ဥရောပကျရှုံးသူအဖြစ်ကနေ ဖင်လန်ဂန္ထဝင်အဖြစ်ဆီသို့…နောဝစ်ချ်တိုက်စစ်မှူးတစ်ဦးရဲ့အနိမ့်အမြင့်၊ အတက်အကျများ

Photo Credit

Photo Credit

ဒေသတွင်းအပြောင်းအလဲတွေပြုလုပ်ဖို့အတွက် အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက် ဖင်လန်ဝန်ကြီးချုပ်က အန့်တီရင်နေးက ပဲရစ်မြို့၊ Elysee Palace ရှိ သူ့ထိုင်ခုံမှထကာ ပြင်သစ်ဝန်ကြီးချုပ် အီမန်နူရယ်မာခရွန်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ ပြီးတော့ လက်ဆောင်တစ်ခုလည်း တစ်ခါတည်းပေးလိုက်သည်။ ထိုလက်ဆောင်က တိုက်စစ်မှူး တီမူပူကီ၏ ဘောလုံးဂျာစီအင်္ကျီဖြစ်သည်။ ယင်းသို့အားဖြင့် လက်ရှိအချိန်တွင် အကောင်းဆုံးပုံစံရရှိနေသည့် နောဝစ်ချ်နှင့်ဖင်လန်တိုက်စစ်မှူး၏ ဂုဏ်သတင်းကျော်စောမှုမှာ ထိပ်တန်းအဆင့်ရှိနိုင်ငံရေးဆွေးနွေးမှုများမှာပင် သဘာဝပတ်ဝန်းကျင်အရေးကြီးကိစ္စများ၊ ကုန်သွယ်စီးပွားရေးကိစ္စများနှင့်အတူ သူ့နာမည်က တစ်တန်းတည်းရှိနေတတ်သည်။ ၂၀၁၈ နွေရာသီက နောဝစ်ချ်သို့ ရောက်လာပြီးချိန်ကတည်းက ကလပ်နှင့်နိုင်ငံလက်ရွေးစင်အသင်းတို့အတွက် ၆၆ပွဲတွင် ၄၄ဂိုးသွင်းယူပေးထားသော ပူကီသည် လက်ရှိကမ္ဘာ့ဘောလုံးလောကအနက် စွမ်းဆောင်ရည်အမြင့်မားဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

Photo Credit

သို့သော် ပူကီလျှောက်လှမ်းခဲ့ရသည်က ပန်းခင်းလမ်းတွေချည်းမဟုတ်ဘဲ ဆူးများအတိပြီးသည့်ခရောင်းလမ်းများကိုလည်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသည်။ ပူကီ၏ဇာတ်လမ်းက ပြောစရာတော့အတော်များသည်။ ဆိုရလျှင် အချိုးအကွေ့၊ အလှည့်အပြောင်းများက မထင်ရင်မထင်သလို ပေါ်ထွက်လာခဲ့သည်။ မွေးရပ်မြေတွက် အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် အသက် ၁၆နှစ်အရွယ်တွင် မွေးရပ်မြေကလပ်အတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့သည်။ ထို့နောက် သူ၏ပထမဆုံးရာသီတွင် ဖင်လန်နိုင်ငံ၏တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ထို့အပြင် ပေါ်တူဂီနိုင်ငံတွင် ကျင်းပခဲ့သည့် ယူ-၁၇ ပြိုင်ပွဲကာလအတွင်း ပူကီက နိုင်ငံတကာကင်းထောက်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

Photo Credit

”အဲဒီအချိန်တုန်းက တစ်ဘက်နောက်တန်းနောက် သူ့ရဲ့ချိန်သားကိုက်ပြေးလွှားမှုတွေက တကယ့်ကိုအံ့အားသင့်စရာကောင်းခဲ့ပါတယ်။ သူဟာ အဲဒီဆယ်ကျော်သက်အရွယ်မှာကတည်းက လက်ရှိအနေအထားမှာရှိတဲ့အရည်အသွေးမျိုးပြသနိုင်ခဲ့ပါတယ်”ဟု အဆိုပါယူ-၁၇ ပြိုင်ပွဲသို့ ချဲလ်ဆီးအသင်းအတွက် လာရောက်ကင်းထောက်ခဲ့သည့် ဖလမ်မင်းဘတ်က ပြောကြားခဲ့သည်။ ဖင်လန်ဘောလုံးလောက၏အငြင်းပွားဖွယ်မရှိ အကြီးကျယ်ဆုံကစားသမားဖြစ်သည့် ဂျာရီလစ်မာနန်လက်သစ်အဖြစ် တင်စားခံခဲ့ရပြီး အသင်းအများအပြားကလည်း ဖင်လန်ဘောလုံးလောက၏နောက်ကြယ်ပွင့်လေးကို ခေါ်ယူဖို့ အသည်းအသန်လိုက်ခဲ့ကြသည်။ ချဲလ်ဆီးအသင်းတွင် ခြေစွမ်းအစမ်းသပ်ခံဖို့ ဖိတ်ကြားခံခဲ့ရပြီး စာချုပ်ချုပ်ဆိုရေးအတွက် ကမ်းလှမ်းခြင်းမခံခဲ့ရသော်လည်း သူ့ကို ခေါ်ယူရန် ဂျူဗင်တပ်စ်နှင့် ဆီဗီလာတို့ကလည်း စိတ်ဝင်စားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ အဆုံးသတ်တွင် ဆီဗီလာအသင်းက ၂၀၀၈ ခုနှစ်အတွင်း သူ့ကို ခေါ်ယူခဲ့သည်။

