အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုသာလို့ပြောပြီး နားဖို့မစဉ်းစားသေးကြောင်း ဆိုလိုက်တဲ့စီရော်နယ်ဒို

photo-gettyimages

photo-REX

ဂျူဗင်တပ်တိုက်စစ်မှုးစီရော်နယ်ဒိုက လက်ရှိအချိန်ထိ ကစားသမားဘဝကနေ အနားယူဖို့အကြောင်းကို စဉ်းစားသေးခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အသက် ၃၄ နှစ်အရွယ် အဲဒီပေါ်တူဂီသားက ဘောလုံးပြင်ပမှာလည်း သူ့ကိုယ်သူပျော်အောင်နေနိုင်ပေမယ့် မကြာခင်အထိ အနားယူဖို့ အစီအစဉ်မရှိဘူးလို့ ရှင်းရှင်းလင်းလင်းပြောခဲ့တာပါ။ ဒါ့အပြင် စီရော်နယ်ဒိုက ကွင်းထဲက သူ့ရဲ့စွမ်းဆောာင်မှုဟာ အမြင့်ဆုံးအဆင့်မှာ တန်ဖိုးထားခံနေရဆဲဆိုတာကို ပြသနေတာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

photo-gettyimages

”အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာပါပဲ။ ကစားသမားဘဝရဲ့အဆုံးသတ်က ၃၄၊၃၅၊၃၆ လို့ မဆိုလိုပါဘူး။ ကျွန်တော့်စွမ်းဆောင်မှု၊ ကျွန်တော့်ကစားပုံ၊ထက်မြက်နေဆဲဖြစ်တဲ့ ကျွန်တော်ဘောလုံးအတွေးအမြင်နဲ့ ပိုမိုရင့်ကျက်လာမှုတို့ကြောင့် အဲဒါကို ကျွန်တော်ပြနိုင်ပါတယ်။ အဲဒါတွေကပဲ ခြားနားသွားစေတာပါ”လု့ိ စီရော်နယ်ဒိုက ပြောခဲ့တာပါ။

photo-AP

စီရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ Ballond’Or ဆုအတွက် နောက်ဆုံးဆန်ခါတင် ၃၀ ဦးစာရင်းထဲမှာ ရွေးချယ်ခံထားရပါတယ်။ ဒါပေမဲ့လည်း တစ်ဦးချင်းဆုတွေထက် အသင်းနဲ့အတူ ဆုဖလားတွေရဖို့ကိုသာ အာရုံစိုက်ထားကြောင်း စီရော်နယ်ဒိုက ပြောခဲ့ပါတယ်။ ”ကျွန်တော်တို့ဟာ စီးရီးအေမှာ ဗိုလ်စွဲချင်ပါတယ်။ ကိုပါအီတာလီယာနဲ့ ချန်ပီယံလိဂ်တို့မှာလည်း ဗိုလ်စွဲချင်ပါတယ်။ ဂျူဗင်တပ်ဟာ အကြီးကြီး တွေးသင့်တာပါ။ ဆုဖလားအားလုံးရဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ခက်ခဲမှာ သိပါတယ်။ အထူးသဖြင့် စီးရီးအေနဲ့ချန်ပီယံလိဂ်မှာပါ။ ဒါပေမဲ့ အဲဒါဟာ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ အရာအားလုံးဟာ ဖြစ်နိုင်ပါတယ်။ အသင်းလိုက်အောင်မြင်မှသာ တစ်ဦးချင်းဆုတွေရဖို့ ပိုအခွင့်အလမ်းကောင်းမှာပါ။ Ballond’Or က ကျွန်တော့်အတွက်တော့ ဒုတိယနေရာပါပဲ”လို့ စီရော်နယ်ဒိုက ဆက်ပြောခဲ့ပါတယ်။

[Zawgyi]

အသက္ဆုိတာ ကိန္းဂဏန္းတစ္ခုသာလုိ႔ေျပာၿပီး နားဖို႔မစဥ္းစားေသးေၾကာင္း ဆုိလုိက္တဲ့စီေရာ္နယ္ဒို

