အီတလီစကားလည်း ကျွမ်းနေပြီဖြစ်လို့ ဘာသာစကား ၈ မျိုးထိ ပြောနိုင်ပြီဖြစ်တဲ့ လူကာကူ

photo-sport bible

photo-gettyimages

တိုက်စစ်မှုးလူကာကူရဲ့အရည်အသွေးတွေဟာ ခြေထောက်ထဲက ဘောလုံးနဲ့သူဘာလုပ်နိုင်တယ်ဆိုတာနဲ့တင် ကန့်သတ်ခံထားရတာ မဟုတ်ပါဘူး။ အဲဒီဘယ်လ်ဂျီယံတိုက်စစ်မှုးဟာ ပြီးခဲ့တဲ့တနင်္ဂနွေ ဆက်ဆူအိုလိုကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့စီးရီးအေပွဲစဉ်မှာ နောက်ထပ် ၂ ဂိုးသွင်းပြီး အင်တာနဲ့တာထွက်ကောင်းနေဆဲဖြစ်ကာ ဒီရာသီစီးရီးအေဂိုးအများဆုံးသွင်းသူစာရင်းမှာလည်း တတိယနေရာက ရပ်တည်နေတာပါ။ အဲဒီပွဲအပြီး အင်တာအသင်းရုပ်သံနဲ့အင်တာဗျူးမှာလည်း အီတလီလိုကျွမ်းကျွမ်းကျင်ကျင်ပြောသွားကာ သူဟာ အရည်အသွေးမာျးစွာရှိတဲ့လူတစ်ယောက်ဆိုတာ ပြသခဲ့ပါတယ်။

photo-gettyimages

လူကာကူဟာ မန်ယူကနေ ပေါင် ၇၄ သန်းနဲ့ပြောင်းလာပြီးတဲ့နောက် အီတလီမှာ ၃ လသာရှိသေးပေမယ့် အဲဒီက ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်နေတာပါ။ အာဂျင်တီးနားသားဖြစ်တဲ့ လိဒ်နည်းပြဘီရယ်ဆာတောင် အင်္ဂလန်ကိုရောက်နေတာ ၁၆ လကျော်ပြီဖြစ်ပေမယ့် အင်တာဗျူးတွေအတွက် ဘာသာပြန်တစ်ယောက် လိုအပ်နေဆဲပါပဲ။ အဂူရိုဆိုလည်း အင်္ဂလန်မှာကစားနေတာ ၈ နှစ်လောက်ရှိပြီဖြစ်ပေမယ့် အခုထိကို အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်မပြောနိုင်သေးပါဘူး။ ဂါရတ်ဘေးလ်လည်း စပိန်မှာ အဲဒီပြသနာနဲ့ရင်ဆိုင်နေရတာပါ။

photo-gettyimages

အခုတော့ စီးရီးအေ ၈ ပွဲမှာ ၅ ဂိုးသွင်းထားတဲ့ အသက် ၂၆ နှစ်အရွယ် လူကာကူဟာ စုစုပေါင်း ဘာသာစကား ၈ မျိုးပြောနိုင်နေပါပြီ။ သူဟာ အင်္ဂလိပ်စကားအပြင် စပိန်၊ပြင်သစ်၊ဂျာမန်၊ပေါ်တူဂီ၊နယ်သာလန်၊ကွန်ဂိုရဲ့ဒေသိယစကားဖြစ်တဲ့လင်ဂါလာတို့ကိုလည်း တက်ကျွမ်းပါတယ်။ ဘယ်လ်ဂျီယံမှာကြီးတာဖြစ်လို့ ပြင်သစ်စကားပြောတတ်တာဖြစ်ပြီး သူ့ရဲ့ကွန်ဂိုအမျိုးတွေနဲ့တော့ လင်ဂါလာလိုပြောတာဖြစ်ကာ အဲဗာတန်မှာရှိစဉ် ဘိုလာစီနဲ့လည်း လင်ဂါလာလိုပြောတာပါ။ ဒါ့အပြင် သူဟာ ချဲလ်ဆီးညာနောက်ခံလူဟောင်းဘော့စင်ဝါနဲ့ အခန်းဖော်ဖြစ်ခဲ့တာကြောင့် သူ့ဆီကနေ ပေါ်တူဂီစကားတက်ခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးကို အနိုင်ရခဲ့တဲ့ကွာတားဖိုင်နယ်ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဘရာဇီးစာနယ်ဇင်းသမားတွေကို ပေါ်တူဂီလို ဖြေကြားမှုလုပ်ခဲ့တာကြောင့် မီဒီယာဇုန်ထဲမှာရှိသူအားလုံး တအံ့တသြဖြစ်သွားရပါတယ်။ ဘရာဇီးဟာ ပေါ်တူဂီစကားပြောတဲ့နိုင်ငံပါ။

[Zawgyi]

