ဧပြီလကတည်းက မန်ယူအသင်းဖော်ဆီ ဘောလုံးထိုးပေးမှုမလုပ်နိုင်သေးတဲ့ ဖရက်ဒ်

photo-mirror football

photo-gettyimages

မန်ယူဟာ ကွင်းလယ်လူဖရက်ဒ်အတွက် ပေါင် ၅၂ သန်းပေးခဲ့စဉ်တုန်းက အများကြီးမျှော်လင့်ထားခဲ့တာပါ။ အဲဒီအချိန်တုန်းက အရင်မန်ယူနည်းပြမော်ရင်ဟိုကလည်း ဖရက်ဒ်ရဲ့ဖန်တီးမှုနဲ့ပေးပို့မှုအမြင်က အသင်းရဲ့ကစားပုံအတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့ ပြောခဲ့တာပါ။ ဖရက်ဒ်ဟာလည်း ပေါ့ဂ်ဘာနဲ့ လူကာကူတို့ပြီးနောက် မန်ယူရဲ့တတိယဈေးအကြီးဆုံးကစားသမားဖြစ်လာခဲ့တာပါ။

photo-gettyimages

ဒါ့ပေမဲ့ တစ်ရာသီနဲ့နောက်ထပ်နည်းပြတစ်ယောက်သာပြောင်းသွားပေမယ့် အဲဒီဘရာဇီးသားကတော့ မျှော်လင့်ထားသလောက် ဖြစ်မလာသေးပါဘူး။ မန်ယူမှာ ပွဲထွက်နေရာအတွက်တောင် ရုန်းကန်နေရကာ အခုချိန်အထိ အသင်းအတွက် ၂၅ ပွဲသာ ကစားရပါသေးတယ်။ အဲဒီကာလအတွင်းမှာလည်း သူဟာ ဂိုးဖန်တီးမှု တစ်ကြိမ်သာလုပ်နိုင်ပါသေးတယ်။ ပိုပြီးအံ့သြစရာကောင်းတာက သူဟာ ဧပြီလနောက်ပိုင်းကတည်းက မန်ယူအသင်းဖော်တွေဆီ အောင်မြင်တဲ့ဘောလုံးထိုးပေးမှုမလုပ်နိုင်သေးဘူး။

photo-mirror football

အဲဒါကို သူနောက်ဆုံးလုပ်နိုင်ခဲ့တာက ဘာစီလိုနာနဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်အိမ်ကွင်းတွေ့ဆုံမှုမှာ ဖြစ်ပါတယ်။ ကွင်းလယ်ကနေ သူ့ရဲ့ဘောလုံးထိုးပေးမှုဟာ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်ရဲ့လမ်းကြောင်းထဲရောက်သွားပေမယ့် အဲဒီအင်္ဂလန်သားက ကောင်းစွာထိန်းနိုင်ခြင်းမရှိလို့ ဘာစီလိုဂိုးသမားတာစတီဂန်ဆီ ရောက်သွားခဲ့ရတယ်။ အဲဒီနောက်ပိုင်းကတည်းက ဖရက်ဒ်ဟာ ကွင်းလယ်ကနေ ဘောလုံးထိုးပေးမှု ၅ ကြိမ်တိုင်ပြုလုပ်ခဲ့ပေမယ့် ဘောလုံးက လိုချင်တဲ့နေရာဆီ မရောက်ခဲ့ဘဲ ပြိုင်ဘက်နောက်ခံလူရဲ့ကြားဖြတ်ရှင်းထုတ်ခြင်း ဒါမှမဟုတ် ဘေးထွက်သွားပါတယ်။

[Zawgyi]

ဧၿပီလကတည္းက မန္ယူအသင္းေဖာ္ဆီ ေဘာလုံးထိုးေပးမႈမလုပ္ႏုိင္ေသးတဲ့ ဖရက္ဒ္

မန္ယူဟာ ကြင္းလယ္လူဖရက္ဒ္အတြက္ ေပါင္ ၅၂ သန္းေပးခဲ့စဥ္တုန္းက အမ်ားႀကီးေမွ်ာ္လင့္ထားခဲ့တာပါ။ အဲဒီအခ်ိန္တုန္းက အရင္မန္ယူနည္းျပေမာ္ရင္ဟိုကလည္း ဖရက္ဒ္ရဲ႕ဖန္တီးမႈနဲ႔ေပးပို႔မႈအျမင္က အသင္းရဲ႕ကစားပုံအတြက္ အေထာက္အကူျဖစ္ေစႏိုင္မယ္လုိ႔ ေျပာခဲ့တာပါ။ ဖရက္ဒ္ဟာလည္း ေပါ့ဂ္ဘာနဲ႔ လူကာကူတုိ႔ၿပီးေနာက္ မန္ယူရဲ႕တတိယေစ်းအႀကီးဆုံးကစားသမားျဖစ္လာခဲ့တာပါ။

ဒါ့ေပမဲ့ တစ္ရာသီနဲ႔ေနာက္ထပ္နည္းျပတစ္ေယာက္သာေျပာင္းသြားေပမယ့္ အဲဒီဘရာဇီးသားကေတာ့ ေမွ်ာ္လင့္ထားသေလာက္ ျဖစ္မလာေသးပါဘူး။ မန္ယူမွာ ပြဲထြက္ေနရာအတြက္ေတာင္ ရုန္းကန္ေနရကာ အခုခ်ိန္အထိ အသင္းအတြက္ ၂၅ ပြဲသာ ကစားရပါေသးတယ္။ အဲဒီကာလအတြင္းမွာလည္း သူဟာ ဂိုးဖန္တီးမႈ တစ္ႀကိမ္သာလုပ္ႏိုင္ပါေသးတယ္။ ပိုၿပီးအံ့ၾသစရာေကာင္းတာက သူဟာ ဧၿပီလေနာက္ပိုင္းကတည္းက မန္ယူအသင္းေဖာ္ေတြဆီ ေအာင္ျမင္တဲ့ေဘာလုံးထုိးေပးမႈမလုပ္ႏိုင္ေသးဘူး။

အဲဒါကို သူေနာက္ဆုံးလုပ္ႏိုင္ခဲ့တာက ဘာစီလုိနာနဲ႔ ၿပီးခဲ့တဲ့ရာသီခ်န္ပီယံလိဂ္အိမ္ကြင္းေတြ႕ဆုံမႈမွာ ျဖစ္ပါတယ္။ ကြင္းလယ္ကေန သူ႔ရဲ႕ေဘာလုံးထုိးေပးမႈဟာ တိုက္စစ္မႈးရက္ရွ္ဖို႔ဒ္ရဲ႕လမ္းေၾကာင္းထဲေရာက္သြားေပမယ့္ အဲဒီအဂၤလန္သားက ေကာင္းစြာထိန္းႏိုင္ျခင္းမရွိလို႔ ဘာစီလုိဂိုးသမားတာစတီဂန္ဆီ ေရာက္သြားခဲ့ရတယ္။ အဲဒီေနာက္ပိုင္းကတည္းက ဖရက္ဒ္ဟာ ကြငး္လယ္ကေန ေဘာလုံးထိုးေပးမႈ ၅ ႀကိမ္တိုင္ျပဳလုပ္ခဲ့ေပမယ့္ ေဘာလုံးက လိုခ်င္တဲ့ေနရာဆီ မေရာက္ခဲ့ဘဲ ၿပိဳင္ဘက္ေနာက္ခံလူရဲ႕ၾကားျဖတ္ရွင္းထုတ္ျခင္း ဒါမွမဟုတ္ ေဘးထြက္သြားပါတယ္။