Photo Credit

ပီကီအနေဖြင့် အသက်အရွယ်ငယ်လွန်းသေးချိန်တွင် မျှော်လင့်ချက်အများအပြားထားရှိခံရခြင်း၏သားကောင်ဖြစ်ခဲ့ရသည်။ အသက် ၁၇နှစ်အရွယ်ကောင်လေးတစ်ယောက်၏မျှော်လင့်ချက်အပြည့်ဖြင့် စပိန်နိုင်ငံ၊ ဆီဗီးလ်မြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုမြို့ရှိ အခန်းငယ်လေးအတွင်း မိခင်ဖြစ်သူနှင့်အတူ နေထိုင်ရင်း ဘာသာစကားမကျွမ်းကျင်သည့်ပြဿနာနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ဆီဗီလာအသင်း၏လူငယ်အသင်းတွင် နှစ်အနည်းငယ်အကြာကစားခဲ့ပြီးနောက် သူ့ကို ခေါ်ယူခဲ့သည့် နည်းပြ ဒီယေဂိုရိုဒရီဂွက်ဇ် ရာထူးမှထုတ်ပယ်ခံခဲ့ရပြီးနောက် ပူကီလည်း အသင်းတွင် ပိုမိုနေရာပျောက်လာခဲ့ရသည်။ ထို့နောက် ပူကီက ၎င်း၏ကစားသမားဘဝကို ပြန်လည်ကယ်တင်နိုင်ရေးအတွက် မွေးရပ်မြေ ဖင်လန်နိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ ဖင်လန်ကလပ် ဟယ်လ်ဆင်ကီအသင်းတွင် တောက်ပသည့်ခြေစွမ်းများ ပြန်လည်ပြသနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းလိဂ်တွင် ထပ်မံအစမ်းသပ်ခံဖို့ အခွင့်အရေးတစ်ခုက ရောက်လာပြန်သည်။ ဒီတစ်ခါတော့ ဘွန်ဒက်စ်လီဂါကလပ် ရှော်လ်ကေးဖြစ်သည်။

Photo Credit

ရှော်လ်ကေးအသင်းအတွက် ပွဲဦးထွက်တွင် ၂ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပူကီမှာ ရှော်လ်ကေးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရေး အထူးရုန်းကန်ခဲ့ရသည်။ ထိုအချိန် သူ့ရှေ့ ဦးစားပေးတိုက်စစ်မှူးများအဖြစ် ရှိခဲ့သည်က စပိန်ဂန္ထဝင်တိုက်စစ်မှူး ရာအူးလ်နှင့် နယ်သာလန်တိုက်စစ်မှူး ဟန်တယ်လာတို့ဖြစ်သည်။ ဟန်တယ်လာဆိုလျှင် သူ၏ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးရာသီတစ်ခုအဖြစ် ၄၈ပွဲကစား၊ ၄၈ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။

Photo Credit ; Getty Images

ထို့နောက် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းသို့ ရောက်ရှိလာပြန်သည်။ သို့သော် စကော့တလန်တွင်လည်း စကော့လိဂ်၏ခန္ဓာကိုယ်ဦးစားပေးကစားဟန်နှင့် စိတ်ကြိုက်မဟုတ်သည့်နေရာတွင် ကစားရခြင်းတို့ကြောင့် ရုန်းကန်ခဲ့ရပြန်သည်။ ”ဆဲလ်တစ်မှာ သူ့အတွက် အဓိကဆိုးရွားတာက ဘယ်တောင်ပံမှာထွက်ကစားခဲ့ရတဲ့အချက်ပါပဲ။ သူဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်မရခဲ့ပါဘူး။ အဲဒါက သူ့အတွက် အကူအညီမဖြစ်ခဲ့ပါဘူး။ သူက ကျောနံပါတ် ၉တိုက်စစ်မှူးဖြစ်ပြီး ရှေ့မှာ ရွေ့လျားမှုကောင်းကောင်းနဲ့ ပြိုင်ဘက်ခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိသူပါ”ဟု ဆဲလ်တစ်နှင့် နောဝစ်ချ်တိုက်စစ်မှူးဟောင်း ခရစ္စဆပ်တန်က ပြောကြားခဲ့သည်။

