ဟယ်ရီကိန်းက အကောင်းဆုံးတွေထဲက တစ်ဦးပါလို့ ပြောလိုက်တဲ့ ဆိုးလ်ရှား

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စပါးတိုက်စစ်မှူ း ဟယ်ရီကိန်းဟာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ မကြာသေးခင် မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းက မန်ယူအနေနဲ့ ဟယ်ရီကိန်းကို ခေါ်ယူကာ တိုက်စစ်ပြဿ     နာကိုဖြေရှင်းရမယ်လို့ ပြောပြီးတဲ့နောက် ဆိုးလ်ရှားရဲ့မှတ်ချက်ထွက်လာတာပါ။

မန်ယူဟာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကိုလက်လွှတ်ခဲ့ပြီးနောက် တိုက်စစ်မှာလူသစ်ထပ်မဖြည့်ဘဲ ဒဏ်ရာမကြာခဏရတတ်တဲ့ မာရှယ်နဲ့ ဂိုးသွင်းခြေပုံမှန်မရှိတဲ့ ရက်ရှ်ဖို့ဒ်တို့ကိုဘဲ အားကိုးနေရတာပါ။ ဒါကြောင့် မန်ယူတိုက်စစ်အားနည်းမှုဟာ အာရုံစိုက်စရာကိစ္စတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

Photo- Internet

လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို လက်လွှတ်ခဲ့မှုဟာ အသင်းမှာရှိတဲ့ လူငယ်တွေအတွက်အခွင့်အရေးဖြစ်စေတယ်လို့ ဆိုးလ်ရှားက မကြာခဏပြောပေမယ့်လည်း ပုံမှန်ဂိုးသွင်းနိုင်တဲ့ သူတစ်ဦးကိုခေါ်ယူဖို့ကိုတော့ စီစဉ်ထားဆဲဖြစ်ပါတယ်။ ဒါကြောင့် မန်ယူကို ဘယ်တိုက်စစ်မှူ း ရောက်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာရပါတယ်။

Photo- Internet

ဆိုးလ်ရှားက”ရွိုင်ကိန်းကတော့ သူဖြစ်ချင်တာကိုတည့်တိုး ပြောလိုက်တာပါ။ အရင်ကတည်းက ဒီလိုလူစားဘဲမဟုတ်လား။ ကျွန်တော်တို့လည်း ခက်ခက်ခဲခဲကြိုးစားနေတာပါဘဲ။ မာရှယ် ပြန်ကောင်းလာမှုဟာ ရက်ရှ်ဖို့ဒ်ကို အများကြီးအကူအညီဖြစ်စေမှာပါ။

Photo- Internet

ဒီလောကမှာ လီဝန်ဒေါစကီးနဲ့ ဟယ်ရီကိန်းတို့လို တိုက်စစ်မှူ း မျိုး များများစားစားမရှိပါဘူး။ သူတို့ဟာ အလန်ရှီးယားနဲ့ နစ္စတယ်ရွိုင်းတို့လို သိပ်ကောင်းတဲ့အဆုံးသတ်သမားတွေပါ။ ကိန်းဟာ အကောင်းဆုံးတွေထဲကတစ်ဦးဖြစ်ပေမယ့် သူက စပါးအသင်းရဲ့ကစားသမားပါ။ လျင်မြန်ပြီး အရည်အသွေးရှိတဲ့ ကျွန်တော်တို့ရဲ့လက်ရှိ တိုက်စစ်မှူ း တွေကိုအကူအညီဖြစ်စေဖို့ အမြဲတမ်းကြံဆနေပါတယ်” လို့ပြောသွားပါတယ်။

