အသင်းရဲ့ စည်းကမ်းဖောက်ဖျက်ခဲ့လို့ ဆန်ချို ပေါင် ၈၆၀၀၀ ဒဏ်ရိုက်ခံရ

Photo - Internet
Photo – Internet

ဒေါ့မန်အသင်းဟာ ကလပ်ရဲ့စည်းကမ်းပိုင်းကိုဖောက်ဖျက်ခဲ့တဲ့ တောင်ပံကစားသမားဆန်ချိုကို ဒဏ်ငွေပေါင် ၈၆၀၀၀ တပ်ရိုက်ခဲ့တယ်လို့သိရပါတယ်။ ဆန်ချိုဟာ အင်္ဂလန်အသင်းအတွက် နိုင်ငံတကာပွဲကစားပြီးနောက် အသင်းကိုပြန်လာရာမှာ နောက်ကျခဲ့တဲ့အတွက် အခုလိုအရေးယူခံလိုက်ရတာဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ဆန်ချိုဟာ သတ်မှတ်ချိန်ထက် ၂၄ နာရီနီးပါးနောက်ကျပြီးမှ အသင်းကိုပြန်လည်ရောက်ရှိ လာတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ စနေနေ့က ဂလတ်ဘတ်ကို ၁-၀ နဲ့နိုင်ခဲ့တဲ့ ပွဲလူစာရင်းမှာ နည်းပြဖာဗရီက သူ့ကိုထည့်သွင်းခဲ့ခြင်း မရှိဘဲ အရေးယူခဲ့ပါသေးတယ်။ ဒါကြောင့်လည်း ဆန်ချိုဟာ မိုးရွာကြီးထဲမှာ တစ်ယောက်တည်းဘဲ လေ့ကျင့်ခန်းတွေပြုလုပ်ခဲ့ရပါတယ်။

Photo – Internet

ဆန်ချိုဟာ ဒေါ့မန်ရဲ့အဓိက ကျသူဖြစ်ပြီး ခြေစွမ်းလည်းကောင်းပေမယ့် စည်းကမ်းဖောက်ဖျက်တာဒီတစ်ခါတည်း မဟုတ်လို့ အခုလိုအရေးယူရတဲ့အထိဖြစ်လာခဲ့တာလို့လည်း သိရပါတယ်။ သူဟာ ဒီရာသီမှာလေ့ကျင့်ရေးကွင်းကို အရောက်နောက်ကျခဲ့တဲ့ ဖြစ်ရပ်တွေရှိခဲ့တာကြောင့် နည်းပြဖာဗရီက ဒေါသထွက်နေခဲ့တာပါ။

Photo – Internet

ဒေါ့မန်အသင်းအားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကလည်း ဆန်ချိုကိုအရေးယူရုံကလွဲပြီး အခြားနည်းလမ်းမရှိခဲ့ဘူးလို့ ပြောသွားပါတယ်။ သူက” ဆန်ချိုဟာ အရမ်းကိုရည်မွန်တဲ့ ချာတိတ်ပါ။ အသက်လည်းငယ်ပါသေးတယ်။အခုဆုံးဖြတ်ချက်ကို အလွယ်တကူနဲ့ ချမှတ်ခဲ့တာမဟုတ်ပါဘူး။ အခြားရွေးစရာ လမ်းမရှိလို့ပါ” လို့ပြောသွားပါတယ်။သူ့ကိုလူစာရင်းကနေထုတ်ခဲ့တာကတော့ ဂလတ်ဘတ်နဲ့ တစ်ပွဲတည်းသာဖြစ်ပြီး လာမယ့်ပွဲတွေမှာပြန်ပါမှာလို့ မိုက်ကယ်ဇော့က ဆက်ပြောပါတယ်။

Photo – Internet

ဆန်ချိုဟာ ဘူလ်ဂေးရီးယားနဲ့ ပွဲအပြီးမှာ လန်ဒန်ကိုဝင်ပြီး မိသာားစုနဲ့ တွေ့ဆုံခဲ့တဲ့အတွက် အပြန်နောက်ကျသွားရတာဖြစ်တယ်လို့ ဆိုပါတယ်။သူဟာ ဒီရာသီမှာဒေါ့မန်အတွက် ၃ ဂိုးသွင်းပြီး ၆ ဂိုးဖန်တီးပေးထားပါတယ်။

