အီဘာပရိသတ်တွေရဲ့မတ်တပ်ရပ်လက်ခုပ်သြဘာပေးခြင်းကို ရရှိခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူဒီဂျောင်

photo-sportbible

photo-gettyimages

အီဘာကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့စနေည ဘာစီလိုနာရဲ့လာလီဂါနိုင်ပွဲမှာ တစ်ဂိုးစီသွင်းခဲ့ကြတဲ့ မက်ဆီ၊ဆွာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ရဲ့MSG တိုက်စစ်ကသာ မီဒီယာတွေရဲ့အဓိကအာရုံစိုက်စရာဖြစ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီပွဲရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တာက ကွင်းလယ်လူဖရန်ကီဒီဂျောင်ဖြစ်ပြီး ဒီ့အတွက်လည်း အဲဒီနယ်သာလန်ကစားသမားဟာ ပြိုင်ဘက်အီဘာပရိသတ်တွေရဲ့မတ်တပ်ရပ်သြဘာပေးခြင်းကိုတောင် ရရှိခဲ့ပါတယ်။

photo-gettyimages

အဲဒီပွဲရဲ့ ၇၉ မိနစ်မှာ ရာကီတစ်နဲ့လူစားလဲခြင်းခံရတော့ အိမ်ရှင်အီဘာပရိသတ်တွေက ဒီဂျောင်ကို မတ်တတ်ရပ်ပြီး လက်ခုပ်သြဘာပေးခဲ့ကြတာဖြစ်ပါတယ်။ တကယ်လည်း အဲဒီပွဲက ဘာစီလိုနာရဲ့ကစားအားအတင်အချကို ၂၂ နှစ်အရွယ် ဒီဂျောင်ကပဲ တာဝန်ယူဦးဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက အေဂျက်ကနေ ရောက်လာတဲ့ ဒီဂျောင်ဟာ ၃ လတည်းနဲ့ ဘာစီလိုနာကွင်းလယ်ရဲ့အဓိကကျသူဖြစ်လာခဲ့တာပါ။

photo-gettyimages

ဒီဂျောင်ဟာ ဒီရာသီဘာစီလိုနာရဲ့၁၁ ပွဲစလုံးမှာ ပါဝင်ခွင့်ရခဲ့သူဖြစ်ပါတယ်။ အသင်းခေါင်းဆောင်မက်ဆီကိုယ်တိုင်က မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ အဲဒီနယ်သာလန်သားဟာ အရမ်းကိုပြည့်စုံတဲ့ဘောလုံးသမားတစ်ယောက်လို့ ချီးကျူးထားတာပါ။ သူဟာ အီဘာနဲ့ပွဲအပြီးမှာ ဘာစီလိုနာနည်းပြဗယ်ဗာဒီရဲ့ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။ အခုအတိုင်းဆိုရင် ဒီဂျောင်ဟာ ဘာစီလိုနာရဲ့အကောင်းဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်လာနိုင်ပါတယ်။ အသက်အရွယ်အရ ဒီဂျောင်ဟာ ဘာစီလိုနာကွင်းလယ်မှာ နှစ်ပေါင်းများစွာကြာအောင် စိုးမိုးခွင့်ရတော့မှာပါ။

[Zawgyi]

အီဘာပရိသတ္ေတြရဲ႕မတ္တပ္ရပ္လက္ခုပ္ၾသဘာေပးျခင္းကို ရရွိခဲ့တ့ဲ ဘာစီလုိနာကြင္းလယ္လူဒီေဂ်ာင္

အီဘာကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲဲ့တဲ့ ၿပီးခဲ့တဲ့စေနည ဘာစီလုိနာရဲ႕လာလီဂါႏိုင္ပြဲမွာ တစ္ဂိုးစီသြင္းခဲ့ၾကတဲ့ မက္ဆီ၊ဆြာရက္ဇ္နဲ႔ ဂရစ္ဇ္မန္းတို႔ရဲ႕MSG တိုက္စစ္ကသာ မီဒီယာေတြရဲ႕အဓိကအာရုံစိုက္စရာျဖစ္ခဲ့ပါတယ္။ တကယ္ေတာ့ အဲဒီပြဲရဲ႕အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာက ကြငး္လယ္လူဖရန္ကီဒီေဂ်ာင္ျဖစ္ၿပီး ဒီ့အတြက္လည္း အဲဒီနယ္သာလန္ကစားသမားဟာ ၿပိဳင္ဘက္အီဘာပရိသတ္ေတြရဲ႕မတ္တပ္ရပ္ၾသဘာေပးျခငး္ကိုေတာင္ ရရွိခဲ့ပါတယ္။

အဲဒီပြဲရဲ႕ ၇၉ မိနစ္မွာ ရာကီတစ္နဲ႔လူစားလဲျခင္းခံရေတာ့ အိမ္ရွင္အီဘာပရိသတ္ေတြက ဒီေဂ်ာင္ကို မတ္တတ္ရပ္ၿပီး လက္ခုပ္ၾသဘာေပးခဲ့ၾကတာျဖစ္ပါတယ္။ တကယ္လည္း အဲဒီပြဲက ဘာစီလုိနာရဲ႕ကစားအားအတင္အခ်ကို ၂၂ ႏွစ္အရြယ္ ဒီေဂ်ာင္ကပဲ တာ၀န္ယူဦးေဆာင္ခဲ့တာပါ။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေအဂ်က္ကေန ေရာက္လာတဲ့ ဒီေဂ်ာင္ဟာ ၃ လတည္းနဲ႔ ဘာစီလုိနာကြင္းလယ္ရဲ႕အဓိကက်သူျဖစ္လာခဲ့တာပါ။

ဒီေဂ်ာင္ဟာ ဒီရာသီဘာစီလုိနာရဲ႕၁၁ ပြဲစလုံးမွာ ပါ၀င္ခြင့္ရခဲ့သူျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္မက္ဆီကိုယ္တိုင္က မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ အဲဒီနယ္သာလန္သားဟာ အရမ္းကိုျပည့္စုံတဲ့ေဘာလုံးသမားတစ္ေယာက္လုိ႔ ခ်ီးက်ဴးထားတာပါ။ သူဟာ အီဘာနဲ႔႔ပြဲအၿပီးမွာ ဘာစီလုိနာနည္းျပဗယ္ဗာဒီရဲ႕ခ်ီးက်ဴးမႈကိုလည္း ရရွိခဲ့ပါတယ္။ အခုအတိုင္းဆုိရင္ ဒီေဂ်ာင္ဟာ ဘာစီလိုနာရဲ႕အေကာင္းဆုံးေခၚယူမႈေတြထဲက တစ္ခုျဖစ္လာႏိုင္ပါတယ္။ အသက္အရြယ္အရ ဒီေဂ်ာင္ဟာ ဘာစီလုိနာကြငး္လယ္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ စုိးမုိးခြင့္ရေတာ့မွာပါ။