ဟာဇက်ပြီးနောက် ကန်တီအလှည့်များလား…ကန်တီကို ငွေသားအပြင် ဂျိမ်းစ်ပါအလိုက်ပေးကမ်းလှမ်းဖို့ ရီးရဲလ်ပြင်ဆင်နေ

Photo Credit

Photo Credit

လာလီဂါအင်အားကြီးကလပ် ရီးရဲလ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ကန်တီကို ငွေသားအပြင် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ စီစဉ်နေရာ ချဲလ်ဆီးအနေနဲ့ နောက်ထပ်ကြယ်ပွင့်တစ်ဦးကို ဘာနေဗျူးအခြေစိုက်အသင်းထံ မဆုံးရှုံးရစေဖို့ ကြိုးစားရဖွယ်ရှိနေကြောင်း သိရပါတယ်။

Photo Credit

ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက တောင်ပံကစားသမားဟာဇက်ကို ချဲလ်ဆီးအသင်းကနေ ပေါင်သန်း ၁၅၀အထိရှိနိုင်တဲ့ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီးဖြစ်ကာ အခုလည်း ပြင်သစ်လက်ရွေးစင်ကန်တီကို ပြောင်းရွှေ့ကြေး ပေါင် ၈၆သန်းအပြင် ရိုဒရီဂွက်ဇ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

Photo Credit

ကိုလံဘီယာလက်ရွေးစင် ရိုဒရီဂွက်ဇ်ဟာ ဘိုင်ယန်မြူးနစ်မှာ ၂ရာသီကြာအငှားသွားကစားပြီးနောက် ဘာနေဗျူးမှာ အမေ့ခံကစားသမားဖြစ်နေပေမယ့် ဒီရာသီမှာတော့ ပွဲထွက်ကစားခွင့်ရဖို့ အခွင့်အရေးပိုများလာပါတယ်။

Photo Credit

El Desmarque ဝက်ဆိုက်ဒ်ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဘိုင်ယန်မြူးနစ်ကို အငှားမရောက်ခင် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ရိုဒရီဂွက်ဇ်ကို ခေါ်ယူဖို့ ထပ်မံစိတ်ဝင်စားလာကြောင်းနဲ့ ရီးရဲလ်နည်းပြ ဇီဒန်းကလည်း ကွင်းလယ်ခံစစ်နေရာအတွက် တစ်နိုင်ငံတည်းသား ကန်တီကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူလိုနေကြောင်း သိရပါတယ်။

Photo Credit

ရီးရဲလ်ဟာ ပြီးခဲ့တဲ့နွေရာသီက မိုနာကိုကစားသမားဟောင်း ရိုဒရီဂွက်ဇ်ကို ရောင်းထုတ်ဖို့ ကြိုးစားခဲ့ဖူးပြီး ယခုရာသီမှာ အဲဒီကစားသမား ပွဲကစားခွင့်ပြန်လည်ရရှိနေပေမယ့် သူ့အတွက် တခြားအသင်းတွေရဲ့ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေဆဲဖြစ်ပါတယ်။

Photo Credit

ဒါပေမဲ့ ချဲလ်ဆီးအသင်းနဲ့ပတ်သက်လို့ အပြောင်းအရွှေ့ကိစ္စတွေက အစောဆုံး ၂၀၂၀ နွေရာသီမှသာဖြစ်ပေါ်လာဖို့ များနေပြီး ချဲလ်ဆီးဟာ အခုလောလောဆယ် ဇန်နဝါရီဈေးကွက်အတွင်း ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်ခံထားရပါတယ်။

Photo Credit

Zawgyi

ဟာဇက္ၿပီးေနာက္ ကန္တီအလွည့္မ်ားလား…ကန္တီကို ေငြသားအျပင္ ဂ်ိမ္းစ္ပါအလုိက္ေပးကမ္းလွမ္းဖုိ႔ ရီးရဲလ္ျပင္ဆင္ေန