Photo- Internet

Zawgyi

ဟယ္ရီကိန္းက အေကာင္းဆုံးေတြထဲက တစ္ဦးပါလို႔ ေျပာလိုက္တဲ႔ ဆိုးလ္ရွား

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက စပါးတိုက္စစ္မွဴ း ဟယ္ရီကိန္းဟာ ကမၻာ႔အေကာင္းဆုံးေတြထဲက တစ္ဦးျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။ မၾကာေသးခင္ မန္ယူကြင္းလယ္လူေဟာင္း ရြိဳင္ကိန္းက မန္ယူအေနနဲ႔ ဟယ္ရီကိန္းကို ေခၚယူကာ တိုက္စစ္ျပႆ     နာကိုေျဖရွင္းရမယ္လို႔ ေျပာၿပီးတဲ႔ေနာက္ ဆိုးလ္ရွားရဲ႕မွတ္ခ်က္ထြက္လာတာပါ။

မန္ယူဟာ လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကိုလက္လႊတ္ခဲ့ၿပီးေနာက္ တုိက္စစ္မွာလူသစ္ထပ္မျဖည့္ဘဲ ဒဏ္ရာမၾကာခဏရတတ္တဲ႔ မာရွယ္နဲ႔ ဂိုးသြင္းေျခပုံမွန္မရွိတဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကိုဘဲ အားကိုးေနရတာပါ။ ဒါေၾကာင့္ မန္ယူတိုက္စစ္အားနည္းမႈဟာ အာရုံစိုက္စရာကိစၥတစ္ရပ္ျဖစ္လာခဲ့ပါတယ္။

လူကာကူနဲ႔ ဆန္းခ်က္ဇ္တို႔ကို လက္လႊတ္ခဲ့မႈဟာ အသင္းမွာရွိတဲ႔ လူငယ္ေတြအတြက္အခြင့္အေရးျဖစ္ေစတယ္လို႔ ဆိုးလ္ရွားက မၾကာခဏေျပာေပမယ္႔လည္း ပုံမွန္ဂိုးသြင္းႏိုင္တဲ႔ သူတစ္ဦးကိုေခၚယူဖို႔ကိုေတာ႔ စီစဥ္ထားဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ယူကို ဘယ္တိုက္စစ္မွဴ း ေရာက္မလဲဆိုတာ စိတ္၀င္စားစရာ ျဖစ္လာရပါတယ္။

ဆိုးလ္ရွားက”ရြိဳင္ကိန္းကေတာ႔ သူျဖစ္ခ်င္တာကိုတည့္တိုး ေျပာလိုက္တာပါ။ အရင္ကတည္းက ဒီလိုလူစားဘဲမဟုတ္လား။ က်ြန္ေတာ္တို႔လည္း ခက္ခက္ခဲခဲႀကိဳးစားေနတာပါဘဲ။ မာရွယ္ ျပန္ေကာင္းလာမႈဟာ ရက္ရွ္ဖို႔ဒ္ကို အမ်ားႀကီးအကူအညီျဖစ္ေစမွာပါ။

ဒီေလာကမွာ လီ၀န္ေဒါစကီးနဲ႔ ဟယ္ရီကိန္းတို႔လို တိုက္စစ္မွဴ း မ်ဳိး မ်ားမ်ားစားစားမရွိပါဘူး။ သူတို႔ဟာ အလန္ရွီးယားနဲ႔ နစၥတယ္ရြိဳင္းတို႔လုိ သိပ္ေကာင္းတဲ႔အဆုံးသတ္သမားေတြပါ။ ကိန္းဟာ အေကာင္းဆုံးေတြထဲကတစ္ဦးျဖစ္ေပမယ္႔ သူက စပါးအသင္းရဲ႕ကစားသမားပါ။ လ်င္ျမန္ၿပီး အရည္အေသြးရွိတဲ႔ က်ြန္ေတာ္တို႔ရဲ႕လက္ရွိ တိုက္စစ္မွဴ း ေတြကိုအကူအညီျဖစ္ေစဖို႔ အၿမဲတမ္းႀကံဆေနပါတယ္” လို႔ေျပာသြားပါတယ္။