El Clasico ပွဲပြန်ကျင်းပမယ့် ရက်ကြောင့် ဘာစီလိုနာအခက်တွေ့နေ

0
370
Photo- Internet
Photo- Internet

လာမယ့် အောက်တိုဘာ ၂၆ ကျရင် နူးကမ့်ကွင်းမှာ ကျင်းပမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ El Clasico ပွဲစဉ်ကို ဒီဇင်ဘာ ၁၈ မှာပြန်လည်ကျင်းပဖို့ ရက်သတ်မှတ်လိုက်တာကြောင့် ဘာစီလိုနာဟာ ပွဲကျပ်တွေနဲ့တောက်လျှောက်ရင်ဆိုင်ရမယ့် အခြေအနေကိုရောက်နေပြီ လို့သိရပါတယ်။

ကာတာလန်ဒေသ ခွဲထွက်ရေးခေါင်းဆောင်တွေကို စပိန်တရားရုံးချုပ်တစ်ခုက ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်ပြီးနောက် ကာတာလန်ဒေသမှာ စပိန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုတွေ လည်းပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် အောက်တိုဘာ ၂၆ မှာကျင်းပမယ့် El Clasico  ကိုပွဲကို လုံခြုံရေးအရ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။

Photo- Internet

စပိန်ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီက လာမယ့် ဒီဇင်ဘာ ၁၈ မှာပြန်လည်ကျင်းပဖို့  နှစ်သင်းစလုံးရဲ့သဘောတူညီချက်နဲ့ ဆုံးဖြတ်လိုက်ပါတယ်။ ပြန်ကျင်းပမယ့် ရက်ကို လာလီဂါအဖွဲ့ချုပ်က သဘောမတူသေးဘဲ အယူခံဝင်မယ်လို့ ကြေညာထားပါတယ်။

Photo- Internet

ဒါပေမယ့် ဒီဇင်ဘာ ၁၈ မှာသာကျင်းပမယ်ဆိုရင်တော့ ဘာစီလိုနာဟာ သေချာပေါက်အခက်တွေ့မှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ နိုဝင်ဘာ ၁၁ မှာဒေါ့မန်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်း၊ ဒီဇင်ဘာ ၁၁ မှာအက်သလက်တီကိုနဲ့ အဝေးကွင်း၊ ဒီဇင်ဘာ ၈ မှာ မာယော့ကာနဲ့ အိမ်ကွင်း၊ ဒီဇင်ဘာ ၁၀ မှာ ချန်ပီယံလိဂ်ပွဲအဖြစ် အင်တာမီလန်နဲ့ အဝေးကွင်း၊ ဒီဇင်ဘာ ၁၅ မှာ ဆိုစီဒက်နဲ့ အဝေးကွင်း၊ ဒီဇင်ဘာ ၁၈ မှာ ရီးရဲလ်မက်ဒရစ်နဲ့ အိမ်ကွင်းကစားရတော့မှာပါ။

Photo- Internet

ဒီလိုသာပွဲကျပ် ကစားရမယ်ဆိုရင် မက်ဆီတစ်ယောက်ကြံခိုင်မှုပြည့်ဝ နေဖို့ကအရမ်းကိုအရေးပါလာမှာပါ။ ဘာစီလိုနာဟာ ဒဏ်ရာကြောင့် မက်ဆီအနားယူနေရချိန်မှာ နိုင်ပွဲရာခိုင်နှုန်းက ၄၀ သာရှိပြီး သူပွဲချိန်ပြည့် ပါဝင်ကစားချိန်မှာတော့ ၁၀၀% အထိနိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo- Internet

 