Photo Credit ; Getty Images

သို့သော် သူ၏အနေအထားကို လက်လွှတ်မခံဘဲ စောင့်ကြည့်နေသူက ဘတ်ဖြစ်ပြီး သူက ထိုအချိန်တွင် ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်းအတွက် ကင်းထောက်အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ”သူ့အတွက် ထူးခြားတာက ရှော်လ်ကေးနဲ့ ဆဲလ်တစ်တို့မှာ ဂိုးတွေအများကြီးမသွင်းနိုင်ခဲ့ပေမယ့် သူပါဝင်ကစားခဲ့တဲ့မိနစ်နဲ့ သူ့သွင်းဂိုးတွေကို ပြန်အချိုးချလိုက်ရင် အဲဒီကလပ်တွေအတွက် အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်”ဟု ဘတ်က သူ့အမြင်ကို ပြောပြသည်။

Photo Credit

အချက်အလက်များကို ပြန်ကြည့်လျှင်လည်း သူ၏မှတ်ချက်က မမှား။ ရှော်လ်ကေးတွင် သူ၏ပျမ်းမျှသွင်းဂိုးအချိုးက လက်ရှိနောဝစ်ချ်အသင်းရှိ သူ၏မှတ်တမ်းနီးပါးလောက်ရှိနေသည်။ ဆဲလ်တစ်အသင်းတွင် သူ၏သွင်းဂိုးက တစ်ပွဲပျမ်းမျှ သွင်းဂိုး ၁ဂိုးနီးပါးအထိပင်ရှိသည်။

Photo Credit

”သူ့အေးဂျင့်ကို ကျွန်တော်သိသလို ခေါ်ယူနိုင်ဖု့ိလည်း ကြိုးစားခဲ့ပါတယ်။ ဘရွန်ဘီအတွက် သူ့ကို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် နောက်ပြန်ဆင်းရမှာမို့လို့လေ။ ဒါပေမဲ့ ဆဲလ်တစ်အသင်းက လက်သင့်ခံခဲ့သလို ပူကီကလည်း ခေါင်းငြိမ့်ခဲ့ပါတယ်”ဟု ဘတ်က ပူကီကို ဘရွန်ဘီအသင်းအတွက် ခေါ်ယူဖြစ်ခဲ့ပုံအား ပြန်ပြောင်းပြောဆိုသည်။

Photo Credit

ဆဲလ်တစ်၊ ရှော်လ်ကေးအသင်းတို့မှတစ်ဆင့် ဘရွန်ဘီသို့ ရောက်လာခြင်းက သူ့အတွက် တစ်ဆင့်ဆင်းခြင်းဖြစ်နိုင်သော်လည်း ထိုအပြောင်းအရွှေ့က ယနေ့ပူကီဖြစ်စေသော အဓိကအချက်ဖြစ်ခဲ့သည်။ ဘရွန်ဘီအသင်းနည်းပြ ဇော်နီဂါက ပူကီအနေဖြင့် အသင်းနှင့်ပိုမိုအံဝင်နိုင်စေရေးအတွက် ခံစစ်ပိုင်းကို ပိုမိုဆင်းကူညီနိုင်ရေးနှင့် ကွင်းလယ်အထိ ဘောလုံးဆင်းယူကစားရန် သင်ကြားပေးခဲ့သည်။

Photo Credit

”ကျွန်တော်က နည်းနည်းအပျင်းကြီးတယ်ထင်တယ်။ ကျွန်တော်က ကစားသမားတစ်ဦးအနေနဲ့ ခံစစ်ပိုင်းတာဝန်တွေ ယူသင့်ပေမယ့်လည်း အရင်ကတော့ အဲဒီလိုမလုပ်ခဲ့ပါဘူး။ အဲဒီအချက်ကိုပဲ နည်းပြကြီ ဇော်နီဂါက အသေအချာသင်ကြားပေးခဲ့ပါတယ်။ ခံစစ်ပိုင်းကို ကျွန်တော် ပိုမိုဆင်းကူကစားချိန်မှာ တစ်ချိန်တည်းလိုလိုပဲ ကျွန်တော့်ရဲ့တိုက်စစ်အသားပေးကစားဟန်လည်း ပိုကောင်းလာပါတယ်”ဟု ပူကီက ယခုနှစ်အစောပိုင်းမှာ ပြောကြားခဲ့သည်။ ထို့နောက် သူသည် ဘရွန်ဘီအသင်းနှင့်အတူ ပြန်လည်ထင်ပေါ်လာပြီး ဘရွန်ဘီအတွက် ပွဲ ၉၀ တွင် ၄၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် အသင်းအများအပြားက သူ့ကို ခေါ်ယူရန် စိတ်ဝင်စားလာပြန်သည်။

Photo Credit

ဘရွန်ဘီအသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုအဆင်မပြေဖြစ်ခဲ့ရပြီးနောက် အသင်းအများအပြားက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။ သို့သော် နောဝစ်ချ်အသင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သည်။ အထူးသဖြင့် Passing အသားပေးကစားဟန်က သူ၏ကစားဟန်နှင့် ကွက်တိဝင်လိမ့်မည်ဟု ပူကီ ခံစားခဲ့ရသည်။

