အင်္ဂလန်အသင်းနဲ့ ခြေစစ်ပွဲအပြီးမှာ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ရာထူးမှ နုတ်ထွက်ဖို့ ဝန်ကြီးချုပ် ညွှန်ကြား

Photo Credit

Photo Credit

ယမန်နေ့က ယူရို ၂၀၂၀ ခြေစစ်ပွဲအဖြစ် အင်္ဂလန်အသင်းကို ဝ-၆ဂိုးနဲ့ ဘူလ်ဂေးရီးယားအသင်း ရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်အပြီးမှာ ဘူလ်ဂေးရီးယားဝန်ကြီးချုပ်က ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ရာထူးကနေနုတ်ထွက်ဖို့ ညွှန်ကြားလိုက်ပါတယ်။

Photo Credit

ဝန်ကြီးချုပ် ဘွိုင်ကိုဘိုရီဆော့ဗ်က ဆိုဖီယာမှာ အရှက်ရဖွယ်ရှုံးနိမ့်မှုနဲ့အတူ အင်္ဂလန်ကစားသမားတွေ လူမျိုးရေးခွဲခြားခံရမှုကို ပြစ်တင်ရှုံ့ချလိုက်ပါတယ်။ပထမပိုင်းမှာတင် ဆန္ဒပြမှု နှစ်ကြိမ်ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit

ပထမပိုင်းမှာတင် ကွင်းထဲမှာ အိမ်ရှင်ပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှုတွေ သိသိသာသာ သံပြိုင်ပေါ်ထွက်လာခဲ့ပြီး ဒုတိယပိုင်း ပြန်မစခင်မှာလည်း ဆန္ဒပြမှုတွေနဲ့ အချိန်ကြာနေခဲ့ကာ အဆိုပါဒုတိယပိုင်းမှာပဲ များစွာသောပရိသတ်တွေကကွင်းထဲကနေ ထွက်ခွာသွားခဲ့ကြပါတယ်။

Photo Credit

လူမှုမီဒီယာကနေ လူသိရှင်ကြားထုတ်ပြန်ကြေညာခဲ့ရာမှာတော့ ဘိုရီဆော့ဗ်က လက်ဗ်စကီးဆိုဖီယာနဲ့ ရက်ဒင်းဂိုးသမားဟောင်း မီဟေလော့ဗ် ရာထူးကနေ မနုတ်ထွက်သရွေ့ အစိုးရအနေနဲ့ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို ဘဏ္ဍာရေးထောက်ပံ့မှု ရပ်ဆိုင်းထားမယ်လို့ သတိပေးချက်လည်း ပါဝင်ခဲ့ပါတယ်။

Photo Credit

ဘိုရီဆော့ဗ်ကတော့ လူမှုကွန်ယက်မှာ “ကျွန်တော် ဘိုရီဆလဗ် မီဟေလော့ဗ်ကို ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌရာထူးကနေချက်ချင်းပဲ နုတ်ထွက်စေလိုပါတယ်။ မနေ့က ဘူလ်ဂေရီးယားအသင်းက အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ရပါတယ်”

Photo Credit

”ဒါကျွန်တော်တို့နိုင်ငံအတွက် အတော်ဆိုးတဲ့ ရလဒ်ပါ၊ ကျွန်တော် ဘိုရီဆလက်ဗ် မီဟေလော့ဗ် မနုတ်ထွက်ခင်အထိ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်ကို ငွေကြေးထောက်ပံ့မှုတွေအပါအဝင် အစိုးရရဲ့ပတ်သက်ဆက်နွယ်တွေရပ်ဆိုင်းထားမယ်လို့ အားကစားဝန်ကြီး ကရာလက်ဗ်ကို ညွှန်ကြားထားပါတယ်”လို့ ပါဝင်ခဲ့ပါတယ်။

Photo Credit

ဆက်လက်ပြီး ဘိုရီဆော့ဗ်က ”ကျွန်တော် လုံးဝကိုဒီဖြစ်ရပ်အတွက် ဥက္ကဋ္ဌနဲ့ အချို့သောတာဝန်ရှိသူတွေကို ရှုံ့ချပါတယ်၊ ဒါကဘူလ်ဂေရီးယားအတွက် လက်မခံနိုင်စရာကိစ္စပါ၊ ကျွန်တော်တို့နိုင်ငံက သည်းခံနိုင်မှုအကောင်းဆုံးနိုင်ငံတွေထဲကတစ်ခုပါ၊ ဒီမှာမတူညီတဲ့လူမျိုးတွေ၊ ကိုးကွယ်ယုံကြည်မှုတွေနဲ့ အတူတကွငြိမ်းချမ်းစွာစုပေါင်းနေထိုင်နေကြတာပါ”လို့ ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

Photo Credit

Zawgyi

အဂၤလန္အသင္းနဲ႔ ေျခစစ္ပြဲအၿပီးမွာ ဘူလ္ေဂးရီးယားေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠ႒ကို ရာထူးမွ ႏုတ္ထြက္ဖို႔ ၀န္ႀကီးခ်ဳပ္ ညႊန္ၾကား

