အခုကတည်းက ပရိသတ်တွေအလိုမရှိတဲ့ပီအိုလီကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့အေစီ

0
152

photo-ac milan

photo-AP

အေစီမီလန်အသင်းဟာ သူတို့ရဲ့နည်းပြသစ်အဖြစ် စတီဖာနိုပီအိုလီကိုခန့်အပ်လိုက်ကြောင်း အတည်ပြုလိုက်ပါတယ်။ ထုတ်ပယ်ခံလိုက်ရတဲ့ ဂီယန်ပေါ်လိုနေရာအစားဝင်ရောက်လာတဲ့ ၅၃ နှစ်အရွယ် ပီအိုလီဟာ အဲဒီစီးရီးအေအသင်းနဲ့ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အေစီမီလန်ဟာ ဂီယန်ပေါ်လိုလက်ထက် အခုရာသီအစမှာ ရလဒ်တွေဆိုရွားခဲ့ပြီး စီးရီးအေ ၇ ပွဲအပြီးမှာပဲ ထုတ်ပယ်ခံရတာဖြစ်လို့ ဂီယန်ပေါ်လိုဟာ အေစီမီလန်သမိုင်းမှာ သက်တမ်းအတိုဆုံးနည်းပြဖြစ်လာပါတယ်။

photo-ac milan

နောက်ရောက်လာတဲ့ပီအိုလီဟာ ပြီးခဲ့တဲ့ဧပြီလမှာ ဖီအိုရင်တီနားနည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးကတည်းက ကလပ်လက်မဲ့ဖြစ်နေခဲ့သူပါ။ အခုတော့ သူဟာ အေစီမီလန်ကိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရေးဆိုတဲ့ ခက်ခဲတဲ့တိုက်ပွဲကို ဆင်နွှဲရတော့မှာပါ။ ပီအိုလီဟာ အင်တာမီလန်နဲ့ လာဇီယိုအသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့ဖူးပြီး ၁၉၉၉ ခုနှစ်ကတည်းက နည်းပြဘဝစတင်ခဲ့တာဖြစ်လို့ အတွေ့အကြုံရင့်နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဂီယန်ပေါ်လိုကိုထုတ်ပယ်ပြီးနောက် အေစီမီလန်ရဲ့နံပါတ် ၁ ဦးစားပေးလည်း ဖြစ်ခဲ့တာပါ။

photo-gettyimages

ဒါပေမဲ့လည်း ပီအိုလီကိုခန့်အပ်ခဲ့တာနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေက မကျေနပ်ဖြစ်နေကြပါတယ်။ နည်းပြသစ်အဖြစ် ပီအိုလီခန့်အပ်ခြင်းမခံရခင် တစ်ရက်အလိုကတည်းက အီတလီက Twitter လူမှုစာမျက်နှာထက်မှာ ‘Piolo Out’ ဆိုတဲ့ ဆန့်ကျင်မှုဟာ အတော်လေးပျံ့ပျံ့နှံ့နှံ့ဖြစ်နေတာပါ။ ပီအိုလီရဲ့ပထမဆုံးအေစီမီလန်ပွဲကတော့ နိုင်ငံတကာကြားဖြတ်အပြီး စတင်ကစားမယ့် တန်းတက်လက်ချီနဲ့အိမ်ကွင်းပွဲဖြစ်ပါတယ်။

[Zawgyi]

အခုကတည္းက ပရိသတ္ေတြအလုိမရွိတဲ့ပီအုိလီကို နည္းျပသစ္အျဖစ္ ခန္႔အပ္ခဲ့တဲ့ေအစီ

ေအစီမီလန္အသင္းဟာ သူတုိ႔ရဲ႕နည္းျပသစ္အျဖစ္ စတီဖာႏိုပီအိုလီကိုခန္႔အပ္လုိက္ေၾကာင္း အတည္ျပဳလုိက္ပါတယ္။ ထုတ္ပယ္ခံလုိက္ရတဲ့ ဂီယန္ေပၚလိုေနရာအစား၀င္ေရာက္လာတဲ့ ၅၃ ႏွစ္အရြယ္ ပီအုိလီဟာ အဲဒီစီးရီးေအအသင္းနဲ႔ ၂ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ ေအစီမီလန္ဟာ ဂီယန္ေပၚလုိလက္ထက္ အခုရာသီအစမွာ ရလဒ္ေတြဆုိရြားခဲ့ၿပီး စီးရီးေအ ၇ ပြဲအၿပီးမွာပဲ ထုတ္ပယ္ခံရတာျဖစ္လုိ႔ ဂီယန္ေပၚလုိဟာ ေအစီမီလန္သမုိင္းမွာ သက္တမ္းအတိုဆုံးနည္းျပျဖစ္လာပါတယ္။

ေနာက္ေရာက္လာတဲ့ပီအိုလီဟာ ၿပီးခဲ့တဲ့ဧၿပီလမွာ ဖီအုိရင္တီနားနည္းျပရာထူးကေန ႏုတ္ထြက္ခဲ့ၿပီးကတည္းက ကလပ္လက္မဲ့ျဖစ္ေနခဲ့သူပါ။ အခုေတာ့ သူဟာ ေအစီမီလန္ကိုလမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ေရးဆိုတဲ့ ခက္ခဲတဲ့တိုက္ပြဲကို ဆင္ႏႊဲရေတာ့မွာပါ။ ပီအိုလီဟာ အင္တာမီလန္နဲ႔ လာဇီယိုအသင္းတုိ႔ကိုလည္း ကိုင္တြယ္ခဲ့ဖူးၿပီး ၁၉၉၉ ခုႏွစ္ကတည္းက နည္းျပဘ၀စတင္ခဲ့တာျဖစ္လုိ႔ အေတြ႕အႀကဳံရင့္နည္းျပတစ္ေယာက္လညး္ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ဂီယန္ေပၚလိုကိုထုတ္ပယ္ၿပီးေနာက္ ေအစီမီလန္ရဲ႕နံပါတ္ ၁​ ဦးစားေပးလညး္ ျဖစ္ခဲ့တာပါ။

ဒါေပမဲ့လည္း ပီအုိလီကိုခန္႔အပ္ခဲ့တာနဲ႔ပတ္သက္ၿပီး အသင္းပရိသတ္ေတြက မေက်နပ္ျဖစ္ေနၾကပါတယ္။ နည္းျပသစ္အျဖစ္ ပီအုိလီခန္႔အပ္ျခင္းမခံရခင္ တစ္ရက္အလုိကတည္းက အီတလီက Twitter လူမႈစာမ်က္ႏွာထက္မွာ ‘Piolo Out’ ဆိုတဲ့ ဆန္႔က်င္မႈဟာ အေတာ္ေလးပ်ံ႔ပ်ံ႔ႏွ႔ံႏွံ႔ျဖစ္ေနတာပါ။ ပီအုိလီရဲ႕ပထမဆုံးေအစီမီလန္ပြဲကေတာ့ ႏိုင္ငံတကာၾကားျဖတ္အၿပီး စတင္ကစားမယ့္ တန္းတက္လက္ခ်ီနဲ႔အိမ္ကြင္းပြဲျဖစ္ပါတယ္။