Photo Credit

ယမန်နှစ်ရာသီက ချန်ပီယံရှစ် ၄၃ပွဲတွင် ၂၉ဂိုးအထိသွင်းယူကာ အသင်းကို ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိရန် ဦးဆောင်နိုင်ခဲ့သော ပူကီသည် ယခုရာသီ ပရီးမီးယားလိဂ် ၈ပွဲအပြီးတွင် ၆ဂိုးအထိသွင်းယူထားသည်။ နောဝစ်ချ်အသင်းမှာလည်း ပရီးမီးယားလိဂ်တွင် တန်းမဆင်းရရေးအတွက် ပူကီ၏သွင်းဂိုးများကို အားကိုးနေရသည်။ ပြီးခဲ့သည့်နှစ်အတွင်း ပူကီ၏ခြေစွမ်းမြင့်မားလာမှုက မွေးရပ်မြေဖင်လန်တွင် သူ၏ထင်ပေါ်ကျော်ကြားမှုကို အရှိန်မြှင့်ပေးလိုက်သလိုဖြစ်သွားသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဖင်လန်နေ့စဉ်ထုတ်သတင်းစာများနှင့် မဂ္ဂဇင်းများ၏ ခေါင်းကြီးပိုင်းသတင်းများမှာ ပူကီ၏သတင်းများဖြစ်ခဲ့သလို နောဝစ်ချ်အသင်း တန်းတက်လာခြင်း၊ သူ၏ခြေစွမ်း တိုးတက်လာခြင်းတို့ကြောင့် ဖင်လန်နိုင်ငံရှိ ရုပ်သံချန်နယ်များလည်း အတော်လေးခေါင်းစားခဲ့ရသည်။

Photo Credit

ဖင်လန်နိုင်ငံတွင် လီဗာပူးအသင်းမှာ လူကြိုက်အများဆုံးအသင်းဖြစ်သော်လည်း ပူကီ၏စွမ်းဆောင်ရည်များကြောင့် နောဝစ်ချ်အသင်း၏ပွဲစဉ်များကို တိုက်ရိုက်ပြသပေးရန် တောင်းဆိုမှုများလည်း အလွန်မြင့်မားလာသည်။ ဖင်သည် စနေနေ့က ဘော့စနီးယားနှင့်ကစားခဲ့ရပြီးနောက် အင်္ဂါနေ့တွင် အာမေးနီးယားကို ဧည့်ခံကစားရဦးမည်ဖြစ်သည်။ အသင်းမှာလည်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ရှိနေသည်။ ထို့အပြင် ပူကီသည် ဖင်လန်အသင်း၏ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားသော လစ်မာနန်၏ ၃၂ ဂိုးစံချိန်ကို လိုက်မီရန် ၁၂ဂိုးသာလိုအပ်တော့ရာ သူ၏အသက်အရွယ်နှင့် လက်ရှိပုံစံတို့ကြောင့် ထိုစံချိန်ကို ချိုးဖျက်နိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေသည်။

Photo Credit

Zawgyi

ဥေရာပက်႐ံႈးသူအျဖစ္ကေန ဖင္လန္ဂႏၳ၀င္အျဖစ္ဆီသုိ႔…ေနာ၀စ္ခ်္တုိက္စစ္မွဴးတစ္ဦးရဲ႕အနိမ့္အျမင့္၊ အတက္အက်မ်ား