Zawgyi

El Clasico ပြဲျပန္က်င္းပမယ္႔ ရက္ေၾကာင့္ ဘာစီလိုနာအခက္ေတြ႔ေန

လာမယ္႔ ေအာက္တိုဘာ ၂၆ က်ရင္ ႏူးကမ့္ကြင္းမွာ က်င္းပမယ္႔ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ El Clasico ပြဲစဥ္ကို ဒီဇင္ဘာ ၁၈ မွာျပန္လည္က်င္းပဖို႔ ရက္သတ္မွတ္လိုက္တာေၾကာင့္ ဘာစီလိုနာဟာ ပြဲက်ပ္ေတြနဲ႔ေတာက္ေလွ်ာက္ရင္ဆိုင္ရမယ္႔ အေျခအေနကိုေရာက္ေနၿပီ လို႔သိရပါတယ္။

ကာတာလန္ေဒသ ခြဲထြက္ေရးေခါင္းေဆာင္ေတြကို စပိန္တရားရုံးခ်ဳပ္တစ္ခုက ေထာင္ဒဏ္ျပစ္ဒဏ္ေတြ ခ်မွတ္လိုက္ၿပီးေနာက္ ကာတာလန္ေဒသမွာ စပိန္အစိုးရဆန္႔က်င္ေရး ဆႏၵျပပြဲေတြျဖစ္ေပၚခဲ့ၿပီး အၾကမ္းဖက္မႈေတြ လည္းေပၚေပါက္ခဲ့ပါတယ္။ ဒါေၾကာင့္ ေအာက္တိုဘာ ၂၆ မွာက်င္းပမယ္႔ El Clasico  ကိုပြဲကို လုံၿခံဳေရးအရ ေရႊ႕ဆိုင္းခဲ့တာျဖစ္ပါတယ္။

စပိန္ေဘာလုံးအဖြဲ႔ခ်ဳပ္ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီက လာမယ္႔ ဒီဇင္ဘာ ၁၈ မွာျပန္လည္က်င္းပဖို႔  ႏွစ္သင္းစလုံးရဲ႕သေဘာတူညီခ်က္နဲ႔ ဆုံးျဖတ္လိုက္ပါတယ္။ ျပန္က်င္းပမယ္႔ ရက္ကို လာလီဂါအဖြဲ႔ခ်ဳပ္က သေဘာမတူေသးဘဲ အယူခံ၀င္မယ္လို႔ ေၾကညာထားပါတယ္။

ဒါေပမယ္႔ ဒီဇင္ဘာ ၁၈ မွာသာက်င္းပမယ္ဆိုရင္ေတာ႔ ဘာစီလိုနာဟာ ေသခ်ာေပါက္အခက္ေတြ႔မွာျဖစ္ပါတယ္။ ဘာစီလိုနာဟာ ႏို၀င္ဘာ ၁၁ မွာေဒါ့မန္နဲ႔ ခ်န္ပီယံလိဂ္အိမ္ကြင္း၊ ဒီဇင္ဘာ ၁၁ မွာအက္သလက္တီကိုနဲ႔ အေ၀းကြင္း၊ ဒီဇင္ဘာ ၈ မွာ မာေယာ႔ကာနဲ႔ အိမ္ကြင္း၊ ဒီဇင္ဘာ ၁၀ မွာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ အင္တာမီလန္နဲ႔ အေ၀းကြင္း၊ ဒီဇင္ဘာ ၁၅ မွာ ဆိုစီဒက္နဲ႔ အေ၀းကြင္း၊ ဒီဇင္ဘာ ၁၈ မွာ ရီးရဲလ္မက္ဒရစ္နဲ႔ အိမ္ကြင္းကစားရေတာ႔မွာပါ။

ဒီလိုသာပြဲက်ပ္ ကစားရမယ္ဆိုရင္ မက္ဆီတစ္ေယာက္ႀကံခိုင္မႈျပည့္၀ ေနဖို႔ကအရမး္ကိုအေရးပါလာမွာပါ။ ဘာစီလိုနာဟာ ဒဏ္ရာေၾကာင့္ မက္ဆီအနားယူေနရခ်ိန္မွာ ႏိုင္ပြဲရာခိုင္ႏႈန္းက ၄၀ သာရွိၿပီး သူပြဲခ်ိန္ျပည့္ ပါ၀င္ကစားခ်ိန္မွာေတာ႔ ၁၀၀% အထိႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။