အယ္ခမာနဲ႔ ပြဲမွာ ေပါ့ဂ္ဘာမပါရျခင္းအေၾကာင္းကို ဆိုးလ္ရွားဖြင့္ဟ

Photo- Internet
Photo- Internet

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက အယ္ခမာကြင္းရဲ႕ျမင္ခင္းတုဟာ ဒဏ္ရာရႏိုင္ေျချမင့္မားတဲ႔အတြက္ ကြင္းလယ္လူေပါ့ဂ္ဘာကို လူစာရင္းကေနခ်န္လွပ္ထားခဲ့ရျခင္းျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ အဲဒီပြဲအတြက္ မန္ယူရဲ႕လူစာရင္းမွာ ေပါ့ဂ္ဘာအျပင္ ၀မ္ဘစ္ဆာကာလည္း ပါ၀င္ခဲ့ျခင္းမရွိပါဘူး။

အယ္ခမာဟာ သူတို႔ရဲ႕အိမ္ကြင္းအမိုးၿပိဳက်ခဲ့မႈကို ျပန္လည္ျပင္ဆင္ေနရတဲ႔အတြက္ မန္ယူနဲ႔ပြဲကို သည္ဟိဂ္ၿမိဳ႕မွာရွိတဲ႔ ADO ကြင္းမွာကစားမွာျဖစ္ပါတယ္။ ဒီကြင္းျမက္ခင္းျပင္ဟာ ပလတ္စတစ္နဲ႔ျပဳလုပ္ထားတဲ႔ ျမက္ခင္းတုျဖစ္ၿပီး နယ္သာလန္မွာေတာင္ အဆိုးဆုံးစာရင္းထဲပါ၀င္ေနတာျဖစ္ပါတယ္။

Photo- Internet

ဆိုးလ္ရွားဟာ ေနာ္ေ၀မွာ မိုလ္ဒီကိုတာ၀န္ယူခဲ့တုန္းက ျမင္ခင္းတုကြင္းေတြကိုေတြ႔ႀကဳံခဲ့ဘူးေပမယ္႔ အယ္ခမာနဲ႔ကစားရမယ္႔ ကြင္းကေတာ႔ သူျမင္ေတြ႔ခဲ့ဘူးသမွ်ထဲမွာအဆိုးဆုံးျဖစ္တယ္လို႔ မွတ္ခ်က္ျပဳပါတယ္။ ကြင္းရဲ႕ျမင္ခင္းတုဟာ ထင္ထားတာထက္ပိုမိုမာေက်ာေနတယ္လို႔လည္း သူကဆိုပါတယ္။

Photo- Internet

ဆိုးလ္ရွားက”ဒီက ရာသီဥတု နဲ႔ဒီလိုျမက္ခင္းတုသုံးတာကို က်ြန္ေတာ္အံအားသင့္ရပါတယ္။ က်ြန္ေတာ္တို႔လို ေျမာက္၀င္ရိုးစြန္းမွာေနတဲ႔ သူေတြအဖို႔ေတာ႔ ရာသီဥတုေၾကာင့္ ျမက္ခင္းအစစ္ကို မသုံးႏိုင္ရတဲ႔အခ်ိန္ၾကာျမင့္တဲ႔ ႏိုင္ငံမ်ဳိး မွာသုံးရင္ေတာ႔ တစ္မ်ဳိးေပါ့။ ေနာ္ေ၀မွာဆိုရင္ မတ္လ၊ ဒီဇင္ဘာနဲ႔ ႏို၀င္ဘာတို႔မွာ ျမက္ခင္းအစစ္ကိုလုံး၀သုံးလို႔မရပါဘူး။ က်ြန္ေတာ္သာ ဒီက ကလပ္ကိုစီမံခန္႔ခြဲသူဆိုရင္ အခုခ်ိန္မွာျမက္ခင္းတုကို သုံးမွာမဟုတ္ပါဘူး။

Photo- Internet

ေနာ္ေ၀မွာ ျမက္ခင္းတု ကြင္းေတြအမ်ားႀကီးႀကံဳခဲ့ဘူးေပမယ္႔ ဒီကြင္းက က်ြန္ေတာ္ျမင္ခဲ့သမွ်ေတြထဲမွာအဆိုးဆုံးပါဘဲ။ ေပါ့ဂ္ဘာဟာ ဒဏ္ရာကသက္သာလာကစျဖစ္တဲ႔အတြက္ ဒီကြင္းျမက္ခင္းေၾကာင့္ သူဒဏ္ရာထပ္ရႏိုင္ေျခမ်ားလို႔ လူစာရင္းမွာမထည့္ခဲ့တာပါ” လို႔ေျပာသြားပါတယ္။

