အရာအားလုံးဖြစ်နိုင်သေးတယ်လို့ ဒေါ့တ်မန်နည်းပြဖာဗရီပြော

PC ; Internet

အင်တာမီလန်ကိုရှုံးပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်ဖို့ မျှော်လင့်ချက်ရှိနေဆဲလို့ ဒေါ့တ်မန်နည်းပြလူစီယန်ဖာဗရီက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ဘွန်ဒက်စ်လီဂါကလပ်ဟာ မီလန်မြို့က ဆန်စီရိုကွင်းမှာ အင်တာမီလန်ကိုရှုံးပြီး ရမှတ်တူဂိုးကွာခြားချက်နဲ့ အုပ်စုတတိယနေရာရောက်နေပါတယ်။ဒေါ့တ်မန်ဟာ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားမှာလည်း ထိပ်ဆုံးက မိုချင်ဂလက်ဘတ်နဲ့ ၁မှတ်အကွာ စတုတ္ထနေရာမှာရှိနေပေမယ့် နည်းပြဖာဗရီရဲ့အနာဂတ်ကတော့ မော်ရင်ညိုနဲ့အစားထိုးမယ်ဆိုတဲ့ သတင်းတွေကြားမှာတည်ငြိမ်မှုမရှိဖြစ်နေပါတယ်။

PC ; Internet

“ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပါတယ်။ပထမပိုင်းမှာ သိပ်ကိုမာကျောခဲ့တာပါ။ပထမဂိုးပေးလိုက်ရတာတော့ အတော်ဆိုးပါတယ်။အဲဒါကလွဲလို့ အားလုံးအိုခေပါပဲ။အခွင့်အရေးတွေအများကြီးမရခဲ့ပေမယ့် ကစားပုံကတော့ကောင်းမွန်ခဲ့ပါတယ်။အင်တာမီလန်လိုအသင်းမျိုးနဲ့ရင်ဆိုင်ရာမှာ အခွင့်အရေး ၁၀ကြိမ်လောက်ရလိမ့်မယ်လို့ ကျွန်တော်တို့မမျှော်လင့်ထားပါဘူး။ဒီအုပ်စုက တကယ်ကျပ်ပါတယ်။ဒါပေမဲ့ အရာအားလုံးဟာဖြစ်နိုင်ပါသေးတယ် ” လို့ ဖာဗရီကပြောဆိုသွားတာပါ။

PC ; Internet

ဒါပေမဲ့ မနှစ်က ချန်ပီယံဘိုင်ယန်မြူးနစ်နောက် ဒုတိယနေရာနဲ့ရာသီသိမ်းနိုင်ခဲ့သည့်တိုင် ဖာဗရီဟာ ဝေဖန်မှုတွေမလွတ်သေးပါဘူး။” အကြောင်းအရာတစ်ချို့ကလွဲချော်နေပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာ ကျွန်တော်တို့ ၂-၀ ဂိုးနဲ့ရှုံးဖို့ မလိုအပ်ပါဘူး။အသင်းကို ဘယ်လိုပြုပြင်ပြောင်းလဲရမယ်ဆိုတာ နည်းပြမှာစိတ်ကူးရှိပါတယ်။အတော်လေးလည်း ကောင်းအောင်လုပ်နေပါတယ်။ကျွန်တော်တို့ အများကြီးတော့ခွင့်မပြုပါဘူး။

PC ; Internet

ဒါပေမဲ့ ဒီနေ့ပွဲမှာ အဖွင့်ဂိုးအတွက်တော့ ကျွန်တော်တို့ အိပ်ပျော်နေခဲ့ပါတယ်။နည်းဗျူဟာပိုင်းမှာ ပြသနာရှိနေတယ်လို့တော့ ကျွန်တော်မထင်ပါဘူး ” လို့ ဒေါ့တ်မန်အထွေထွေမန်နေဂျာ ဆီဘက်စတီယန်ခဲလ်က ပြောဆိုလိုက်တာပါ။

(zawgyi)

