အိုင်ကာဒီကို အင်တာမီလန်တမ်းတနေရပြီလို့ ဇနီးသည် ဝမ်ဒါနာရာပြော

Photo- Internet
Photo- Internet

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူ း အိုင်ကာဒီရဲ့ဇနီးဖြစ်တဲ့ ဝမ်ဒါနာရာက အင်တာမီလန်ဟာ ဂျူ ဗင်တပ်ကိုရှုံးခဲ့လို့ သူ့ခင်ပွန်းကိုတမ်းတနေရပြီလို့ ပြောလိုက်ပါတယ်။ အိုင်ကာဒီဟာ ပြီးခဲ့တဲ့ နွေရာသီဈေးကွက် နောက်ဆုံးရက်က အင်တာမီလန်ကနေ ပီအက်စ်ဂျီကို အငှားပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

အင်တာမီလန်ဟာ ဒီရာသီမှာစီးရီးအေ ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းနဲ့အတူ အိမ်ကွင်းမှာဂျူ ဗင်တပ်ကို ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာဟာ ၂-၁ နဲ့ရှုံးနိမ့်ခဲ့ လို့ စီးရီးအေမှာဒုတိယနေရာကိုပြန်ရောက်သွားပါတယ်။ သူ့နေရာမှာ အစားဝင်ကစားနေတဲ့ လူကာကူဟာလည်း ဒီပွဲမှာဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။

Photo- Internet

အာဂျင်တီးနားသားဖြစ်တဲ့ အိုင်ကာဒီဟာ ဂျူ ဗင်တပ်နဲ့ရင်ဆိုင်ခဲ့ရာမှာ ဂိုးသွင်းမှတ်တမ်းကောင်းရရှိထားသူ ဖြစ်ပြီး ၁၁ ပွဲရင်ဆိုင်ခဲ့ရာမှာ ၈ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။ ဒါကြောင့်လည်း အိုင်ကာဒီသာပါခဲ့မယ်ဆိုရင် အဖြေတစ်မျိုးဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒီပွဲမှာ လူကာကူ ဆိုရင်လည်းပထမပိုင်းမှာ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရပါတယ်။

Photo- Internet

အိုင်ကာဒီရဲ့အေးဂျင့်အဖြစ်လည်း ဆောင်ရွက်နေတဲ့ ဝမ်ဒါနာရာက”အင်တာ- ဂျူ ဗီပွဲကို ကျွန်မတို့ကြည့်ခဲ့ပါတယ်။ ပထမပိုင်းမှာဆိုရင် အင်တဟာ လိုအပ်ချက်တွေအများကြီး ရှိခဲ့ပါတယ်။ အိုင်ကာဒီကတော့ ဒီပွဲကိုသတိမရတော့ပါဘူး။ ဒါပေမယ့် ဂျူ ဗင်တပ်ကတော့ သတိရနေမှာပါ။ သူဟာ ဂျူ ဗင်တပ်နဲ့ ၁၁ ပွဲရင်ဆိုင်ခဲ့ရာမှာ ၈ ဂိုးသွင်းခဲ့တယ်လေ” လို့ပြောသွားပါတယ်။

Photo- Internet

အိုင်ကာဒီဟာ ပီအက်စ်ဂျီကိုပြောင်းရွှေ့ပြီးနောက် ၂ ဂိုးသွင်းယူထားသူဖြစ်ပြီး ချန်ပီယံလိဂ်မှာ ဂါလာတာစာရေးကို အဝေးကွင်းမှာ ၁-၀ နဲ့နိုင်ခဲ့တော့ အရေးပါတဲ့ တစ်လုံးတည်းသောဂိုးကို သူကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အင်တာနဲ့အိုင်ကာဒီတို့ လမ်းခွဲခဲ့ရာမှာ ဝမ်ဒါနာရာအပေါ် ကလပ်ဘက်က အမြင်မကြည်မှုကလည်း အဓိက ကျတဲ့အချက်ဖြစ်ခဲ့တာပါ။