ေဒသတြင္းအေျပာင္းအလဲေတြျပဳလုပ္ဖို႔အတြက္ အႀကိတ္အနယ္ေဆြးေႏြးခဲ့ၿပီးေနာက္ ဖင္လန္၀န္ႀကီးခ်ဳပ္က အန္႔တီရင္ေနးက ပဲရစ္ၿမိဳ႕၊ Elysee Palace ရွိ သူ႕ထိုင္ခုံမွထကာ ျပင္သစ္၀န္ႀကီးခ်ဳပ္ အီမန္ႏူရယ္မာခရြန္ကို လက္ဆြဲႏႈတ္ဆက္လုိက္သည္။ ၿပီးေတာ့ လက္ေဆာင္တစ္ခုလည္း တစ္ခါတည္းေပးလုိက္သည္။ ထုိလက္ေဆာင္က တုိက္စစ္မွဴး တီမူပူကီ၏ ေဘာလုံးဂ်ာစီအက်ႌျဖစ္သည္။ ယင္းသို႔အားျဖင့္ လက္ရွိအခ်ိန္တြင္ အေကာင္းဆုံးပုံစံရရွိေနသည့္ ေနာ၀စ္ခ်္ႏွင့္ဖင္လန္တုိက္စစ္မွဴး၏ ဂုဏ္သတင္းေက်ာ္ေစာမႈမွာ ထိပ္တန္းအဆင့္ရွိႏိုင္ငံေရးေဆြးေႏြးမႈမ်ားမွာပင္ သဘာ၀ပတ္၀န္းက်င္အေရးႀကီးကိစၥမ်ား၊ ကုန္သြယ္စီးပြားေရးကိစၥမ်ားႏွင့္အတူ သူ႕နာမည္က တစ္တန္းတည္းရွိေနတတ္သည္။ ၂၀၁၈ ေႏြရာသီက ေနာ၀စ္ခ်္သုိ႔ ေရာက္လာၿပီးခ်ိန္ကတည္းက ကလပ္ႏွင့္ႏိုင္ငံလက္ေရြးစင္အသင္းတုိ႔အတြက္ ၆၆ပြဲတြင္ ၄၄ဂိုးသြင္းယူေပးထားေသာ ပူကီသည္ လက္ရွိကမၻာ့ေဘာလုံးေလာကအနက္ စြမ္းေဆာင္ရည္အျမင့္မားဆုံးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံထားရသည္။
သို႔ေသာ္ ပူကီေလွ်ာက္လွမ္းခဲ့ရသည္က ပန္းခင္းလမ္းေတြခ်ည္းမဟုတ္ဘဲ ဆူးမ်ားအတိၿပီးသည့္ခေရာင္းလမ္းမ်ားကိုလည္း ရင္ဆုိင္ျဖတ္ေက်ာ္ခဲ့ရသည္။ ပူကီ၏ဇာတ္လမ္းက ေျပာစရာေတာ့အေတာ္မ်ားသည္။ ဆုိရလွ်င္ အခ်ိဳးအေကြ႕၊ အလွည့္အေျပာင္းမ်ားက မထင္ရင္မထင္သလုိ ေပၚထြက္လာခဲ့သည္။ ေမြးရပ္ေျမတြက္ အသက္ငယ္ငယ္ရြယ္ရြယ္ျဖင့္ ေျခစြမ္းျပႏုိင္ခဲ့ၿပီးေနာက္ အသက္ ၁၆ႏွစ္အရြယ္တြင္ ေမြးရပ္ေျမကလပ္အတြက္ ပထမဆုံးပဲြထြက္ခြင့္ရရွိခဲ့သည္။ ထို႔ေနာက္ သူ၏ပထမဆုံးရာသီတြင္ ဖင္လန္ႏိုင္ငံ၏တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသည္။ ထို႔အျပင္ ေပၚတူဂီႏိုင္ငံတြင္ က်င္းပခဲ့သည့္ ယူ-၁၇ ၿပိဳင္ပြဲကာလအတြင္း ပူကီက ႏုိင္ငံတကာကင္းေထာက္အမ်ားအျပားကို ဆြဲေဆာင္ႏိုင္ခဲ့သည္။
”အဲဒီအခ်ိန္တုန္းက တစ္ဘက္ေနာက္တန္းေနာက္ သူ႕ရဲ႕ခ်ိန္သားကုိက္ေျပးလႊားမႈေတြက တကယ့္ကိုအံ့အားသင့္စရာေကာင္းခဲ့ပါတယ္။ သူဟာ အဲဒီဆယ္ေက်ာ္သက္အရြယ္မွာကတည္းက လက္ရွိအေနအထားမွာရွိတဲ့အရည္အေသြးမ်ိဳးျပသႏိုင္ခဲ့ပါတယ္”ဟု အဆုိပါယူ-၁၇ ၿပိဳင္ပြဲသို႔ ခ်ဲလ္ဆီးအသင္းအတြက္ လာေရာက္ကင္းေထာက္ခဲ့သည့္ ဖလမ္မင္းဘတ္က ေျပာၾကားခဲ့သည္။ ဖင္လန္ေဘာလုံးေလာက၏အျငင္းပြားဖြယ္မရွိ အႀကီးက်ယ္ဆုံကစားသမားျဖစ္သည့္ ဂ်ာရီလစ္မာနန္လက္သစ္အျဖစ္ တင္စားခံခဲ့ရၿပီး အသင္းအမ်ားအျပားကလည္း