အကောင်းဆုံးပုံစံမရခဲ့သလို ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ ဂွါဒီယိုလာ စိတ်ပျက်စွာဖွင့်ဟ

PC ; Internet

သူတို့အသင်းရဲ့ခြေစွမ်းဟာ အကောင်းဆုံးအနေအထားမှာရှိမနေခဲ့ဘူးလို့ ဝုဗ်ကို အိမ်ကွင်းမှာ မထင်မှတ်ဘဲရှုံးနိမ့်ခဲ့တဲ့နောက် မန်စီးတီးနည်းပြဂွါဒီယိုလာက စိတ်ပျက်လက်ပျက်ဖွင့်ဟလိုက်ပါတယ်။ပွဲချိန်လက်ကျန် ၁၀မိနစ်အတွင်းသွင်းယူသွားတဲ့ ထရာအိုရေးရဲ့နောက်ကျဂိုးနှစ်ဂိုးကြောင့် လက်ရှိချန်ပီယံဟာ စနေညက လက်စတာကိုအနိုင်ရထားတဲ့ အမှတ်ပေးဇယားထိပ်က လီဗာပူးနဲ့ ၈မှတ်ကွာဟမှုကို လျှော့မချနိုင်ခဲ့ပါဘူး။ဝုဗ်နဲ့ပွဲမှာလည်း မန်စီးတီးဟာ ဧည့်သည်အသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှုအသာရပေမယ့် အစောပိုင်းမှာဂိုးပေါက်ခြိမ်းခြောက်မှုတွေခံခဲ့ရပါတယ်။

PC ; Internet

မိနစ် ၈၀မှာသွင်းယူသွားတဲ့ ထရာအိုရေးရဲ့ဂိုးကိုချေပနိုင်ဖို့ကြိုးစားရင်းနဲ့ပဲ နာကျင်အချိန်ပိုမှာ ဒုတိယဂိုးထပ်ပေးလိုက်ရတာကြောင့် မန်စီးတီးဟာ ၂၀၁၆ မတ်လနောက်ပိုင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။ပရီးမီးယားလိဂ် ၈ပွဲကစားပြီးချိန်မှာ ၂ပွဲရှုံးထားပြီဖြစ်တာကြောင့် သူတို့အသင်းအတွက် ဆိုးရွားတဲ့နေ့တစ်နေ့ပဲလို့ ဂွါဒီယိုလာက ဝန်ခံသွားခဲ့တာပါ။

PC ; Internet

“ ပွဲအစပိုင်းမှာ ကျွန်တော်တို့ကစားပုံ အတော်လေးကောင်းခဲ့ပါတယ်။ဒါပေမဲ့ တန်ပြန်တိုက်စစ်တွေကို လက်လျှော့ပေးလိုက်ရတယ်။ဒီနေ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရပါတယ်။ကောင်းမွန်တဲ့အဆုံးအဖြတ်တွေ ကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။အဲဒီအာရုံပိုင်းမှာ ကျွန်တော်တို့ပြသနာရှိခဲ့တယ်။ကျွန်တော်တို့ဟာ သီးခြားဟန်တစ်ခုနဲ့ကစားနိုင်တဲ့အသင်းဖြစ်ပေမယ့် ဆိုးရွားတဲ့နေ့တစ်နေ့နဲ့ရင်ဆိုင်ခဲ့ရတာပါ။တစ်ခါတရံမှာ ဒါမျိုးဖြစ်တတ်ပါတယ်။အခုတော့ နိုင်ငံတကာပွဲစဉ်တွေအလှည့်မှာ ခဏနားရဦးမှာပါ။ပြီးရင်တော့ ကျွန်တော်တို့ပြန်လာနိုင်ပါတယ် ”လို့ ဂွါဒီယိုလာက ဖွင့်ဟသွားပါတယ်။

PC ; Internet

ဒါ့အပြင် နောက်ခံလူကီလီဝေါ်လ်ကာကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ရတာကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါခံထားရတာကြောင့်လို့ စပိန်သားနည်းပြကရှင်းလင်းသွားခဲ့ပါတယ်။မန်စီးတီးဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်-၉မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

(zawgyi)

