သူ့ရဲ့၆ ခုမြောက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့တဲ့မက်ဆီ

photo-gettyimages

photo-gettyimages

ပြီးခဲ့တဲ့ရာသီ ဥရောပထိပ်တန်းလိဂ်တွေထဲမှာ လိဂ်ဂိုးအများဆုံးသွင်းနိုင်သူဖြစ်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှုးမက်ဆီဟာ သူ့ရဲ့၆ ခုမြောက် ဥရောပရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ပါတယ်။ အဲဒီဘာစီလိုနာကြယ်ပွင့်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ အမှတ်ပေးဂိုး ၃၆ ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့မေလမှာ ဆုရဖို့ သေချာခဲ့တာပါ။ ၃ ဂိုးအသာနဲ့ ပီအက်စ်ဂျီက အမ်ဘက်ပီကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မက်ဆီဟာ အဲဒီဆုကို ၃ နှစ်ဆက်ရတဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

photo-gettyimages

ဘာစီလိုနာမှာကျင်းပခဲ့တဲ့ ဥရောပရွှေဖိနပ်ဆုလက်ခံရယူပွဲအခမ်းအနားကို မက်ဆီဟာ ဇနီးဖြစ်သူ အန်တိုနယ်လာ၊သားတွေဖြစ်တဲ့သီယာဂို၊မက်တီယိုတို့နဲ့အတူ တက်ရောက်လာခဲ့တာပါ။ မက်ဆီဟာ သူရခဲ့တဲ့ဥရောပရွှေဖိနပ်ဆု ၆ ခုစလုံးနဲ့အတူ ဓာတ်ပုံလည်းအရိုက်ခံခဲ့ပါတယ်။

photo-gettyimages

အသက် ၃၂ နှစ်အရွယ်မက်ဆီဟာ ဒီ့အရင်မတိုင်ခင်က စုစုပေါင်း ၃၄ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီတုန်းကလည်း ၃၇ ဂိုးသွင်းပြီး အဲဒီဆုကို ရခဲ့တာပါ။ အဲဒီအာဂျင်တီးနားလက်ရွေးစင်ကစားသမားဟာ သူ့ရဲ့ပထမဆုံးဥရောပရွှေဖိနပ်ဆုကို ၂၀၀၉-၁၀ ရာသီတုန်းက ၃၄ ဂိုးနဲ့ စတင်ရရှိခဲ့ပါတယ်။ အဲဒါအပြီး နောက် ၂ နှစ်အကြာမှာ ဂိုး ၅၀ သွင်းပြီး ဥရောပရွှေဖိနပ်ဆုရခဲ့ကာ ထပ်ပြီးတော့လည်း ၄၆ ဂိုးနဲ့ ဥရောပရွှေဖိနပ်ဆုကို ရခဲ့ပြန်ပါတယ်။

[Zawgyi]

သူ႔ရဲ႕၆ ခုေျမာက္ ဥေရာပေရႊဖိနပ္ဆုကို လက္ခံရယူခဲ့တဲ့မက္ဆီ

ၿပီးခဲ့တဲ့ရာသီ ဥေရာပထိပ္တန္းလိဂ္ေတြထဲမွာ လိဂ္ဂိုးအမ်ားဆုံးသြင္းႏိုင္သူျဖစ္ခဲ့ၿပီးေနာက္ ဘာစီလိုနာတိုက္စစ္မႈးမက္ဆီဟာ သူ႔ရဲ႕၆ ခုေျမာက္ ဥေရာပေရႊဖိနပ္ဆုကို လက္ခံရယူခဲ့ပါတယ္။ အဲဒီဘာစီလုိနာၾကယ္ပြင့္ဟာ ၂၀၁၈-၁၉ ေဘာလုံးရာသီမွာ အမွတ္ေပးဂိုး ၃၆ ဂိုးသြင္းႏုိင္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ေမလမွာ ဆုရဖို႔ ေသခ်ာခဲ့တာပါ။ ၃ ဂိုးအသာနဲ႔ ပီအက္စ္ဂ်ီက အမ္ဘက္ပီကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီးေနာက္ မက္ဆီဟာ အဲဒီဆုကို ၃ ႏွစ္ဆက္ရတဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ဘာစီလိုနာမွာက်င္းပခဲ့တဲ့ ဥေရာပေရႊဖိနပ္ဆုလက္ခံရယူပြဲအခမ္းအနားကို မက္ဆီဟာ ဇနီးျဖစ္သူ အန္တိုနယ္လာ၊သားေတြျဖစ္တဲ့သီယာဂို၊မက္တီယိုတို႔နဲ႔အတူ တက္ေရာက္လာခဲ့တာပါ။ မက္ဆီဟာ သူရခဲ့တဲ့ဥေရာပေရႊဖိနပ္ဆု ၆ ခုစလုံးနဲ႔အတူ ဓာတ္ပုံလည္းအရိုက္ခံခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္မက္ဆီဟာ ဒီ့အရင္မတိုင္ခင္က စုစုေပါင္း ၃၄ ဂိုးနဲ႔ ဥေရာပေရႊဖိနပ္ဆုကို ရရွိခဲ့ပါတယ္။ ၂၀၁၆-၁၇ ရာသီတုန္းကလည္း ၃၇ ဂိုးသြင္းၿပီး အဲဒီဆုကို ရခဲ့တာပါ။ အဲဒီအာဂ်င္တီးနားလက္ေရြးစင္ကစားသမားဟာ သူ႔ရဲ႕ပထမဆုံးဥေရာပေရႊဖိနပ္ဆုကို ၂၀၀၉-၁၀ ရာသီတုနး္က ၃၄ ဂိုးနဲ႔ စတင္ရရွိခဲ့ပါတယ္။ အဲဒါအၿပီး ေနာက္ ၂ ႏွစ္အၾကာမွာ ဂိုး ၅၀ သြင္းၿပီး ဥေရာပေရႊဖိနပ္ဆုရခဲ့ကာ ထပ္ၿပီးေတာ့လည္း ၄၆ ဂိုးနဲ႔ ဥေရာပေရႊဖိနပ္ဆုကို ရခဲ့ျပန္ပါတယ္။