အီတလီစကားလည္း ကၽြမ္းေနၿပီျဖစ္လုိ႔ ဘာသာစကား ၈ မ်ိဳးထိ ေျပာႏိုင္ၿပီျဖစ္တ့ဲ လူကာကူ

တုိက္စစ္မႈးလူကာကူရဲ႕အရည္အေသြးေတြဟာ ေျခေထာက္ထဲက ေဘာလုံးနဲ႔သူဘာလုပ္ႏိုင္တယ္ဆိုတာနဲ႔တင္ ကန္႔သတ္ခံထားရတာ မဟုတ္ပါဘူး။ အဲဒီဘယ္လ္ဂ်ီယံတုိက္စစ္မႈးဟာ ၿပီးခဲ့တဲ့တနဂၤေႏြ ဆက္ဆူအိုလိုကို ၄-၃ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့စီးရီးေအပြဲစဥ္မွာ ေနာက္ထပ္ ၂ ဂိုးသြင္းၿပီး အင္တာနဲ႔တာထြက္ေကာင္းေနဆဲျဖစ္ကာ ဒီရာသီစီးရီးေအဂိုးအမ်ားဆုံးသြင္းသူစာရင္းမွာလည္း တတိယေနရာက ရပ္တည္ေနတာပါ။ အဲဒီပြဲအၿပီး အင္တာအသင္းရုပ္သံနဲ႔အင္တာဗ်ဴးမွာလည္း အီတလီလုိကၽြမ္းကၽြမ္းက်င္က်င္ေျပာသြားကာ သူဟာ အရည္အေသြးမာ်းစြာရွိတဲ့လူတစ္ေယာက္ဆိုတာ ျပသခဲ့ပါတယ္။

လူကာကူဟာ မန္ယူကေန ေပါင္ ၇၄ သန္းနဲ႔ေျပာင္းလာၿပီးတဲ့ေနာက္ အီတလီမွာ ၃ လသာရွိေသးေပမယ့္ အဲဒီက ဘာသာစကားကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာႏိုင္ေနတာပါ။ အာဂ်င္တီးနားသားျဖစ္တဲ့ လိဒ္နည္းျပဘီရယ္ဆာေတာင္ အဂၤလန္ကိုေရာက္ေနတာ ၁၆ လေက်ာ္ၿပီျဖစ္ေပမယ့္ အင္တာဗ်ဴးေတြအတြက္ ဘာသာျပန္တစ္ေယာက္ လိုအပ္ေနဆဲပါပဲ။ အဂူရိုဆုိလည္း အဂၤလန္မွာကစားေနတာ ၈ ႏွစ္ေလာက္ရွိၿပီျဖစ္ေပမယ့္ အခုထိကုိ အဂၤလိပ္စကား ကၽြမ္းကၽြမ္းက်င္က်င္မေျပာႏိုင္ေသးပါဘူး။ ဂါရတ္ေဘးလ္လည္း စပိန္မွာ အဲဒီျပသနာနဲ႔ရင္ဆိုင္ေနရတာပါ။

အခုေတာ့ စီးရီးေအ ၈ ပြဲမွာ ၅ ဂိုးသြင္းထားတဲ့ အသက္ ၂၆ ႏွစ္အရြယ္ လူကာကူဟာ စုစုေပါင္း ဘာသာစကား ၈ မ်ိဳးေျပာႏိုင္ေနပါၿပီ။ သူဟာ အဂၤလိပ္စကားအျပင္ စပိန္၊ျပင္သစ္၊ဂ်ာမန္၊ေပၚတူဂီ၊နယ္သာလန္၊ကြန္ဂိုရဲ႕ေဒသိယစကားျဖစ္တဲ့လင္ဂါလာတို႔ကိုလည္း တက္ကၽြမ္းပါတယ္။ ဘယ္လ္ဂ်ီယံမွာႀကီးတာျဖစ္လုိ႔ ျပင္သစ္စကားေျပာတတ္တာျဖစ္ၿပီး သူ႔ရဲ႕ကြန္ဂိုအမ်ိဳးေတြနဲ႔ေတာ့ လင္ဂါလာလိုေျပာတာျဖစ္ကာ အဲဗာတန္မွာရွိစဥ္ ဘိုလာစီနဲ႔လည္း လင္ဂါလာလုိေျပာတာပါ။ ဒါ့အျပင္ သူဟာ ခ်ဲလ္ဆီးညာေနာက္ခံလူေဟာင္းေဘာ့စင္၀ါနဲ႔ အခန္းေဖာ္ျဖစ္ခဲ့တာေၾကာင့္ သူ႔ဆီကေန ေပၚတူဂီစကားတက္ခဲ့ပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားတုနး္က ဘရာဇီးကို အႏိုင္ရခဲ့တဲ့ကြာတားဖိုင္နယ္ပြဲစဥ္အၿပီး သတင္းစာရွင္းလငး္ပြဲမွာ ဘရာဇီးစာနယ္ဇင္းသမားေတြကို ေပၚတူဂီလို ေျဖၾကားမႈလုပ္ခဲ့တာေၾကာင့္ မီဒီယာဇုန္ထဲမွာရွိသူအားလုံး တအံ့တၾသျဖစ္သြားရပါတယ္။ ဘရာဇီးဟာ ေပၚတူဂီစကားေျပာတဲ့ႏိုင္ငံပါ။