သူ့ရဲ့ပထမဆုံးဟက်ထရစ်ပွဲအပြီးမှာ ပွဲကန်ဘောလုံးကိုယူသွားဖို့ မေ့နေခဲ့သေးတဲ့ ပူလီဆစ်

photo-gettyimages

photo-gettyimages

ပြီးခဲ့တဲ့စနေညဟာ ချဲလ်ဆီးအတွက် ပူလီဆစ်ရဲ့မှော်ဆန်တဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။ ဘန်လေကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့အဲဒီပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ဟက်ထရစ်ကြောင့် သူဟာ စံချိန်တွေချိုးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က သူ့ရဲ့ပထမဆုံးဂိုးတွေလည်း ဖြစ်ခဲ့တာပါ။ သူ့ရဲ့တစ်ကိုယ်တော်အစွမ်းအပြင် အသင်းဖော်တွေရဲ့ပံ့ပိုးပေးမှုကြောင့်လည်း သူအခုလို စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ ပွဲအပြီးမှာလည်း အသင်းဖော်တွေဆီက ကွဲပြားခြားနားတဲ့ ပံ့ပိုးမှုတစ်ခုလိုအပ်ခဲ့ပါတယ်။

photo-gettyimages

အသက် ၂၁ နှစ်အရွယ် အဲဒီအမေရိကန်သားဟာ သြဂုတ် ၃၁ နောက်ပိုင်း သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်က သူ့ရဲ့ပထမဆုံးချဲလ်ဆီးသွင်းဂိုးတွေနဲ့ပတ်သက်လို့ အတော်လေးကို စိတ်လှုပ်ရှားခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း ပွဲပြီးတော့ ပွဲကန်ဘောလုံးကို ယူသွားဖို့မေ့နေခဲ့ပြီး အဲဒီအတွက် အသင်းဖော်တွေက သတိပေးခဲ့ရပါတယ်။ ”ကျွန်တော့်ရဲ့ပထမဆုံးပရော်ဖက်ရှင်နယ်ဟက်ထရစ်ဆိုတော့ ပွဲကန်ဘောလုံးကိုယူဖို့ မေ့လုနီးပါးဖြစ်ခဲ့ပါတယ်။ ကံကောင်းတာက အဲဒီအတွက် ကျွန်တော့်အသင်းဖော်တွေက ကူညီပေးခဲ့ပါတယ်”လို့ ပူလီဆစ်က ဖွင့်ဟပြောကြားခဲ့တာပါ။

photo-gettyimages

ပူလီဆစ်ဟာ ဒေါ့မန်ကနေ ချဲလ်ဆီးကို ရောက်လာပြီးတဲ့နောက် သူ့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝအစဟာ မချောမွေ့ခဲ့ပါဘူး။ ခြေစွမ်းပြနိုင်ခြင်းမရှိလို့ ပွဲအတော်များများမှာ အရန်ခုံထိုင်ခဲ့ရပါတယ်။ အဲဒီအတွက်လည်း ချဲလ်ဆီးကထွက်မယ့် အပြောင်းအရွှေ့ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ကြားရက်ချန်ပီယံလိဂ်မှာ လူစားဝင်လာပြီး ဘတ်ရှုယီသွင်းတဲ့ တစ်လုံးတည်းသောနောက်ကျအနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ဘန်လေနဲ့ရှားရှားပါးပါးပရီးမီးယားလိဂ်ပွဲထွက်မှာ သူ့ကစားသမားဘဝရဲ့ပထမဆုံးဟက်ထရစ်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ သူ့အတွက် ချဲလ်ဆီး ကောင်းသောအလှည့်အပြောင်းဖြစ်စေမယ့် ရက်သတ္တပတ်တစ်ခုဖြစ်ခဲ့တာပါ။

[Zawgyi]

သူ႔ရဲ႕ပထမဆုံးဟက္ထရစ္ပြဲအၿပီးမွာ ပြဲကန္ေဘာလုံးကိုယူသြားဖို႔ ေမ့ေနခဲ့ေသးတဲ့ ပူလီဆစ္

