အာဆင်နယ်ရဲ့ပွဲကြီးကျရှုံးတွေမှာ သူက အမြဲတမ်းအချောင်ခံနေရတယ်လို့ ဖွင့်ဟလိုက်တဲ့အိုဇေးလ်

photo-gettyimages

photo-gettyimages

ကွင်းလယ်လူအိုဇေးလ်က သူဟာ အာဆင်နယ်ရဲ့ပွဲကြီးကျရှုံးမှုတွေမှာ အမြဲတမ်းအချောင်ခံနေရတယ်လို့ တုံ့ပြန်ပြောကြားလိုက်ပါတယ်။ အဲဒီတူရကီအနွယ် ဂျာမန်ကစားသမားဟာ အာဆင်နယ်မှာ လစာအများဆုံးရသူဖြစ်ပြီး တစ်ပတ်ကို ပေါင် ၃၅၀၀၀ ရနေပေမယ့် ဒီရာသီမှာတော့ နည်းပြအမ်မရီရဲ့ပစ်ပယ်ထားခြင်းခံရကာ ၂ ပွဲသာ ကစားခွင့်ရပါသေးတယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ တစ်ပွဲသာ ပွဲထွက်ပါခဲ့တဲ့အိုဇေးလ်အပေါ် ဝေဖန်သူတွေရှိနေကြပေမယ့် တချို့ပြစ်တင်မှုတွေဟာ တရားမျှတမှုမရှိကြောင်း အိုဇေးလ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာပါ။’

photo-gettyimages

‘ပွဲကြီးတစ်ပွဲမှာ ကျွန်တော်တို့ အဆင်မပြေတော့ဘူးဆိုရင် အမြဲတမ်း ကျွန်တော့်အပြစ်ချည်းပဲ။ တကယ်လို့ အဲဒါက အမှန်ဆိုရင် ကျွန်တော်မပါတဲ့ပွဲကြီးတွေက ရလဒ်တွေကို ဘယ်လိုရှင်းပြနိုင်မလဲ။ အဲဒီမှာ တကယ်ကို ဘာခြားနားမှုမှ မရှိတာပါ။ ပွဲကို အပြောင်းအလဲဖြစ်စေဖု့ိ၊ ကစားပုံကို ဦးဆောင်နိုင်စေဖို့ လူတွေက ကျွန်ေ်တာ့်ကို ပိုမျှော်လင့်ကြသလို ကျွန်တော်ကလည်း ကြိုစားတာပါပဲ။ ဒါပေမဲ့ လွယ်ကူရိုးရှင်းတဲ့ဟာမှ မဟုတ်တာ။ အသင်းမှာ ကျွန်တော်တစ်ယောက်တည်း ရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ပြိုင်ဘက်အချို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုတာကိုလည်း မမေ့ပါနဲ့”လို့ အိုဇေးလ်က ပြောခဲ့တာပါ။

photo-REX

အိုဇေးလ်ဟာ နည်းပြအမ်မရီလက်ထက်မှာ ကောင်းစွာနေရာရခြင်း မရှိတော့တာပါ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း အသင်းရဲ့အဝေးကွင်းပွဲစဉ်အများစုမှာ သူချျန်လှပ်ခံခဲ့ရပါတယ်။ ဒီရာသီမှာလည်း အာဆင်နယ်ရဲ့နောက်ဆုံးပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ သူပါဝင်ခြင်း မရှိခဲ့ပါဘူး။ ဒီလိုအခြေအနေနဲ့ ကြုံတွေ့နေရပေမယ့်လည်း အသက် ၃၁ နှစ်အရွယ် အိုဇေးလ်က စာချုပ်သက်တမ်းကုန်မယ့် ၂၀၂၁ အထိ အာဆင်နယ်မှာ ဆက်နေသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]

အာဆင္နယ္ရဲ႕ပြဲႀကီးက်ရႈံးေတြမွာ သူက အၿမဲတမ္းအေခ်ာင္ခံေနရတယ္လုိ႔ ဖြင့္ဟလုိက္တဲ့အုိေဇးလ္