အင္တာမီလန္ကိုရံႈးေပမယ့္ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကိုေက်ာ္ျဖတ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနဆဲလို႔ ေဒါ့တ္မန္နည္းျပလူစီယန္ဖာဗရီက ထုတ္ေဖၚေျပာဆိုလိုက္ပါတယ္။ဘြန္ဒက္စ္လီဂါကလပ္ဟာ မီလန္ၿမိဳ႔က ဆန္စီရိုကြင္းမွာ အင္တာမီလန္ကိုရံႈးၿပီး ရမွတ္တူဂိုးကြာျခားခ်က္နဲ႔ အုပ္စုတတိယေနရာေရာက္ေနပါတယ္။ေဒါ့တ္မန္ဟာ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားမွာလည္း ထိပ္ဆံုးက မိုခ်င္ဂလက္ဘတ္နဲ႔ ၁မွတ္အကြာ စတုတၳေနရာမွာရွိေနေပမယ့္ နည္းျပဖာဗရီရဲ႕အနာဂတ္ကေတာ့ ေမာ္ရင္ညိဳနဲ႔အစားထိုးမယ္ဆိုတဲ့ သတင္းေတြၾကားမွာတည္ၿငိမ္မႈမရွိျဖစ္ေနပါတယ္။“ ကၽြန္ေတာ္တို႔ ကစားပံုေကာင္းခဲ့ပါတယ္။ပထမပိုင္းမွာ သိပ္ကိုမာေက်ာခဲ့တာပါ။ပထမဂိုးေပးလိုက္ရတာေတာ့ အေတာ္ဆိုးပါတယ္။အဲဒါကလြဲလို႔ အားလံုးအိုေခပါပဲ။အခြင့္အေရးေတြအမ်ားႀကီးမရခဲ့ေပမယ့္ ကစားပံုကေတာ့ေကာင္းမြန္ခဲ့ပါတယ္။အင္တာမီလန္လိုအသင္းမ်ိဳးနဲ႔ရင္ဆိုင္ရာမွာ အခြင့္အေရး ၁၀ႀကိမ္ေလာက္ရလိမ့္မယ္လို႔ ကၽြန္ေတာ္တို႔မေမွ်ာ္လင့္ထားပါဘူး။ဒီအုပ္စုက တကယ္က်ပ္ပါတယ္။ဒါေပမဲ့ အရာအားလံုးဟာျဖစ္ႏိုင္ပါေသးတယ္ ” လို႔ ဖာဗရီကေျပာဆိုသြားတာပါ။ဒါေပမဲ့ မႏွစ္က ခ်န္ပီယံဘိုင္ယန္ျမဴးနစ္ေနာက္ ဒုတိယေနရာနဲ႔ရာသီသိမ္းႏိုင္ခဲ့သည့္တိုင္ ဖာဗရီဟာ ေ၀ဖန္မႈေတြမလြတ္ေသးပါဘူး။” အေၾကာင္းအရာတစ္ခ်ိဳ႕ကလြဲေခ်ာ္ေနပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ဒီေန႔ပြဲမွာ ကၽြန္ေတာ္တို႔ ၂-၀ ဂိုးနဲ႔ရံႈးဖို႔ မလိုအပ္ပါဘူး။အသင္းကို ဘယ္လိုျပဳျပင္ေျပာင္းလဲရမယ္ဆိုတာ နည္းျပမွာစိတ္ကူးရွိပါတယ္။အေတာ္ေလးလည္း ေကာင္းေအာင္လုပ္ေနပါတယ္။ကၽြန္ေတာ္တို႔ အမ်ားႀကီးေတာ့ခြင့္မျပဳပါဘူး။ဒါေပမဲ့ ဒီေန႔ပြဲမွာ အဖြင့္ဂိုးအတြက္ေတာ့ ကၽြန္ေတာ္တို႔ အိပ္ေပ်ာ္ေနခဲ့ပါတယ္။နည္းဗ်ဴဟာပိုင္းမွာ ျပသနာရွိေနတယ္လို႔ေတာ့ ကၽြန္ေတာ္မထင္ပါဘူး ” လို႔ ေဒါ့တ္မန္အေထြေထြမန္ေနဂ်ာ ဆီဘက္စတီယန္ခဲလ္က ေျပာဆိုလိုက္တာပါ။