MSG အသက်ဝင်လာပြီလို့ ပြောချင်တာလား ဂရေ့ဇ်မန်း

PC ; Internet

ဘာစီလိုနာတိုက်စစ်မှူးဂရေ့ဇ်မန်းက သူ့ရဲ့တိုက်စစ်မဟာမိတ်တွေဖြစ်တဲ့ မက်ဆီ၊ဆွာရက်ဇ်တို့နဲ့ နားလည်မှုပိုကောင်းလာပြီလို့ ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။အီဘာကို ၃ဂိုးပြတ်အနိုင်ရတဲ့ အဝေးကွင်းပွဲစဉ်မှာ ဘာစီလိုနာတိုက်စစ်မှူး ၃ဦးလုံးဂိုးသွင်းနိုင်ခဲ့သလို တစ်ဦးနဲ့တစ်ဦးလည်း ဖန်တီးပေးပို့မှုတွေလုပ်နိုင်ခဲ့ကြပါတယ်။အက်သလက်တိုက်စစ်မှူးဟောင်းကိုယ်တိုင် ၁၃မိနစ်မှာ လန်ဂလက်ဖန်တီးပေးတာကနေ ဘာကာအတွက် အဖွင့်ဂိုးသွင်းနိုင်ခဲ့ပြီး မက်ဆီ ဂိုးသွင်းနိုင်ဖို့ ၅၈မိနစ်မှာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

PC ; Internet

ပြီးတော့ အာဂျင်တီးနားတိုက်စစ်မှူးက ဆွာရက်ဇ် ပွဲသိမ်းဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့ပြန်ပါတယ်။လက်ရှိအနေအထားဟာ ဘာစီလိုနာရဲ့တိုက်စစ်အတွက် MSG အတွဲအသက်ဝင်လာပြီလို့ဆိုနိုင်သလို ယူရို သန်း ၁၂၀တန် ဂရေ့ဇ်မန်းအတွက်လည်း အသင်းသစ်မှာဖိအားတွေလျော့ပါးစေခဲ့တာပါ။

PC ; Internet

“ အဆိုးရွားဆုံးအခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။တစ်နေ့ထက်တစ်နေ့ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာတဲ့အတွက် ပိုကောင်းတာတွေလုပ်နိုင်တော့မှာပါ။ပထမဂိုးလိုပေါ့။အီဘာဟာ အမြင့်ဘောတွေနဲ့ဖိအားပေးတတ်တယ်၊တကယ်လို့ ကွင်းဘေးစည်းနားမှာသာ ငါ့ကိုမြင်ရင် ဘောလုံးရောက်အောင်သာပို့ပေတော့ လို့ လန်ဂလက်ကိုပြောထားတယ်။သူကလည်း ပြောတဲ့အတိုင်းလုပ်နိုင်ခဲ့တာကြောင့် ၁-၀ စဖြစ်ခဲ့တာပါ။နိုင်ငံတကာသီတင်းပတ်အပြီးမှာ အဝေးကွင်းနိုင်ပွဲရဖို့ အမြဲတမ်းခက်ပါတယ်။ဒါကြောင့် အခု ၃မှတ်က သိပ်အရေးပါ ပါတယ်။အခုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ်ပွဲအတွက် စဉ်းစားနေပါပြီ ” လို့ ဂရေ့ဇ်မန်းက ဖွင့်ဟသွားတာပါ။

(zawgyi)

ဘာစီလိုနာတိုက္စစ္မွဴးဂေရ႕ဇ္မန္းက သူ႔ရဲ႕တိုက္စစ္မဟာမိတ္ေတြျဖစ္တဲ့ မက္ဆီ၊ဆြာရက္ဇ္တို႔နဲ႔ နားလည္မႈပိုေကာင္းလာၿပီလို႔ ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။အီဘာကို ၃ဂိုးျပတ္အႏိုင္ရတဲ့ အေ၀းကြင္းပြဲစဥ္မွာ ဘာစီလိုနာတိုက္စစ္မွဴး ၃ဦးလံုးဂိုးသြင္းနိုင္ခဲ့သလို တစ္ဦးနဲ႔တစ္ဦးလည္း ဖန္တီးေပးပို႔မႈေတြလုပ္ႏိုင္ခဲ့ၾကပါတယ္။အက္သလက္တိုက္စစ္မွဴးေဟာင္းကိုယ္တိုင္ ၁၃မိနစ္မွာ လန္ဂလက္ဖန္တီးေပးတာကေန ဘာကာအတြက္ အဖြင့္ဂိုးသြင္းႏိုင္ခဲ့ၿပီး မက္ဆီ ဂိုးသြင္းႏိုင္ဖို႔ ၅၈မိနစ္မွာ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ၿပီးေတာ့ အာဂ်င္တီးနားတိုက္စစ္မွဴးက ဆြာရက္ဇ္ ပြဲသိမ္းဂိုးသြင္းႏိုင္ဖို႔ ဖန္တီးေပးႏိုင္ခဲ့ျပန္ပါတယ္။လက္ရွိအေနအထားဟာ ဘာစီလိုနာရဲ႕တိုက္စစ္အတြက္ MSG အတြဲအသက္၀င္လာၿပီလို႔ဆိုႏိုင္သလို ယူရို သန္း ၁၂၀တန္ ဂေရ႕ဇ္မန္းအတြက္လည္း အသင္းသစ္မွာဖိအားေတြေလ်ာ့ပါးေစခဲ့တာပါ။“ အဆိုးရြားဆံုးအေျခအေနေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ပါၿပီ။တစ္ေန႔ထက္တစ္ေန႔ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိလာတဲ့အတြက္ ပိုေကာင္းတာေတြလုပ္နိုင္ေတာ့မွာပါ။ပထမဂိုးလိုေပါ့။အီဘာဟာ အျမင့္ေဘာေတြနဲ႔ဖိအားေပးတတ္တယ္၊တကယ္လို႔ ကြင္းေဘးစည္းနားမွာသာ ငါ့ကိုျမင္ရင္ ေဘာလံုးေရာက္ေအာင္သာပို႔ေပေတာ့ လို႔ လန္ဂလက္ကိုေျပာထားတယ္။သူကလည္း ေျပာတဲ့အတိုင္းလုပ္ႏိုင္ခဲ့တာေၾကာင့္ ၁-၀ စျဖစ္ခဲ့တာပါ။ႏိုင္ငံတကာသီတင္းပတ္အၿပီးမွာ အေ၀းကြင္းႏိုင္ပြဲရဖို႔ အၿမဲတမ္းခက္ပါတယ္။ဒါေၾကာင့္ အခု ၃မွတ္က သိပ္အေရးပါ ပါတယ္။အခုေတာ့ ကၽြန္ေတာ္တို႔ ခ်န္ပီယံလိဂ္ပြဲအတြက္ စဥ္းစားေနပါၿပီ ” လို႔ ဂေရ႕ဇ္မန္းက ဖြင့္ဟသြားတာပါ။