သူတို႔အသင္းရဲ႕ေျခစြမ္းဟာ အေကာင္းဆံုးအေနအထားမွာရွိမေနခဲ့ဘူးလို႔ ၀ုဗ္ကို အိမ္ကြင္းမွာ မထင္မွတ္ဘဲရံႈးနိမ့္ခဲ့တဲ့ေနာက္ မန္စီးတီးနည္းျပဂြါဒီယိုလာက စိတ္ပ်က္လက္ပ်က္ဖြင့္ဟလိုက္ပါတယ္။ပြဲခ်ိန္လက္က်န္ ၁၀မိနစ္အတြင္းသြင္းယူသြားတဲ့ ထရာအိုေရးရဲ႕ေနာက္က်ဂိုးႏွစ္ဂိုးေၾကာင့္ လက္ရွိခ်န္ပီယံဟာ စေနညက လက္စတာကိုအႏိုင္ရထားတဲ့ အမွတ္ေပးဇယားထိပ္က လီဗာပူးနဲ႔ ၈မွတ္ကြာဟမႈကို ေလွ်ာ့မခ်ႏိုင္ခဲ့ပါဘူး။၀ုဗ္နဲ႔ပြဲမွာလည္း မန္စီးတီးဟာ ဧည့္သည္အသင္းကို ခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရၿပီး ေဘာလံုးပိုင္ဆိုင္မႈအသာရေပမယ့္ အေစာပိုင္းမွာဂိုးေပါက္ၿခိမ္းေျခာက္မႈေတြခံခဲ့ရပါတယ္။မိနစ္ ၈၀မွာသြင္းယူသြားတဲ့ ထရာအိုေရးရဲ႕ဂိုးကိုေခ်ပႏိုင္ဖို႔ႀကိဳးစားရင္းနဲ႔ပဲ နာက်င္အခ်ိန္ပိုမွာ ဒုတိယဂိုးထပ္ေပးလိုက္ရတာေၾကာင့္ မန္စီးတီးဟာ ၂၀၁၆ မတ္လေနာက္ပိုင္း ပထမဆံုးအိမ္ကြင္းရံႈးပြဲႀကံဳေတြ႔ခဲ့ရပါတယ္။ပရီးမီးယားလိဂ္ ၈ပြဲကစားၿပီးခ်ိန္မွာ ၂ပြဲရံႈးထားၿပီျဖစ္တာေၾကာင့္ သူတို႔အသင္းအတြက္ ဆိုးရြားတဲ့ေန႔တစ္ေန႔ပဲလို႔ ဂြါဒီယိုလာက ၀န္ခံသြားခဲ့တာပါ။“ ပြဲအစပိုင္းမွာ ကၽြန္ေတာ္တို႔ကစားပံု အေတာ္ေလးေကာင္းခဲ့ပါတယ္။ဒါေပမဲ့ တန္ျပန္တိုက္စစ္ေတြကို လက္ေလွ်ာ့ေပးလိုက္ရတယ္။ဒီေန႔ ကၽြန္ေတာ္တို႔ရဲ႕ အေကာင္းဆံုးပံုစံမွာ ရွိမေနခဲ့ပါဘူး။ဂိုးသြင္းခြင့္ေတြရခဲ့ေပမယ့္ ဆိုးရြားတဲ့ေန႔တစ္ေန႔ျဖစ္ခဲ့ၿပီး ရံႈးနိမ့္ခဲ့ရပါတယ္။ေကာင္းမြန္တဲ့အဆံုးအျဖတ္ေတြ ကၽြန္ေတာ္တို႔မလုပ္ႏိုင္ခဲ့ဘူး။အဲဒီအာရံုပိုင္းမွာ ကၽြန္ေတာ္တို႔ျပသနာရွိခဲ့တယ္။ကၽြန္ေတာ္တို႔ဟာ သီးျခားဟန္တစ္ခုနဲ႔ကစားႏိုင္တဲ့အသင္းျဖစ္ေပမယ့္ ဆိုးရြားတဲ့ေန႔တစ္ေန႔နဲ႔ရင္ဆိုင္ခဲ့ရတာပါ။တစ္ခါတရံမွာ ဒါမ်ိဳးျဖစ္တတ္ပါတယ္။အခုေတာ့ ႏိုင္ငံတကာပြဲစဥ္ေတြအလွည့္မွာ ခဏနားရဦးမွာပါ။ၿပီးရင္ေတာ့ ကၽြန္ေတာ္တို႔ျပန္လာႏိုင္ပါတယ္ ”လို႔ ဂြါဒီယိုလာက ဖြင့္ဟသြားပါတယ္။ဒါ့အျပင္ ေနာက္ခံလူကီလီေ၀ၚလ္ကာကို ပထမပိုင္းအၿပီးမွာ လူစားလဲခဲ့ရတာကလည္း အသက္ရွဴလမ္းေၾကာင္းဆိုင္ရာကူးစက္ေရာဂါခံထားရတာေၾကာင့္လို႔ စပိန္သားနည္းျပကရွင္းလင္းသြားခဲ့ပါတယ္။မန္စီးတီးဟာ ႏိုင္ငံတကာပြဲစဥ္ေတြအၿပီး ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲစဥ္-၉မွာ ခရစၥတယ္ပဲေလ့စ္နဲ႔ အေ၀းကြင္းပြဲစဥ္ ကစားရမွာျဖစ္ပါတယ္။