အီဘာနဲ့ကစားဖို့ ဘတ်စ်ကား ၆နာရီစီးရမှာကြောင့် ဘာကာခရီးပန်းနိုင်

PC ; Internet

ဘာစီလိုနာမြို့မှာ နိုင်ငံရေးပြသနာတွေကြောင့် အခြေအနေတွေရှုပ်ထွေးနေပါတယ်။လက်ရှိအချိန်မှာ ဆန္ဒပြသူတွေရဲ့အနေအထားကပိုမိုပြင်းထန်လာသလို ရဲတပ်ဖွဲ့ကလည်းအကြမ်းဖက်နှိမ်နင်းတဲ့အထိဖြစ်နေပါတယ်။ဒါကြောင့် ဘာစီလိုနာလေဆိပ်ကို ပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၂၆ရက်ကစားရမယ့် အယ်လ်ကလက်စီကိုပွဲအတွက် အသံတွေထွက်နေပါတယ်။

PC ; Getty

နူးကမ့်မှာ ကစားမယ့် ပထမအကျော့ကို ဘာနေဗျူးမှာရွှေ့ကစားဖို့အကြံပေးမှုတွေလည်းရှိနေပါတယ်။တကယ်လို့ ဘာစီလိုနာရော ရီးရဲလ်ပါ အသေအချာမဆုံးဖြတ်နိုင်ခဲ့ရင်တော့ ၂လနီးပါးနောက်ဆုတ်ပြီး ဒီဇင်ဘာ ၁၈ရက်နေ့မှ ကစားရမယ်ဆိုတဲ့ သတင်းတွေလည်း စပိန်မှာကြားနေရပါတယ်။အယ်လ်ကလက်စီကိုအတွက် အဖြေမထွက်သေးပေမယ့် ဒီတစ်ပတ် အီဘာနဲ့ကစားရမယ့်ပွဲအတွက် ဘာစီလိုနာအသင်း ဘတ်စ်ကားစီးရမယ့် အခြေအနေကတော့ သေချာသလောက်ရှိနေပါတယ်။

PC ; Internet

ဘက်စ်ကေးဒေသမှာရှိတဲ့ ဘီလ်ဘာအိုမြို့ကို ရောက်ဖို့ဘတ်စ်ကားစီးမယ်ဆိုရင် ၆နာရီလောက်ကြာမှာပါ။ဘာစီလိုနာမြို့နဲ့ဘီလ်ဘာအိုမြို့က ၃၇၉မိုင်ဝေးတာကြောင့် ဘာစီလိုနာအသင်းသားတွေ ခရီးပန်းမှုဒဏ်ခံရနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။အမှတ်ရစရာကောင်းတာက လွန်ခဲ့တဲ့ ၉နှစ်ကလည်း ဒီလိုအခြေအနေမျိုးနဲ့ ဘာစီလိုနာရင်ဆိုင်ခဲ့ရဖူးတာပါပဲ။

PC ; Getty

ဒေသတွင်းအတိုက်အခံတွေရဲ့ဆန္ဒပြပွဲတွေကြောင့် ဘာစီလိုနာလေဆိပ်ပိတ်ထားခဲ့ဖူးပါတယ်။ဒါကြောင့် အင်တာမီလန်နဲ့ချန်ပီယံလိဂ်ကစားရမယ့် မီလန်မြို့ကိုရောက်ရှိရေးအတွက် အဲဒီမြို့နဲ့အနီးဆုံးလေဆိပ်ကိုရောက်ဖို့ ဘာစီလိုနာအသင်းဟာ ဘတ်စ်ကားနဲ့ခရီးပြင်းနှင်ခဲ့ရပါတယ်။မီလန်မြို့က ပထမအကျော့မှာ ၃-၁ဂိုးနဲ့ရှုံးနိမ့်ပြီး အိမ်ကွင်းနူးကမ့်မှာ ၁-ဝဂိုးနဲ့သာပြန်နိုင်ခဲ့တာကြောင့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့လွဲခဲ့ရဖူးပါတယ်။

(zawgyi)