ဖင္လန္ေဘာလုံးေလာက၏ေနာက္ၾကယ္ပြင့္ေလးကို ေခၚယူဖို႔ အသည္းအသန္လုိက္ခဲ့ၾကသည္။ ခ်ဲလ္ဆီးအသင္းတြင္ ေျခစြမ္းအစမ္းသပ္ခံဖုိ႔ ဖိတ္ၾကားခံခဲ့ရၿပီး စာခ်ဳပ္ခ်ဳပ္ဆိုေရးအတြက္ ကမ္းလွမ္းျခင္းမခံခဲ့ရေသာ္လည္း သူ႕ကို ေခၚယူရန္ ဂ်ဴဗင္တပ္စ္ႏွင့္ ဆီဗီလာတုိ႔ကလည္း စိတ္၀င္စားခ့ဲသည္ဟု သတင္းမ်ား ထြက္ေပၚခဲ့သည္။ အဆုံးသတ္တြင္ ဆီဗီလာအသင္းက ၂၀၀၈ ခုႏွစ္အတြင္း သူ႕ကို ေခၚယူခ့ဲသည္။
ပီကီအေနျဖင့္ အသက္အရြယ္ငယ္လြန္းေသးခ်ိန္တြင္ ေမွ်ာ္လင့္ခ်က္အမ်ားအျပားထားရွိခံရျခင္း၏သားေကာင္ျဖစ္ခဲ့ရသည္။ အသက္ ၁၇ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္၏ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ စပိန္ႏိုင္ငံ၊ ဆီဗီးလ္ၿမိဳ႕သုိ႔ ေရာက္ရွိလာခဲ့သည္။ ထုိၿမိဳ႕ရွိ အခန္းငယ္ေလးအတြင္း မိခင္ျဖစ္သူႏွင့္အတူ ေနထိုင္ရင္း ဘာသာစကားမကၽြမ္းက်င္သည့္ျပႆနာႏွင့္လည္း ရင္ဆုိင္ခဲ့ရသည္။ ဆီဗီလာအသင္း၏လူငယ္အသင္းတြင္ ႏွစ္အနည္းငယ္အၾကာကစားခဲ့ၿပီးေနာက္ သူ႕ကို ေခၚယူခဲ့သည့္ နည္းျပ ဒီေယဂို႐ုိဒရီဂြက္ဇ္ ရာထူးမွထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ပူကီလည္း အသင္းတြင္ ပိုမိုေနရာေပ်ာက္လာခဲ့ရသည္။ ထို႔ေနာက္ ပူကီက ၎၏ကစားသမားဘ၀ကို ျပန္လည္ကယ္တင္ႏုိင္ေရးအတြက္ ေမြးရပ္ေျမ ဖင္လန္ႏိုင္ငံသုိ႔ ျပန္ေရာက္လာခဲ့သည္။ ဖင္လန္ကလပ္ ဟယ္လ္ဆင္ကီအသင္းတြင္ ေတာက္ပသည့္ေျခစြမ္းမ်ား ျပန္လည္ျပသႏိုင္ခဲ့ၿပီးေနာက္ ဥေရာပထိပ္တန္းလိဂ္တြင္ ထပ္မံအစမ္းသပ္ခံဖုိ႔ အခြင့္အေရးတစ္ခုက ေရာက္လာျပန္သည္။ ဒီတစ္ခါေတာ့ ဘြန္ဒက္စ္လီဂါကလပ္ ေရွာ္လ္ေကးျဖစ္သည္။
ေရွာ္လ္ေကးအသင္းအတြက္ ပြဲဦးထြက္တြင္ ၂ဂိုးသြင္းယူႏိုင္ခဲ့ေသာ္လည္း ပူကီမွာ ေရွာ္လ္ေကးအသင္းတြင္ ပုံမွန္ပြဲထြက္ခြင့္ရေရး အထူး႐ုန္းကန္ခဲ့ရသည္။ ထိုအခ်ိန္ သူ႕ေရွ႕ ဦးစားေပးတုိက္စစ္မွဴးမ်ားအျဖစ္ ရွိခဲ့သည္က စပိန္ဂႏၳ၀င္တုိက္စစ္မွဴး ရာအူးလ္ႏွင့္ နယ္သာလန္တုိက္စစ္မွဴး ဟန္တယ္လာတုိ႔ျဖစ္သည္။ ဟန္တယ္လာဆိုလွ်င္ သူ၏ကစားသမားဘ၀တစ္ေလွ်ာက္ အေကာင္းဆုံးရာသီတစ္ခုအျဖစ္ ၄၈ပြဲကစား၊ ၄၈ဂုိးအထိ သြင္းယူႏိုင္ခဲ့သည္။ ထို႔ေနာက္ စေကာ့တလန္ကလပ္ ဆဲလ္တစ္အသင္းသို႔ ေရာက္ရွိလာျပန္သည္။ သုိ႔ေသာ္ စေကာ့တလန္တြင္လည္း စေကာ့လိဂ္၏ခႏၶာကုိယ္ဦးစားေပးကစားဟန္ႏွင့္ စိတ္ႀကိဳက္မဟုတ္သည့္ေနရာတြင္ ကစားရျခင္းတုိ႔ေၾကာင့္ ႐ုန္းကန္ခဲ့ရျပန္သည္။ ”ဆဲလ္တစ္မွာ သူ႕အတြက္ အဓိကဆုိးရြားတာက ဘယ္ေတာင္ပံမွာထြက္ကစားခဲ့ရတဲ့အခ်က္ပါပဲ။ သူဟာ အေထာင္တုိက္စစ္မွဴးအျဖစ္ ကစားခြင့္မရခ့ဲပါဘူး။ အဲဒါက သူ႕အတြက္ အကူအညီမျဖစ္ခဲ့ပါဘူး။ သူက ေက်ာနံပါတ္ ၉တုိက္စစ္မွဴးျဖစ္ၿပီး ေရွ႕မွာ ေရြ႕လ်ားမႈေကာင္းေကာင္းနဲ႔ ၿပိဳင္ဘက္ခံစစ္ကို ဒုကၡေပးႏိုင္စြမ္းရွိသူပါ”ဟု ဆဲလ္တစ္ႏွင့္ ေနာ၀စ္ခ်္တုိက္စစ္မွဴးေဟာင္း ခရစၥဆပ္တန္က ေျပာၾကားခဲ့သည္။
