အသင်းဖော်ဟောင်းစီရော်နယ်ဒိုထက် မက်ဆီကိုသာ ရွေးချယ်ခဲ့တဲ့ ရွိုင်ယန်ဂစ်

photo-the sun

photo-gettyimages

ဘယ်သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးလဲဆိုတဲ့ နှစ်ဖက်ပရိသတ်တွေကြား မဆုံးနိုင်တော့တဲ့ကာလရှည်ကြာအငြင်းပွားမှုမှာ မန်ယူဂန္ထဝင်ဟောင်းရွိုင်ယန်ဂစ်ကတော့ အသင်းဖော်ဟောင်းစီရော်နယ်ဒိုထက် မက်ဆီကိုသာ အံ့အားသင့်ဖွယ်ရွေးချယ်လိုက်ပါတယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံးတွေဖြစ်ကြတဲ့ မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ ဒီဘက်ခေတ်ရဲ့ပြိုင်ဘက်ကင်းတွေဖြစ်ကြပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballon d’Or ဆုကို ၅ ကြိမ်စီရထားကြသူတွေပါ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်သူက ပိုကောင်းတယ်ဆိုတာနဲ့ပတ်သက်လို့ ပရိသတ်တွေဟာ အမြင်အမျိုးမျိုးရှိကြပါတယ်။

photo-REX

ဒါပေမဲ့လည်း အဲဒါနဲ့ပတ်သက်လို့ ရွိုင်ယန်ဂစ်ရဲ့အဖြေက မမျှော်လင့်ထားစရာဖြစ်နေသလို ခိုင်လုံတဲ့အကြောင်းပြချက်လည်း ရှိနေပါတယ်။ ဂစ်နဲ့စီရော်နယ်ဒိုတို့ဟာ မန်ယူမှာ ၆ နှစ်ကြာအတူတွဲကစားဖူးကြသူတွေ ဖြစ်ပါတယ်။ အဲဒီ ၆ နှစ်တာမှာ သူတို့ ၂ ယောက်ဟာ ပရီးမီးယားလိဂ် ၃ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ရရှိခဲ့ကြပါတယ်။

photo-gettyimages

မက်ဆီနဲ့စီရော်နယ်ဒို ဘယ်သူက အကောင်းဆုံးလဲလို့ မေးမြန်းခံရတော့ ရွိုင်ယန်ဂစ်က”စီရော်နယ်ဘက်ကို ကျွန်တော် အနည်းငယ်ယိမ်းမယ်ဆိုတာ သိသာမှာပါ။ ဘာကြောင့်လဲဆိုတော့ သူနဲ့အတူ ကစားခဲ့တာဖြစ်ပြီး ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ဖွဲ့ဖြိုးမှုကို ကျွန်တော်မြင်ခဲ့ရတာပါ။ ဒါပေမဲ့ မက်ဆီကတော့ ပါရမီရှင်တစ်ယောက်ပါ။ တစ်သက်မှာ တစ်ခါသာမြင်ရမယ့်ကစားသမားတစ်ယောက်ပါပဲ။ ဒီတော့ အဖြေက ရိုးရှင်းပါတယ်”လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

[Zawgyi]

အသင္းေဖာ္ေဟာင္းစီေရာ္နယ္ဒိုထက္ မက္ဆီကိုသာ ေရြးခ်ယ္ခဲ့တဲ့ ရြိဳင္ယန္ဂစ္

ဘယ္သူက ကမာၻေပၚမွာ အေကာင္းဆုံးလဲဆုိတဲ့ ႏွစ္ဖက္ပရိသတ္ေတြၾကား မဆုံးႏိုင္ေတာ့တဲ့ကာလရွည္ၾကာအျငင္းပြားမႈမွာ မန္ယူဂႏၳ၀င္ေဟာင္းရြိဳင္ယန္ဂစ္ကေတာ့ အသင္းေဖာ္ေဟာင္းစီေရာ္နယ္ဒိုထက္ မက္ဆီကိုသာ အံ့အားသင့္ဖြယ္ေရြးခ်ယ္လိုက္ပါတယ္။ လက္ရွိကမာၻ႔အေကာင္းဆုံးေတြျဖစ္ၾကတဲ့ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ဟာ ဒီဘက္ေခတ္ရဲ႕ၿပိဳင္ဘက္ကင္းေတြျဖစ္ၾကၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ Ballon d’Or ဆုကို ၅ ႀကိမ္စီရထားၾကသူေတြပါ။ သူတုိ႔ႏွစ္ေယာက္ၾကားမွာ ဘယ္သူက ပိုေကာငး္တယ္ဆိုတာန႔ဲပတ္သက္လုိ႔ ပရိသတ္ေတြဟာ အျမင္အမ်ိဳးမ်ိဳးရွိၾကပါတယ္။

ဒါေပမဲ့လည္း အဲဒါနဲ႔ပတ္သက္လို႔ ရြိဳင္ယန္ဂစ္ရဲ႕အေျဖက မေမွ်ာ္လင့္ထားစရာျဖစ္ေနသလို ခုိင္လုံတဲ့အေၾကာင္းျပခ်က္လည္း ရွိေနပါတယ္။ ဂစ္နဲ႔စီေရာ္နယ္ဒုိတို႔ဟာ မန္ယူမွာ ၆ ႏွစ္ၾကာအတူတြဲကစားဖူးၾကသူေတြ ျဖစ္ပါတယ္။ အဲဒီ ၆ ႏွစ္တာမွာ သူတို႔ ၂ ေယာက္ဟာ ပရီးမီးယားလိဂ္ ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၁ ႀကိမ္ရရွိခဲ့ၾကပါတယ္။

မက္ဆီနဲ႔စီေရာ္နယ္ဒို ဘယ္သူက အေကာင္းဆုံးလဲလုိ႔ ေမးျမန္းခံရေတာ့ ရြိဳင္ယန္ဂစ္က”စီေရာ္နယ္ဘက္ကို ကၽြန္ေတာ္ အနည္းငယ္ယိမ္းမယ္ဆုိတာ သိသာမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူနဲ႔အတူ ကစားခဲ့တာျဖစ္ၿပီး ကစားသမားတစ္ေယာက္အေနနဲ႔ သူ႔ရဲ႕ဖြဲ႕ၿဖိဳးမႈကို ကၽြန္ေတာ္ျမင္ခဲ့ရတာပါ။ ဒါေပမဲ့ မက္ဆီကေတာ့ ပါရမီရွင္တစ္ေယာက္ပါ။ တစ္သက္မွာ တစ္ခါသာျမင္ရမယ့္ကစားသမားတစ္ေယာက္ပါပဲ။ ဒီေတာ့ အေျဖက ရိုးရွင္းပါတယ္”လို႔ ျပန္လည္ေျဖၾကားခဲ့တာပါ။