနေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ရမှတ်တူဖြစ်နေကာ မြို့ခံပြိုင်ဘက်မန်စီးတီးရဲ့အထက်မှာ ရပ်တည်နေပါတယ်။ ဒီရာသီပရီးမီးယားလိဂ်ပွဲတွေကို ပထမပိုင်းရလဒ်နဲ့သာ အဆုံးသတ်မယ်ဆိုရင်ပေ့ါလေ။ လက်ရှိမှာတော့ ဆိုးလ်ရှားရဲ့အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၇ နေရာရောက်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၁၅ မှတ်တောင်ကွာနေကာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့လည်း ၇ […]

မန်ယူလူငယ်တွေလည်း အရည်အသွေးပြည့်ပါတယ်လို့ လမ်းပတ်တုံ့ပြန်

October 30, 2019 kyaw kyaw Han 0

ချဲလ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က မကြာသေးခင်က မန်ယူနည်းပြ ဆိုးလ်ရှားရဲ့မှတ်ချက်ကို ပြန်လည်တုံ့ပြန်လိုက်ပြီး မန်ယူအသင်းရဲ့လူငယ်တွေဟာလည်း အရည်အသွေးပြည့်၀ ကြပါတယ်လို့ ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးနဲ့ မန်ယူတို့ဟာဒီကနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လိဂ်ဖလား ၁၆ သင်းအဆင့်အဖြစ် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ မနေ့တုန်းက မန်ယူနည်းပြဆိုးလ်ရှားက ချဲလ်ဆီးလူငယ်တွေခြေစွမ်းပြနေတာကို ချီးကျူ းခဲ့ပြီး ချဲလ်ဆီးဟာအရင်ကအငှားချတဲ့စနစ်ကြောင့် သူတို့လူငယ်တွေဟာခြေစွမ်းပိုကောင်းလာသလို အတွေ့အကြုံလည်း ရင့်ကျက်လာကြတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ […]

ပြိုင်ဘက်နည်းပြ မာရာဒိုနာကို ဘုရင်တစ်ပါးလိုကြို ဆိုခဲ့တဲ့ နယူးဝဲလ်အိုးဘွိုင်း

October 30, 2019 kyaw kyaw Han 0

အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာဟာ သူ့ကိုင်တွယ်နေတဲ့ ဂျင်နာစီယာ အသင်းနဲ့ နယူးဝဲလ်အိုးဘွိုင်းကို သွားရောက်ရင်ဆိုင်ခဲ့ရာမှာ ဘုရင်တစ်ပါးလိုကြိုဆိုခံခဲ့ရတယ်လို့ သိရပါတယ်။ မာရာဒိုနာဟာ ၁၉၉၃ တုန်းက နယူဝဲလ်အိုးဘွိုင်း မှာ ၅ ပွဲသာကစားခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနားပထမတန်းပွဲစဉ်အဖြစ် ဂျင်နာစီယာကို ဦးဆောင်ပြီးလာရောက်ယှဉ်ပြိုင်ခဲ့ရာမှာ နယူဝဲလ်အိုးဘွိုင်း ကသူ့ကို ဘုရင်တစ်ပါးလိုကြိုဆိုခဲ့ပြီး ကွင်းအတွင်းမှာ အရန်ခုံတန်းကမကြည့်စေဘဲ […]

၅၀ မြောက်ဖရီးကစ်ဂိုး၊ ကမ္ဘာ့အဆင့်ဂိုးဖန်တီးမှုတို့နဲ့ ဗယ်လာဒိုးလစ်နဲ့ပွဲက မှော်ဆန်တဲ့မက်ဆီ

October 30, 2019 Zayar Phyo Han 0

photo-gettyimages photo-reuters ဘာစီလိုနာအသင်းကို အမှတ်ပေးဇယားထိပ်ပြန်ရောက်စေခဲ့တဲ့ ဗယ်လာဒိုးလစ်နဲ့အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲမှာ မက်ဆီဟာ ၂ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးနိုင်ခဲ့တာပါ။ ဘာစီလိုနာအတွက် ပြိုင်ပွဲအရပ်ရပ် ၇ ပွဲဆက်အနိုင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ ဒဏ်ရာကနေ မက်ဆီပြန်ကောင်းလာပြီးကတည်းက ပြိုင်ပွဲအရပ်ရပ် တောက်လျှောက်ကို နိုင်ပွဲဆက်ခဲ့တာပါ။ အခုလည်း မက်ဆီရဲ့မှော်ဆန်တဲ့ခြေစွမ်းနဲ့အတူ ဗယ်လာဒိုးလစ်ကို ပွဲချိန်အစောပိုင်း […]

သူ့သဘောအတိုင်းဆို လက်ရွေးစင်နဲ့ချန်ပီယံလိဂ်ပွဲတွေပဲကစားချင်တယ်လို့ စီရော်နယ်ဒိုဖွင့်ဟ

October 29, 2019 Zayar Phyo Han 0

photo-gettyimages photo-marca စီရော်နယ်ဒိုက သူ့သဘောအတိုင်းဆို ပေါ်တူဂီအသင်းပွဲတွေနဲ့ ချန်ပီယံလိဂ်ပွဲတွေလို အရေးပါတဲ့ပွဲတွေကိုသာ ကစားလိုကြောင်း ဖွင့်ဟပြေကြားလိုက်ပါတယ်။ အဲဒီပေါ်တူဂီစူပါစတားဟာ ကစားသမားဘဝရဲ့နှောင်းပိုင်းကာလထဲကို စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ကလပ်အသင်းဂျူဗင်တပ်ကလည်း သူ့ရဲ့အသက်အရွယ်အရ စီရော်နယ်ဒိုကို သိပ်ပြီးအရေးမပါဘူးလို့ထင်ရတဲ့ပွဲတွေမှာ အသုံးမပြုတော့ဘဲ အနားပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ photo-PA သူကိုယ်တိုင်ကလည်း ဂျူဗင်တပ်ရဲ့ပွဲစဉ်တိုင်းကို မကစားချင်တော့ဘူးဆိုတာကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အရေးပါတဲ့ပွဲတွေကသာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်မှာလို့ […]