သုိ႔ေသာ္ သူ၏အေနအထားကို လက္လႊတ္မခံဘဲ ေစာင့္ၾကည့္ေနသူက ဘတ္ျဖစ္ၿပီး သူက ထိုအခ်ိန္တြင္ ဒိန္းမတ္ကလပ္ ဘရြန္ဘီအသင္းအတြက္ ကင္းေထာက္အျဖစ္ ေဆာင္ရြက္ေနသူျဖစ္သည္။ ”သူ႕အတြက္ ထူးျခားတာက ေရွာ္လ္ေကးနဲ႔ ဆဲလ္တစ္တို႔မွာ ဂိုးေတြအမ်ားႀကီးမသြင္းႏိုင္ခဲ့ေပမယ့္ သူပါ၀င္ကစားခဲ့တဲ့မိနစ္နဲ႔ သူ႕သြင္းဂိုးေတြကို ျပန္အခ်ိဳးခ်လုိက္ရင္ အဲဒီကလပ္ေတြအတြက္ အက်ိဳးျဖစ္ထြန္းေစခဲ့ပါတယ္”ဟု ဘတ္က သူ႕အျမင္ကို ေျပာျပသည္။ အခ်က္အလက္မ်ားကို ျပန္ၾကည့္လွ်င္လည္း သူ၏မွတ္ခ်က္က မမွား။ ေရွာ္လ္ေကးတြင္ သူ၏ပ်မ္းမွ်သြင္းဂိုးအခ်ိဳးက လက္ရွိေနာ၀စ္ခ်္အသင္းရွိ သူ၏မွတ္တမ္းနီးပါးေလာက္ရွိေနသည္။ ဆဲလ္တစ္အသင္းတြင္ သူ၏သြင္းဂိုးက တစ္ပြဲပ်မ္းမွ် သြင္းဂိုး ၁ဂိုးနီးပါးအထိပင္ရွိသည္။
”သူ႕ေအးဂ်င့္ကို ကၽြန္ေတာ္သိသလို ေခၚယူႏိုင္ဖု႔ိလည္း ႀကိဳးစားခဲ့ပါတယ္။ ဘရြန္ဘီအတြက္ သူ႕ကို ေခၚယူႏုိင္လိမ့္မယ္လုိ႔လည္း မထင္ထားခဲ့ဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႕အတြက္ ေနာက္ျပန္ဆင္းရမွာမို႔လုိ႔ေလ။ ဒါေပမဲ့ ဆဲလ္တစ္အသင္းက လက္သင့္ခံခဲ့သလို ပူကီကလည္း ေခါင္းၿငိမ့္ခဲ့ပါတယ္”ဟု ဘတ္က ပူကီကို ဘရြန္ဘီအသင္းအတြက္ ေခၚယူျဖစ္ခဲ့ပုံအား ျပန္ေျပာင္းေျပာဆုိသည္။ ဆဲလ္တစ္၊ ေရွာ္လ္ေကးအသင္းတုိ႔မွတစ္ဆင့္ ဘရြန္ဘီသို႔ ေရာက္လာျခင္းက သူ႕အတြက္ တစ္ဆင့္ဆင္းျခင္းျဖစ္ႏိုင္ေသာ္လည္း ထိုအေျပာင္းအေရႊ႕က ယေန႔ပူကီျဖစ္ေစေသာ အဓိကအခ်က္ျဖစ္ခဲ့သည္။ ဘရြန္ဘီအသင္းနည္းျပ ေဇာ္နီဂါက ပူကီအေနျဖင့္ အသင္းႏွင့္ပုိမိုအံ၀င္ႏိုင္ေစေရးအတြက္ ခံစစ္ပိုင္းကို ပိုမိုဆင္းကူညီႏုိင္ေရးႏွင့္ ကြင္းလယ္အထိ ေဘာလုံးဆင္းယူကစားရန္ သင္ၾကားေပးခ့ဲသည္။
”ကၽြန္ေတာ္က နည္းနည္းအပ်င္းႀကီးတယ္ထင္တယ္။ ကၽြန္ေတာ္က ကစားသမားတစ္ဦးအေနနဲ႔ ခံစစ္ပိုင္းတာ၀န္ေတြ ယူသင့္ေပမယ့္လည္း အရင္ကေတာ့ အဲဒီလုိမလုပ္ခဲ့ပါဘူး။ အဲဒီအခ်က္ကိုပဲ နည္းျပႀကီ ေဇာ္နီဂါက အေသအခ်ာသင္ၾကားေပးခဲ့ပါတယ္။ ခံစစ္ပိုင္းကို ကၽြန္ေတာ္ ပိုမိုဆင္းကူကစားခ်ိန္မွာ တစ္ခ်ိန္တည္းလုိလိုပဲ ကၽြန္ေတာ့္ရဲ႕တုိက္စစ္အသားေပးကစားဟန္လည္း ပုိေကာင္းလာပါတယ္”ဟု ပူကီက ယခုႏွစ္အေစာပိုင္းမွာ ေျပာၾကားခဲ့သည္။ ထို႔ေနာက္ သူသည္ ဘရြန္ဘီအသင္းႏွင့္အတူ ျပန္လည္ထင္ေပၚလာၿပီး ဘရြန္ဘီအတြက္ ပြဲ ၉၀ တြင္ ၄၈ ဂိုးအထိ သြင္းယူႏုိင္ခဲ့ၿပီးေနာက္ အသင္းအမ်ားအျပားက သူ႕ကို ေခၚယူရန္ စိတ္၀င္စားလာျပန္သည္။