ဘာစီလိုနာၿမိဳ႔မွာ ႏိုင္ငံေရးျပသနာေတြေၾကာင့္ အေျခအေနေတြရႈပ္ေထြးေနပါတယ္။လက္ရွိအခ်ိန္မွာ ဆႏၵျပသူေတြရဲ႕အေနအထားကပိုမိုျပင္းထန္လာသလို ရဲတပ္ဖြဲ႔ကလည္းအၾကမ္းဖက္ႏွိမ္နင္းတဲ့အထိျဖစ္ေနပါတယ္။ဒါေၾကာင့္ ဘာစီလိုနာေလဆိပ္ကို ပိတ္ထားခဲ့ရၿပီး ေအာက္တိုဘာ ၂၆ရက္ကစားရမယ့္ အယ္လ္ကလက္စီကိုပြဲအတြက္ အသံေတြထြက္ေနပါတယ္။ႏူးကမ့္မွာ ကစားမယ့္ ပထမအေက်ာ့ကို ဘာေနဗ်ဴးမွာေရႊ႔ကစားဖို႔အႀကံေပးမႈေတြလည္းရွိေနပါတယ္။တကယ္လို႔ ဘာစီလိုနာေရာ ရီးရဲလ္ပါ အေသအခ်ာမဆံုးျဖတ္ႏိုင္ခဲ့ရင္ေတာ့ ၂လနီးပါးေနာက္ဆုတ္ၿပီး ဒီဇင္ဘာ ၁၈ရက္ေန႔မွ ကစားရမယ္ဆိုတဲ့ သတင္းေတြလည္း စပိန္မွာၾကားေနရပါတယ္။အယ္လ္ကလက္စီကိုအတြက္ အေျဖမထြက္ေသးေပမယ့္ ဒီတစ္ပတ္ အီဘာနဲ႔ကစားရမယ့္ပြဲအတြက္ ဘာစီလိုနာအသင္း ဘတ္စ္ကားစီးရမယ့္ အေျခအေနကေတာ့ ေသခ်ာသေလာက္ရွိ္ေနပါတယ္။ဘက္စ္ေကးေဒသမွာရွိတဲ့ ဘီလ္ဘာအိုၿမိဳ႕ကို ေရာက္ဖို႔ဘတ္စ္ကားစီးမယ္ဆိုရင္ ၆နာရီေလာက္ၾကာမွာပါ။ဘာစီလိုနာၿမိဳ႔နဲ႔ဘီလ္ဘာအိုၿမိဳ႔က ၃၇၉မိုင္ေ၀းတာေၾကာင့္ ဘာစီလိုုုနာအသင္းသားေတြ ခရီးပန္းမႈဒဏ္ခံရႏိုင္တယ္လို႔ သံုးသပ္မႈေတြရွိေနပါတယ္။အမွတ္ရစရာေကာင္းတာက လြန္ခဲ့တဲ့ ၉ႏွစ္ကလည္း ဒီလိုအေျခအေနမ်ိဳးနဲ႔ ဘာစီလိုနာရင္ဆိုင္ခဲ့ရဖူးတာပါပဲ။ေဒသတြင္းအတိုက္အခံေတြရဲ႕ဆႏၵျပပြဲေတြေၾကာင့္ ဘာစီလိုနာေလဆိပ္ပိတ္ထားခဲ့ဖူးပါတယ္။ဒါေၾကာင့္ အင္တာမီလန္နဲ႔ခ်န္ပီယံလိဂ္ကစားရမယ့္ မီလန္ၿမိဳ႔ကိုေရာက္ရွိေရးအတြက္ အဲဒီၿမိဳ႔နဲ႔အနီးဆံုးေလဆိပ္ကိုေရာက္ဖို႔ ဘာစီလိုနာအသင္းဟာ ဘတ္စ္ကားနဲ႔ခရီးျပင္းႏွင္ခဲ့ရပါတယ္။မီလန္ၿမိဳ႔က ပထမအေက်ာ့မွာ ၃-၁ဂိုးနဲ႔ရံႈးနိမ့္ၿပီး အိမ္ကြင္းႏူးကမ့္မွာ ၁-၀ဂိုးနဲ႔သာျပန္ႏိုင္ခဲ့တာေၾကာင့္ ဘာစီလိုနာဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔လြဲခဲ့ရဖူးပါတယ္။