လာလီဂါအင္အားႀကီးကလပ္ ရီးရဲလ္အသင္းဟာ ခ်ဲလ္ဆီးကြင္းလယ္လူ ကန္တီကို ေငြသားအျပင္ ကြင္းလယ္တုိက္စစ္ကစားသမား ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ စီစဥ္ေနရာ ခ်ဲလ္ဆီးအေနနဲ႔ ေနာက္ထပ္ၾကယ္ပြင့္တစ္ဦးကို ဘာေနဗ်ဴးအေျခစိုက္အသင္းထံ မဆုံး႐ံႈးရေစဖို႔ ႀကိဳးစားရဖြယ္ရွိေနေၾကာင္း သိရပါတယ္။
ရီးရဲလ္ဟာ ၿပီးခဲ့တ့ဲေႏြရာသီက ေတာင္ပံကစားသမားဟာဇက္ကို ခ်ဲလ္ဆီးအသင္းကေန ေပါင္သန္း ၁၅၀အထိရွိႏိုင္တဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားၿပီးျဖစ္ကာ အခုလည္း ျပင္သစ္လက္ေရြးစင္ကန္တီကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၆သန္းအျပင္ ႐ိုဒရီဂြက္ဇ္ကိုပါ အလုိက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။
ကိုလံဘီယာလက္ေရြးစင္ ႐ိုဒရီဂြက္ဇ္ဟာ ဘုိင္ယန္ျမဴးနစ္မွာ ၂ရာသီၾကာအငွားသြားကစားၿပီးေနာက္ ဘာေနဗ်ဴးမွာ အေမ့ခံကစားသမားျဖစ္ေနေပမယ့္ ဒီရာသီမွာေတာ့ ပြဲထြက္ကစားခြင့္ရဖို႔ အခြင့္အေရးပိုမ်ားလာပါတယ္။
El Desmarque ၀က္ဆိုက္ဒ္ရဲ႕ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ ဘုိင္ယန္ျမဴးနစ္ကို အငွားမေရာက္ခင္ ေခၚယူဖုိ႔ ႀကိဳးစားခဲ့ဖူးတဲ့ ႐ိုဒရီဂြက္ဇ္ကို ေခၚယူဖုိ႔ ထပ္မံစိတ္၀င္စားလာေၾကာင္းနဲ႔ ရီးရဲလ္နည္းျပ ဇီဒန္းကလည္း ကြင္းလယ္ခံစစ္ေနရာအတြက္ တစ္ႏိုင္ငံတည္းသား ကန္တီကို ဦးစားေပးပစ္မွတ္အျဖစ္ ေခၚယူလုိေနေၾကာင္း သိရပါတယ္။
ရီးရဲလ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက မုိနာကိုကစားသမားေဟာင္း ႐ိုဒရီဂြက္ဇ္ကို ေရာင္းထုတ္ဖုိ႔ ႀကိဳးစားခဲ့ဖူးၿပီး ယခုရာသီမွာ အဲဒီကစားသမား ပြဲကစားခြင့္ျပန္လည္ရရွိေနေပမယ့္ သူ႕အတြက္ တျခားအသင္းေတြရဲ႕ကမ္းလွမ္းမႈေတြကို ေစာင့္ေမွ်ာ္ေနဆဲျဖစ္ပါတယ္။
ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ပတ္သက္လုိ႔ အေျပာင္းအေရႊ႕ကိစၥေတြက အေစာဆုံး ၂၀၂၀ ေႏြရာသီမွသာျဖစ္ေပၚလာဖို႔ မ်ားေနၿပီး ခ်ဲလ္ဆီးဟာ အခုေလာေလာဆယ္ ဇန္န၀ါရီေစ်းကြက္အတြင္း ကစားသမားသစ္ေခၚယူခြင့္ပိတ္ပင္ခံထားရပါတယ္။