Photo – Internet

Zawgyi

အသင္းရဲ႕ စည္းကမ္းေဖာက္ဖ်က္ခဲ့လို႔ ဆန္ခ်ဳိ ေပါင္ ၈၆၀၀၀ ဒဏ္ရိုက္ခံရ

ေဒါ့မန္အသင္းဟာ ကလပ္ရဲ႕စည္းကမ္းပိုင္းကိုေဖာက္ဖ်က္ခဲ့တဲ႔ ေတာင္ပံကစားသမားဆန္ခ်ဳိကို ဒဏ္ေငြေပါင္ ၈၆၀၀၀ တပ္ရိုက္ခဲ့တယ္လို႔သိရပါတယ္။ ဆန္ခ်ဳိဟာ အဂၤလန္အသင္းအတြက္ ႏိုင္ငံတကာပြဲကစားၿပီးေနာက္ အသင္းကိုျပန္လာရာမွာ ေနာက္က်ခဲ့တဲ႔အတြက္ အခုလိုအေရးယူခံလိုက္ရတာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ႔ ဆန္ခ်ဳိဟာ သတ္မွတ္ခ်ိန္ထက္ ၂၄ နာရီနီးပါးေနာက္က်ၿပီးမွ အသင္းကိုျပန္လည္ေရာက္ရွိ လာတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ႔ စေနေန႔က ဂလတ္ဘတ္ကို ၁-၀ နဲ႔ႏိုင္ခဲ့တဲ႔ ပြဲလူစာရင္းမွာ နည္းျပဖာဗရီက သူ႔ကိုထည့္သြင္းခဲ့ျခင္း မရွိဘဲ အေရးယူခဲ့ပါေသးတယ္။ ဒါေၾကာင့္လည္း ဆန္ခ်ဳိဟာ မိုးရြာႀကီးထဲမွာ တစ္ေယာက္တည္းဘဲ ေလ႔က်င့္ခန္းေတြျပဳလုပ္ခဲ့ရပါတယ္။

ဆန္ခ်ဳိဟာ ေဒါ့မန္ရဲ႕အဓိက က်သူျဖစ္ၿပီး ေျခစြမ္းလည္းေကာင္းေပမယ္႔ စည္းကမ္းေဖာက္ဖ်က္တာဒီတစ္ခါတည္း မဟုတ္လို႔ အခုလိုအေရးယူရတဲ႔အထိျဖစ္လာခဲ့တာလို႔လည္း သိရပါတယ္။ သူဟာ ဒီရာသီမွာေလ႔က်င့္ေရးကြင္းကို အေရာက္ေနာက္က်ခဲ့တဲ႔ ျဖစ္ရပ္ေတြရွိခဲ့တာေၾကာင့္ နည္းျပဖာဗရီက ေဒါသထြက္ေနခဲ့တာပါ။

ေဒါ့မန္အသင္းအားကစားဒါရိုက္တာ မိုက္ကယ္ေဇာ႔ကလည္း ဆန္ခ်ဳိကိုအေရးယူရုံကလြဲၿပီး အျခားနည္းလမ္းမရွိခဲ့ဘူးလို႔ ေျပာသြားပါတယ္။ သူက” ဆန္ခ်ဳိဟာ အရမ္းကိုရည္မြန္တဲ႔ ခ်ာတိတ္ပါ။ အသက္လည္းငယ္ပါေသးတယ္။အခုဆုံးျဖတ္ခ်က္ကို အလြယ္တကူနဲ႔ ခ်မွတ္ခဲ့တာမဟုတ္ပါဘူး။ အျခားေရြးစရာ လမ္းမရွိလို႔ပါ” လို႔ေျပာသြားပါတယ္။

သူ႔ကိုလူစာရင္းကေနထုတ္ခဲ့တာကေတာ႔ ဂလတ္ဘတ္နဲ႔ တစ္ပြဲတည္းသာျဖစ္ၿပီး လာမယ္႔ပြဲေတြမွာျပန္ပါမွာလို႔ မိုက္ကယ္ေဇာ႔က ဆက္ေျပာပါတယ္။ ဆန္ခ်ဳိဟာ ဘူလ္ေဂးရီးယားနဲ႔ ပြဲအၿပီးမွာ လန္ဒန္ကို၀င္ၿပီး မိသာားစုနဲ႔ ေတြ႔ဆုံခဲ့တဲ႔အတြက္ အျပန္ေနာက္က်သြားရတာျဖစ္တယ္လို႔ ဆိုပါတယ္။သူဟာ ဒီရာသီမွာေဒါ့မန္အတြက္ ၃ ဂိုးသြင္းၿပီး ၆ ဂိုးဖန္တီးေပးထားပါတယ္။