ယမန္ေန႔က ယူ႐ို ၂၀၂၀ ေျခစစ္ပြဲအျဖစ္ အဂၤလန္အသင္းကို ၀-၆ဂိုးနဲ႔ ဘူလ္ေဂးရီးယားအသင္း ႐ံႈးနိမ့္ခဲ့ရတဲ့ပြဲစဥ္အၿပီးမွာ ဘူလ္ေဂးရီးယားဝန္ႀကီးခ်ဳပ္က ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ကို ရာထူးကေနႏုတ္ထြက္ဖို႔ ညႊန္ၾကားလုိက္ပါတယ္။
ဝန္ႀကီးခ်ဳပ္ ဘိြဳင္ကိုဘုိရီေဆာ့ဗ္က ဆိုဖီယာမွာ အရွက္ရဖြယ္႐ံႈးနိမ့္မႈနဲ႔အတူ အဂၤလန္ကစားသမားေတြ လူမ်ိဳးေရးခြဲျခားခံရမႈကို ျပစ္တင္ရံႈ႕ခ်လိုက္ပါတယ္။ပထမပိုင္းမွာတင္ ဆႏၵျပမႈ နွစ္ႀကိမ္ရွိခဲ့တာ ျဖစ္ပါတယ္။
ပထမပိုင္းမွာတင္ ကြင္းထဲမွာ အိမ္ရွင္ပရိသတ္ေတြရဲ႕လူမ်ိဳးေရးခြဲျခားမႈေတြ သိသိသာသာ သံၿပိဳင္ေပၚထြက္လာခဲ့ၿပီး ဒုတိယပိုင္း ျပန္မစခင္မွာလည္း ဆႏၵျပမႈေတြနဲ႔ အခ်ိန္ၾကာေနခဲ့ကာ အဆိုပါဒုတိယပိုင္းမွာပဲ မ်ားစြာေသာပရိသတ္ေတြကကြင္းထဲကေန ထြက္ခြာသြားခဲ့ၾကပါတယ္။
လူမႈမီဒီယာကေန လူသိရွင္ၾကားထုတ္ျပန္ေၾကညာခဲ့ရာမွာေတာ့ ဘုိရီေဆာ့ဗ္က လက္ဗ္စကီးဆုိဖီယာနဲ႔ ရက္ဒင္းဂိုးသမားေဟာင္း မီေဟေလာ့ဗ္ ရာထူးကေန မႏုတ္ထြက္သေရြ႕ အစိုးရအေနနဲ႔ ဘူလ္ေဂးရီးယားေဘာလုံးအဖြဲ႕ခ်ဳပ္ကို ဘ႑ာေရးေထာက္ပံ့မႈ ရပ္ဆုိင္းထားမယ္လုိ႔ သတိေပးခ်က္လည္း ပါ၀င္ခဲ့ပါတယ္။
ဘုိရီေဆာ့ဗ္ကေတာ့ လူမႈကြန္ယက္မွာ “ကၽြန္ေတာ္ ဘိုရီဆလဗ္ မီေဟေလာ့ဗ္ကို ဘူလ္ေဂးရီးယားေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠ႒ရာထူးကေနခ်က္ခ်င္းပဲ ႏုတ္ထြက္ေစလိုပါတယ္။ မေန႔က ဘူလ္ေဂရီးယားအသင္းက အရွက္ရဖြယ္႐ံႈးနိမ့္ခဲ့ရပါတယ္”
”ဒါကၽြန္ေတာ္တို႔ႏိုင္ငံအတြက္ အေတာ္ဆိုးတဲ့ ရလဒ္ပါ၊ ကၽြန္ေတာ္ ဘိုရီဆလက္ဗ္ မီေဟေလာ့ဗ္ မႏုတ္ထြက္ခင္အထိ ဘူလ္ေဂးရီးယားေဘာလံုးအဖြဲ႔ခ်ဳပ္ကို ေငြေၾကးေထာက္ပံ့မႈေတြအပါအဝင္ အစိုးရရဲ႕ပတ္သက္ဆက္ႏြယ္ေတြရပ္ဆုိင္းထားမယ္လုိ႔ အားကစား၀န္ႀကီး ကရာလက္ဗ္ကို ညႊန္ၾကားထားပါတယ္”လို႔ ပါ၀င္ခဲ့ပါတယ္။
ဆက္လက္ၿပီး ဘိုရီေဆာ့ဗ္က ”ကၽြန္ေတာ္ လံုးဝကိုဒီျဖစ္ရပ္အတြက္ ဥကၠ႒နဲ႔ အခ်ိဳ႕ေသာတာဝန္ရွိသူေတြကို ႐ံႈ႕ခ်ပါတယ္၊ ဒါကဘူလ္ေဂရီးယားအတြက္ လက္မခံႏိုင္စရာကိစၥပါ၊ ကၽြန္ေတာ္တို႔ႏိုင္ငံက သည္းခံႏိုင္မႈအေကာင္းဆံုးႏိုင္ငံေတြထဲကတစ္ခုပါ၊ ဒီမွာမတူညီတဲ့လူမ်ိဳးေတြ၊ ကိုးကြယ္ယံုၾကည္မႈေတြနဲ႔ အတူတကြျငိမ္းခ်မ္းစြာစုေပါင္းေနထိုင္ေနၾကတာပါ”လို႔ ထပ္ေလာင္းေျပာၾကားသြားခဲ့ပါတယ္။