Photo- Internet

Zawgyi

အယ်ခမာနဲ့ ပွဲမှာ ပေါ့ဂ်ဘာမပါရခြင်းအကြောင်းကို ဆိုးလ်ရှားဖွင့်ဟ
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အယ်ခမာကွင်းရဲ့မြင်ခင်းတုဟာ ဒဏ်ရာရနိုင်ခြေမြင့်မားတဲ့အတွက် ကွင်းလယ်လူပေါ့ဂ်ဘာကို လူစာရင်းကနေချန်လှပ်ထားခဲ့ရခြင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အဲဒီပွဲအတွက် မန်ယူရဲ့လူစာရင်းမှာ ပေါ့ဂ်ဘာအပြင် ဝမ်ဘစ်ဆာကာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။အယ်ခမာဟာ သူတို့ရဲ့အိမ်ကွင်းအမိုးပြိုကျခဲ့မှုကို ပြန်လည်ပြင်ဆင်နေရတဲ့အတွက် မန်ယူနဲ့ပွဲကို သည်ဟိဂ်မြို့မှာရှိတဲ့ ADO ကွင်းမှာကစားမှာဖြစ်ပါတယ်။ ဒီကွင်းမြက်ခင်းပြင်ဟာ ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ မြက်ခင်းတုဖြစ်ပြီး နယ်သာလန်မှာတောင် အဆိုးဆုံးစာရင်းထဲပါဝင်နေတာဖြစ်ပါတယ်။ဆိုးလ်ရှားဟာ နော်ဝေမှာ မိုလ်ဒီကိုတာဝန်ယူခဲ့တုန်းက မြင်ခင်းတုကွင်းတွေကိုတွေ့ကြုံခဲ့ဘူးပေမယ့် အယ်ခမာနဲ့ကစားရမယ့် ကွင်းကတော့ သူမြင်တွေ့ခဲ့ဘူးသမျှထဲမှာအဆိုးဆုံးဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။ ကွင်းရဲ့မြင်ခင်းတုဟာ ထင်ထားတာထက်ပိုမိုမာကျောနေတယ်လို့လည်း သူကဆိုပါတယ်။ဆိုးလ်ရှားက”ဒီက ရာသီဥတု နဲ့ဒီလိုမြက်ခင်းတုသုံးတာကို ကျွန်တော်အံအားသင့်ရပါတယ်။ ကျွန်တော်တို့လို မြောက်ဝင်ရိုးစွန်းမှာနေတဲ့ သူတွေအဖို့တော့ ရာသီဥတုကြောင့် မြက်ခင်းအစစ်ကို မသုံးနိုင်ရတဲ့အချိန်ကြာမြင့်တဲ့ နိုင်ငံမျိုး မှာသုံးရင်တော့ တစ်မျိုးပေါ့။ နော်ဝေမှာဆိုရင် မတ်လ၊ ဒီဇင်ဘာနဲ့ နိုဝင်ဘာတို့မှာ မြက်ခင်းအစစ်ကိုလုံးဝသုံးလို့မရပါဘူး။ ကျွန်တော်သာ ဒီက ကလပ်ကိုစီမံခန့်ခွဲသူဆိုရင် အခုချိန်မှာမြက်ခင်းတုကို သုံးမှာမဟုတ်ပါဘူး။နော်ဝေမှာ မြက်ခင်းတု ကွင်းတွေအများကြီးကြုံခဲ့ဘူးပေမယ့် ဒီကွင်းက ကျွန်တော်မြင်ခဲ့သမျှတွေထဲမှာအဆိုးဆုံးပါဘဲ။ ပေါ့ဂ်ဘာဟာ ဒဏ်ရာကသက်သာလာကစဖြစ်တဲ့အတွက် ဒီကွင်းမြက်ခင်းကြောင့် သူဒဏ်ရာထပ်ရနိုင်ခြေများလို့ လူစာရင်းမှာမထည့်ခဲ့တာပါ” လို့ပြောသွားပါတယ်။