အင်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်မယ့် မာကိုရူးစ်

Photo Credit

Photo Credit

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်ဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အင်တာအသင်းကို ဧည့်သည်အဖြစ် သွားရောက်ကစားရမယ့် ခရီးစဉ်မှာအဖျားဝေဒနာကြောင့် ဂျာမန်မြေမှာပဲ ကျန်နေခဲ့ရကြောင်းသိရပါတယ်။

Photo Credit

မာကိုရူးစ်ဟာ ကျန်မာရေးသိမ်မကောင်းသလို ဖြစ်နေပေမယ့် စနေနေ့က မိုချန်ဂလာဘတ်အသင်းနဲ့ပွဲစဉ်မှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပါတယ်။

Photo Credit

ထိုနေ့က ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ မိုချန်ဂလာဘတ်အသင်းဘက်ကို မာကိုရူးစ်က ပွဲချိန် ၅၈ မိနစ်မှာ သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။

Photo Credit

ဒါပေမဲ့ ဒေါ့မွန်သတင်းကထုတ်ပြန်ချက်အရ အသက် ၃၀ အရွယ် ဂျာမနီတိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့မှာ မီလန်မြို့ကို သွားရောက်ကစားမယ့် အသင်းရဲ့ခရီးစဉ်မှာ မပါဝင်ဘူးလို့ သိရပါတယ်။

Photo Credit

တိုက်စစ်မှူး အယ်လ်ကာဆာနဲ့ ဘယ်နောက်ခံလူမာဆယ် ရှမယ်ဇာတို့လည်း ကျန်ရစ်ခဲ့ရပြီး နည်းပြလူစီယန်ဖာဗရီက အင်္ဂလန်တာင်ပံကစားသမား ဂျာဒန်ဆန်ချိုဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး အသင်းနဲ့ ပူးပေါင်းတာ နောက်ကျခဲ့တာကြောင့် မိုချန်ဂလာဘတ်နဲ့ပွဲစဉ်မှာ ချန်လှပ်ခဲ့ပေမယ့် အင်တာအသင်းနဲ့ပွဲစဉ်မှာ မာကိုရူးစ်နဲ့ အယ်လ်ကာဆာတို့ မပါဝင်နိုင်လို့ ဆန်ချိုကိုသာ ပြန်လည်အသုံးပြုဖို့ ဖြစ်နိုင်ခြေများနေပါတယ်။

Photo Credit

ချန်ပီယံလိဂ်အုပ်စုအဆင့် Group F မှာ ၂ ပွဲကစားပြီးနောက် ဒေါ့မွန်အသင်းက ဘာစီလိုနာအသင်းကိ ုဂိုးကွာခြားချက်နဲ့ ဦးဆောင်ကာ နည်းပြကွန်တီရဲ့ အင်တာအသင်းထက် ၃ မှတ်အသာနဲ့ အသင်း ၄ သင်းမှာထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။

Zawgyi

အင္တာအသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္မယ့္ မာကို႐ူးစ္

ေဒါ့မြန္အသင္းေခါင္းေဆာင္ မာကို႐ူးစ္ဟာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ အင္တာအသင္းကို ဧည့္သည္အျဖစ္ သြားေရာက္ကစားရမယ့္ ခရီးစဥ္မွာအဖ်ားေဝဒနာေၾကာင့္ ဂ်ာမန္ေျမမွာပဲ က်န္ေနခဲ့ရေၾကာင္းသိရပါတယ္။။
မာကို႐ူးစ္ဟာ က်န္မာေရးသိမ္မေကာင္းသလို ျဖစ္ေနေပမယ့္ စေနေန႔က မိုခ်န္ဂလာဘတ္အသင္းနဲ႔ပြဲစဥ္မွာ မိနစ္ ၉၀ ျပည့္ ပါဝင္ကစားခဲ့ပါတယ္။
ထိုေန႔က ဘြန္ဒက္စ္လီဂါမွာ ထိပ္ဆုံးကဦးေဆာင္ေနတဲ့ မိုခ်န္ဂလာဘတ္အသင္းဘက္ကို မာကို႐ူးစ္က ပြဲခ်ိန္ ၅၈ မိနစ္မွာ သြင္းဂိုးတစ္ဂိုးသြင္းယူေပးခဲ့ပါေသးတယ္။
ဒါေပမဲ့ ေဒါ့မြန္သတင္းကထုတ္ျပန္ခ်က္အရ အသက္ ၃၀ အ႐ြယ္ ဂ်ာမနီတိုက္စစ္မႉးဟာ ဗုဒၶဟူးေန႔မွာ မီလန္ၿမိဳ႕ကို သြားေရာက္ကစားမယ့္ အသင္းရဲ႕ခရီးစဥ္မွာ မပါဝင္ဘူးလို႔ သိရပါတယ္။
တိုက္စစ္မႉး အယ္လ္ကာဆာနဲ႔ ဘယ္ေနာက္ခံလူမာဆယ္ ရွမယ္ဇာတို႔လည္း က်န္ရစ္ခဲ့ရၿပီး နည္းျပလူစီယန္ဖာဗရီက အဂၤလန္တာင္ပံကစားသမား ဂ်ာဒန္ဆန္ခ်ိဳဟာ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး အသင္းနဲ႔ ပူးေပါင္းတာ ေနာက္က်ခဲ့တာေၾကာင့္ မိုခ်န္ဂလာဘတ္နဲ႔ပြဲစဥ္မွာ ခ်န္လွပ္ခဲ့ေပမယ့္ အင္တာအသင္းနဲ႔ပြဲစဥ္မွာ မာကို႐ူးစ္နဲ႔ အယ္လ္ကာဆာတို႔ မပါဝင္ႏိုင္လို႔ ဆန္ခ်ိဳကိုသာ ျပန္လည္အသုံးျပဳဖို႔ ျဖစ္ႏိုင္ေျခမ်ားေနပါတယ္။
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ Group F မွာ ၂ ပြဲကစားၿပီးေနာက္ ေဒါ့မြန္အသင္းက ဘာစီလိုနာအသင္းကိ ုဂိုးကြာျခားခ်က္နဲ႔ ဦးေဆာင္ကာ နည္းျပကြန္တီရဲ႕ အင္တာအသင္းထက္ ၃ မွတ္အသာနဲ႔ အသင္း ၄ သင္းမွာထိပ္ဆုံးကေန ဦးေဆာင္ေနပါတယ္။