ကြင္းလယ္လူအုိေဇးလ္က သူဟာ အာဆင္နယ္ရဲ႕ပဲြႀကီးက်ရႈံးမႈေတြမွာ အၿမဲတမ္းအေခ်ာင္ခံေနရတယ္လုိ႔ တု႔ံျပန္ေျပာၾကားလိုက္ပါတယ္။ အဲဒီတူရကီအႏြယ္ ဂ်ာမန္ကစားသမားဟာ အာဆင္နယ္မွာ လစာအမ်ားဆုံးရသူျဖစ္ၿပီး တစ္ပတ္ကို ေပါင္ ၃၅၀၀၀ ရေနေပမယ့္ ဒီရာသီမွာေတာ့ နည္းျပအမ္မရီရဲ႕ပစ္ပယ္ထားျခငး္ခံရကာ ၂ ပြဲသာ ကစားခြင့္ရပါေသးတယ္။ ဒီရာသီပရီးမီးယားလိဂ္မွာ တစ္ပြဲသာ ပြဲထြက္ပါခဲ့တဲ့အုိေဇးလ္အေပၚ ေ၀ဖန္သူေတြရွိေနၾကေပမယ့္ တခ်ိဳ႕ျပစ္တင္မႈေတြဟာ တရားမွ်တမႈမရွိေၾကာင္း အုိေဇးလ္က အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ့တာပါ။

”ပြဲႀကီးတစ္ပြဲမွာ ကၽြန္ေတာ္တို႔ အဆင္မေျပေတာ့ဘူးဆုိရင္ အၿမဲတမ္း ကၽြန္ေတာ့္အျပစ္ခ်ည္းပဲ။ တကယ္လုိ႔ အဲဒါက အမွန္ဆုိရင္ ကၽြန္ေတာ္မပါတဲ့ပြဲႀကီးေတြက ရလဒ္ေတြကို ဘယ္လိုရွင္းျပႏိုင္မလဲ။ အဲဒီမွာ တကယ္ကို ဘာျခားနားမႈမွ မရွိတာပါ။ ပြဲကို အေျပာင္းအလဲျဖစ္ေစဖု႔ိ၊ ကစားပုံကို ဦးေဆာင္ႏိုင္ေစဖို႔ လူေတြက ကၽြန္ေ္တာ့္ကို ပိုေမွ်ာ္လင့္ၾကသလုိ ကၽြန္ေတာ္ကလည္း ႀကိဳစားတာပါပဲ။ ဒါေပမဲ့ လြယ္ကူရိုးရွင္းတဲ့ဟာမွ မဟုတ္တာ။ အသင္းမွာ ကၽြန္ေတာ္တစ္ေယာက္တည္း ရွိတာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ၿပိဳင္ဘက္အခ်ိဳ႕ဟာ ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းတယ္ဆိုတာကိုလည္း မေမ့ပါနဲ႔”လို႔ အိုေဇးလ္က ေျပာခဲ့တာပါ။

အုိေဇးလ္ဟာ နည္းျပအမ္မရီလက္ထက္မွာ ေကာငး္စြာေနရာရျခင္း မရွိေတာ့တာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အသင္းရဲ႕အေ၀းကြင္းပြဲစဥ္အမ်ားစုမွာ သူခ််န္လွပ္ခံခဲ့ရပါတယ္။ ဒီရာသီမွာလည္း အာဆင္နယ္ရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ ၃ ပြဲစလုံးမွာ သူပါ၀င္ျခင္း မရွိခဲ့ပါဘူး။ ဒီလိုအေျခအေနနဲ႔ ႀကဳံေတြ႕ေနရေပမယ့္လည္း အသက္ ၃၁ ႏွစ္အရြယ္ အုိေဇးလ္က စာခ်ဳပ္သက္တမ္းကုန္မယ့္ ၂၀၂၁ အထိ အာဆင္နယ္မွာ ဆက္ေနသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။