ၿပီးခဲ့တဲ့စေနညဟာ ခ်ဲလ္ဆီးအတြက္ ပူလီဆစ္ရဲ႕ေမွွာ္ဆန္တဲ့ညတစ္ညျဖစ္ခဲ့ပါတယ္။ ဘန္ေလကို ၄-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့အဲဒီပြဲမွာ သြင္းယူႏိုင္ခဲ့တဲ့ဟက္ထရစ္ေၾကာင့္ သူဟာ စံခ်ိန္ေတြခ်ိဳးႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္က သူ႔ရဲ႕ပထမဆုံးဂိုးေတြလည္း ျဖစ္ခဲ့တာပါ။ သူ႔ရဲဲ႕တစ္ကိုယ္ေတာ္အစြမ္းအျပင္ အသင္းေဖာ္ေတြရဲ႕ပံ့ပိုးေပးမႈေၾကာင့္လည္း သူအခုလို စြမ္းေဆာင္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့ သူဟာ ပြဲအၿပီးမွာလည္း အသင္းေဖာ္ေတြဆီက ကြဲျပားျခားနားတဲ႔ ပံ့ပိုးမႈတစ္ခုလုိအပ္ခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ အဲဒီအေမရိကန္သားဟာ ၾသဂုတ္ ၃၁ ေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲထြက္က သူ႔ရဲ႕ပထမဆုံးခ်ဲလ္ဆီးသြင္းဂိုးေတြနဲ႔ပတ္သက္လုိ႔ အေတာ္ေလးကို စိတ္လႈပ္ရွားခဲ့ပုံရပါတယ္။ ဒါေၾကာင့္လည္း ပြဲၿပီးေတာ့ ပြဲကန္ေဘာလုံးကို ယူသြားဖုိ႔ေမ့ေနခဲ့ၿပီး အဲဒီအတြက္ အသင္းေဖာ္ေတြက သတိေပးခဲ့ရပါတယ္။ ”ကၽြန္ေတာ့္ရဲ႕ပထမဆုံးပေရာ္ဖက္ရွင္နယ္ဟက္ထရစ္ဆိုေတာ့ ပြဲကန္ေဘာလုံးကိုယူဖို႔ ေမ့လုနီးပါးျဖစ္ခဲ့ပါတယ္။ ကံေကာင္းတာက အဲဒီအတြက္ ကၽြန္ေတာ့္အသင္းေဖာ္ေတြက ကူညီေပးခဲ့ပါတယ္”လို႔ ပူလီဆစ္က ဖြင့္ဟေျပာၾကားခဲ့တာပါ။

ပူလီဆစ္ဟာ ေဒါ့မန္ကေန ခ်ဲလ္ဆီးကို ေရာက္လာၿပီးတဲ့ေနာက္ သူ႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘ၀အစဟာ မေခ်ာေမြ႕ခဲ့ပါဘူး။ ေျခစြမ္းျပႏိုင္ျခင္းမရွိလို႔ ပြဲအေတာ္မ်ားမ်ားမွာ အရန္ခံုထုိင္ခဲ့ရပါတယ္။ အဲဒီအတြက္လည္း ခ်ဲလ္ဆီးကထြက္မယ့္ အေျပာင္းအေရႊ႕ေကာလာဟလေတြ ထြက္ေပၚခဲ့ပါေသးတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ၾကားရက္ခ်န္ပီယံလိဂ္မွာ လူစား၀င္လာၿပီး ဘတ္ရႈယီသြင္းတဲ့ တစ္လုံးတည္းေသာေနာက္က်အႏိုင္ဂိုးကို ဖန္တီးေပးႏို္င္ခဲ့ၿပီး ဘန္ေလနဲ႔ရွားရွားပါးပါးပရီးမီးယားလိဂ္ပြဲထြက္မွာ သူ႔ကစားသမားဘ၀ရဲ႕ပထမဆုံးဟက္ထရစ္ဂိုးကို သြငး္ႏိုင္ခဲ့ပါတယ္။ သူ႔အတြက္ ခ်ဲလ္ဆီး ေကာင္းေသာအလွည့္အေျပာင္းျဖစ္ေစမယ့္ ရက္သတၱပတ္တစ္ခုျဖစ္ခဲ့တာပါ။