Photo- Internet

Zawgyi

အုိင္ကာဒီကို အင္တာမီလန္တမ္းတေနရၿပီလို႔ ဇနီးသည္ ၀မ္ဒါနာရာေျပာ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွဴ း အိုင္ကာဒီရဲ႕ဇနီးျဖစ္တဲ႔ ၀မ္ဒါနာရာက အင္တာမီလန္ဟာ ဂ်ဴ ဗင္တပ္ကိုရႈံးခဲ့လို႔ သူ႔ခင္ပြန္းကိုတမ္းတေနရၿပီလို႔ ေျပာလိုက္ပါတယ္။ အိုင္ကာဒီဟာ ၿပီးခဲ့တဲ႔ ေႏြရာသီေစ်းကြက္ ေနာက္ဆုံးရက္က အင္တာမီလန္ကေန ပီအက္စ္ဂ်ီကို အငွားေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။

အင္တာမီလန္ဟာ ဒီရာသီမွာစီးရီးေအ ရာႏႈန္းျပည့္နိုင္ပြဲမွတ္တမ္းနဲ႔အတူ အိမ္ကြင္းမွာဂ်ဴ ဗင္တပ္ကို ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔ အင္တာဟာ ၂-၁ နဲ႔ရႈံးနိမ့္ခဲ့ လို႔ စီးရီးေအမွာဒုတိယေနရာကိုျပန္ေရာက္သြားပါတယ္။ သူ႔ေနရာမွာ အစား၀င္ကစားေနတဲ႔ လူကာကူဟာလည္း ဒီပြဲမွာဂိုးသြင္းယူႏိုင္ျခင္းမရွိခဲ့ပါဘူး။

အာဂ်င္တီးနားသားျဖစ္တဲ႔ အိုင္ကာဒီဟာ ဂ်ဴ ဗင္တပ္နဲ႔ရင္ဆိုင္ခဲ့ရာမွာ ဂိုးသြင္းမွတ္တမ္းေကာင္းရရွိထားသူ ျဖစ္ၿပီး ၁၁ ပြဲရင္ဆိုင္ခဲ့ရာမွာ ၈ ဂိုးသြင္းယူထားႏိုင္သူျဖစ္ပါတယ္။ ဒါေၾကာင့္လည္း အိုင္ကာဒီသာပါခဲ့မယ္ဆိုရင္ အေျဖတစ္မ်ဳိးျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။ ဒီပြဲမွာ လူကာကူ ဆိုရင္လည္းပထမပိုင္းမွာ ဆိုးဆိုးရြားရြား ရုန္းကန္ခဲ့ရပါတယ္။

အိုင္ကာဒီရဲ႕ေအးဂ်င့္အျဖစ္လည္း ေဆာင္ရြက္ေနတဲ႔ ၀မ္ဒါနာရာက”အင္တာ- ဂ်ဴ ဗီပြဲကို က်ြန္မတို႔ၾကည့္ခဲ့ပါတယ္။ ပထမပိုင္းမွာဆိုရင္ အင္တဟာ လိုအပ္ခ်က္ေတြအမ်ားႀကီး ရွိခဲ့ပါတယ္။ အိုင္ကာဒီကေတာ႔ ဒီပြဲကိုသတိမရေတာ႔ပါဘူး။ ဒါေပမယ္႔ ဂ်ဴ ဗင္တပ္ကေတာ႔ သတိရေနမွာပါ။ သူဟာ ဂ်ဴ ဗင္တပ္နဲ႔ ၁၁ ပဲြရင္ဆိုင္ခဲ့ရာမွာ ၈ ဂိုးသြင္းခဲ့တယ္ေလ” လို႔ေျပာသြားပါတယ္။

အိုင္ကာဒီဟာ ပီအက္စ္ဂ်ီကိုေျပာင္းေရႊ႕ၿပီးေနာက္ ၂ ဂိုးသြင္းယူထားသူျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ဂါလာတာစာေရးကို အေ၀းကြင္းမွာ ၁-၀ နဲ႔ႏိုင္ခဲ့ေတာ႔ အေရးပါတဲ႔ တစ္လုံးတည္းေသာဂိုးကို သူကသြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အင္တာနဲ႔အိုင္ကာဒီတို႔ လမ္းခြဲခဲ့ရာမွာ ၀မ္ဒါနာရာအေပၚ ကလပ္ဘက္က အျမင္မၾကည္မႈကလည္း အဓိက က်တဲ႔အခ်က္ျဖစ္ခဲ့တာပါ။