ဂ်ဴဗင္တပ္တိုက္စစ္မႈးစီေရာ္နယ္ဒိုက လက္ရွိအခ်ိန္ထိ ကစားသမားဘ၀ကေန အနားယူဖို႔အေၾကာင္းကို စဥ္းစားေသးျခင္းမရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အသက္ ၃၄ ႏွစ္အရြယ္ အဲဒီေပၚတူဂီသားက ေဘာလုံးျပင္ပမွာလည္း သူ႔ကိုယ္သူေပ်ာ္ေအာင္ေနႏိုင္ေပမယ့္ မၾကာခင္အထိ အနားယူဖို႔ အစီအစဥ္မရွိဘူးလုိ႔ ရွင္းရွင္းလင္းလင္းေျပာခဲ့တာပါ။ ဒါ့အျပင္ စီေရာ္နယ္ဒိုက ကြင္းထဲက သူ႔ရဲ႕စြမ္းေဆာာင္မႈဟာ အျမင့္ဆုံးအဆင့္မွာ တန္ဖုိးထားခံေနရဆဲဆိုတာကို ျပသေနတာျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

”အသက္အရြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုသာပါပဲ။ ကစားသမားဘ၀ရဲ႕အဆုံးသတ္က ၃၄၊၃၅၊၃၆ လို႔ မဆုိလိုပါဘူး။ ကၽြန္ေတာ့္စြမ္းေဆာင္မႈ၊ ကၽြန္ေတာ့္ကစားပုံ၊ထက္ျမက္ေနဆဲျဖစ္တဲ့ ကၽြန္ေတာ္ေဘာလုံးအေတြးအျမင္နဲ႔ ပိုမိုရင့္က်က္လာမႈတုိ႔ေၾကာင့္ အဲဒါကို ကၽြန္ေတာ္ျပႏိုင္ပါတယ္။ အဲဒါေတြကပဲ ျခားနားသြားေစတာပါ”လု႔ိ စီေရာ္နယ္ဒုိက ေျပာခဲ့တာပါ။

စီေရာ္နယ္ဒိုဟာ ကမာၻ႔အေကာင္းဆုံးကစားသမားဆုျဖစ္တ့ဲ Ballond’Or ဆုအတြက္ ေနာက္ဆုံးဆန္ခါတင္ ၃၀ ဦးစာရင္းထဲမွာ ေရြးခ်ယ္ခံထားရပါတယ္။ ဒါေပမဲ့လည္း တစ္ဦးခ်င္းဆုေတြထက္ အသင္းနဲ႔အတူ ဆုဖလားေတြရဖို႔ကိုသာ အာရုံစိုက္ထားေၾကာင္း စီေရာ္နယ္ဒိုက ေျပာခဲ့ပါတယ္။ ”ကၽြန္ေတာ္တုိ႔ဟာ စီးရီးေအမွာ ဗိုလ္စြဲခ်င္ပါတယ္။ ကိုပါအီတာလီယာနဲ႔ ခ်န္ပီယံလိဂ္တို႔မွာလည္း ဗုိလ္စြဲခ်င္ပါတယ္။ ဂ်ဴဗင္တပ္ဟာ အႀကီးႀကီး ေတြးသင့္တာပါ။ ဆုဖလားအားလုံးရဖို႔ ကၽြန္ေတာ္တို႔ ႀကိဳးစားသြားမွာပါ။ ခက္ခဲမွာ သိပါတယ္။ အထူးသျဖင့္ စီးရီးေအနဲ႔ခ်န္ပီယံလိဂ္မွာပါ။ ဒါေပမဲ့ အဲဒါဟာ ျဖစ္ႏိုင္တယ္လို႔ ထင္ပါတယ္။ အရာအားလုံးဟာ ျဖစ္ႏို္င္ပါတယ္။ အသင္းလုိက္ေအာင္ျမင္မွသာ တစ္ဦးခ်င္းဆုေတြရဖို႔ ပိုအခြင့္အလမ္းေကာင္းမွာပါ။ Ballond’Or က ကၽြန္ေတာ့္အတြက္ေတာ့ ဒုတိယေနရာပါပဲ”လို႔ စီေရာ္နယ္ဒိုက ဆက္ေျပာခဲ့ပါတယ္။