ဘရြန္ဘီအသင္းႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆုိေရး ေဆြးေႏြးမႈအဆင္မေျပျဖစ္ခဲ့ရၿပီးေနာက္ အသင္းအမ်ားအျပားက သူ႕ကို အလြတ္ေျပာင္းေရႊ႕ေၾကးျဖင့္ ေခၚယူရန္ စိတ္၀င္စားခဲ့သည္။ သို႔ေသာ္ ေနာ၀စ္ခ်္အသင္းက သူ႕အတြက္ အေကာင္းဆံုးေရြးခ်ယ္မႈျဖစ္ခဲ့သည္။ အထူးသျဖင့္ Passing အသားေပးကစားဟန္က သူ၏ကစားဟန္ႏွင့္ ကြက္တိ၀င္လိမ့္မည္ဟု ပူကီ ခံစားခဲ့ရသည္။ ယမန္ႏွစ္ရာသီက ခ်န္ပီယံရွစ္ ၄၃ပဲြတြင္ ၂၉ဂိုးအထိသြင္းယူကာ အသင္းကို ပရီးမီးယားလိဂ္သို႔ တန္းတက္ခြင့္ရရွိရန္ ဦးေဆာင္ႏိုင္ခဲ့ေသာ ပူကီသည္ ယခုရာသီ ပရီးမီးယားလိဂ္ ၈ပြဲအၿပီးတြင္ ၆ဂိုးအထိသြင္းယူထားသည္။ ေနာ၀စ္ခ်္အသင္းမွာလည္း ပရီးမီးယားလိဂ္တြင္ တန္းမဆင္းရေရးအတြက္ ပူကီ၏သြင္းဂိုးမ်ားကို အားကုိးေနရသည္။ ၿပီးခဲ့သည့္ႏွစ္အတြင္း ပူကီ၏ေျခစြမ္းျမင့္မားလာမႈက ေမြးရပ္ေျမဖင္လန္တြင္ သူ၏ထင္ေပၚေက်ာ္ၾကားမႈကို အရွိ္န္ျမႇင့္ေပးလုိက္သလုိျဖစ္သြားသည္။ ၿပီးခဲ့သည့္လအနည္းငယ္အတြင္း ဖင္လန္ေန႔စဥ္ထုတ္သတင္းစာမ်ားႏွင့္ မဂၢဇင္းမ်ား၏ ေခါင္းႀကီးပိုင္းသတင္းမ်ားမွာ ပူကီ၏သတင္းမ်ားျဖစ္ခဲ့သလို ေနာ၀စ္ခ်္အသင္း တန္းတက္လာျခင္း၊ သူ၏ေျခစြမ္း တုိးတက္လာျခင္းတုိ႔ေၾကာင့္ ဖင္လန္ႏိုင္ငံရွိ ႐ုပ္သံခ်န္နယ္မ်ားလည္း အေတာ္ေလးေခါင္းစားခ့ဲရသည္။
ဖင္လန္ႏိုင္ငံတြင္ လီဗာပူးအသင္းမွာ လူႀကိဳက္အမ်ားဆုံးအသင္းျဖစ္ေသာ္လည္း ပူကီ၏စြမ္းေဆာင္ရည္မ်ားေၾကာင့္ ေနာ၀စ္ခ်္အသင္း၏ပြဲစဥ္မ်ားကို တုိက္႐ိုက္ျပသေပးရန္ ေတာင္းဆုိမႈမ်ားလည္း အလြန္ျမင့္မားလာသည္။ ဖင္သည္ စေနေန႔က ေဘာ့စနီးယားႏွင့္ကစားခဲ့ရၿပီးေနာက္ အဂၤါေန႔တြင္ အာေမးနီးယားကို ဧည့္ခံကစားရဦးမည္ျဖစ္သည္။ အသင္းမွာလည္း ယူ႐ို ၂၀၂၀ ေျခစစ္ပဲြေအာင္ျမင္ရန္ ေမွ်ာ္လင့္ခ်က္ရွိေနသည္။ ထို႔အျပင္ ပူကီသည္ ဖင္လန္အသင္း၏ထာ၀ရဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားေသာ လစ္မာနန္၏ ၃၂ ဂိုးစံခ်ိန္ကို လုိက္မီရန္ ၁၂ဂိုးသာလုိအပ္ေတာ့ရာ သူ၏အသက္အရြယ္ႏွင့္ လက္ရွိပံုစံတို႔ေၾကာင့္ ထိုစံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္လိမ့္မည္ဟု ကၽြမ္းက်င္သူမ်ားက သုံးသပ္ေနသည္။