သူနဲ့တွဲကစားခဲ့ဖူးသူတွေထဲက နေရာအလိုက်အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ပေးခဲ့တဲ့အီဗရာ

photo-sky sports

photo-gettyimages

မန်ယူနောက်ခံလူဟောင်းပက်ထရစ်အီဗရာဟာ Sky Sports ရုပ်သံရဲ့ Monday Night Football အစီအစဉ်မှာ သူနဲ့တွဲကစားခဲ့ဖူးသူတွေထဲက နေရာအလိုက်အကောင်းဆုံး ၁၁ ယောက်ကို ရွေးချယ်ပေးခဲ့ပါတယ်။ မန်ယူနဲ့ဂျူဗင်တပ်တို့က သူ့ရဲ့အသင်းဖော်ဟောင်းတွေလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ အဲဒီပြင်သစ်သားဟာ မန်ယူမှာ ၂၀၀၆ ကနေ ၂၀၁၄ အထိ ကစားခဲ့သူဖြစ်ပါတယ်။

photo-gettyimages

ဂိုးသမားနေရာအတွက် နယ်သာလန်ဂိုးသမားဟောင်းဗန်ဒါဆားကို ရွေးခဲ့ပါတယ်။ ဗန်ဒါဆားဟာ အီဗရာနဲ့အတူ မန်ယူမှာ ၅ ရာသီခွဲကြာဖြတ်သန်းခဲ့ပြီး ချန်ပီယံလိဂ် ၁ ကြိမ်နဲ့ ပရီးမီးယားလိဂ် ၄ ကြိမ်ရခဲ့ပါတယ်။ နောက်တန်းမှာတော့ သူနဲ့အတူ ဒန်နီအဲလ်ဗက်စ်၊ရီယိုဖာဒီနန်နဲ့ချီရယ်လီနီတို့ကို ရွေးခဲ့ပါတယ်။ အဲလ်ဗက်စ်ဟာ ဂျူဗင်တပ်မှာ သူနဲ့ ခဏသာ အတူတွဲကစားဖူးတာပါ။ မန်ယူအသင်းဖော်ဟောင်းဂယ်ရီနဗီးလ်ထက် အဲလ်ဗက်စ်ကို ဘာကြောင့်ရွေးလဲဆိုတာ မေးတော့ အဲလ်ဗက်စ်က ပိုပြီးအရည်အသွေးပိုကောင်းတာကြောင့်လို့ အီဗရာက ပြန်ဖြေပါတယ်။

photo-sky sports

ကွင်းလယ်အတွက်ရွေးတော့ ပေါလ်စခိုးလ်၊ပီယာလို၊ရွိုင်ယန်ဂစ်တို့နဲ့အတူ အံ့သြစရာအကောင်းဆုံးအဖြစ် ပက်ဂျီဆန်ကိုပါ ထည့်သွင်းခဲ့ပါတယ်။ ပက်ဂျီဆန်ဟာ ထိုက်သင့်တဲ့ချီးကျူးခံရမှု ဘယ်တုန်းကမှ မရခဲ့ဘူးလို့ အီဗရာက အခိုင်အမာဆိုခဲ့ပြီး အဲဒီကိုရီးယားသားဟာ စစ်သားတစ်ယောက်ပါလို့ အမွှမ်းတင်ပြောခဲ့ပါတယ်။ ရှေ့တန်းမှာတော့ စီရော်နယ်ဒိုနဲ့အတူ တီဗက်ဇ်ကို ရွေးခဲ့ပါတယ်။ ၂၀၀၆ ဇန်နဝါရီမှာ မိုနာကိုကနေ အီဗရာရောက်လာတော့ မန်ယူမှာ စီရော်နယ်ဒိုရှိနေဆဲဖြစ်ပြီး ၂ ရာသီခွဲကြာ အတူကစားခွင့်ရခဲ့ပါတယ်။ တီဗက်ဇ်ကြောင့် အီဗရာရဲ့စိတ်ကြိုက်အသင်းမှာ အထင်ရှားဆုံးချန်လှပ်ခံခဲ့ရသူကတော့ ဝိန်းရွန်းနီဖြစ်ပါတယ်။ ရွန်းနီဟာ သူနဲ့အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတစ်ယောက်ဖြစ်နေတယ်ဆိုရင်တောင်မှ သူ့နှလုံးသားထဲကနေ တီဗက်ဇ်ကို ရွေးခဲ့တာလို့ အီဗရာက ပြောပါတယ်။

[Zawgyi]

သူနဲ႔တြဲကစားခဲ့ဖူးသူေတြထဲက ေနရာအလုိက္အေကာင္းဆုံး ၁၁ ေယာက္ကုိ ေရြးခ်ယ္ေပးခဲ့တဲ့အီဗရာ

မန္ယူေနာက္ခံလူေဟာင္းပက္ထရစ္အီဗရာဟာ Sky Sports ရုပ္သံရဲ႕ Monday Night Football အစီအစဥ္မွာ သူနဲ႔တြဲကစားခဲ့ဖူးသူေတြထဲက ေနရာအလိုက္အေကာင္းဆုံး ၁၁ ေယာက္ကို ေရြးခ်ယ္ေပးခဲ့ပါတယ္။ မန္ယူနဲ႔ဂ်ဴဗင္တပ္တို႔က သူ႔ရဲ႕အသင္းေဖာ္ေဟာင္းေတြလို႔ဆုိရင္ ပိုမွန္ပါလိမ့္မယ္။ အဲဒီျပင္သစ္သားဟာ မန္ယူမွာ ၂၀၀၆ ကေန ၂၀၁၄ အထိ ကစားခဲ့သူျဖစ္ပါတယ္။

ဂိုးသမားေနရာအတြက္ နယ္သာလန္ဂိုးသမားေဟာင္းဗန္ဒါဆားကို ေရြးခဲ့ပါတယ္။ ဗန္ဒါဆားဟာ အီဗရာနဲ႔အတူ မန္ယူမွာ ၅ ရာသီခြဲၾကာျဖတ္သန္းခဲ့ၿပီး ခ်န္ပီယံလိဂ္ ၁ ႀကိမ္နဲ႔ ပရီးမီးယားလိဂ္ ၄ ႀကိမ္ရခဲ့ပါတယ္။ ေနာက္တန္းမွာေတာ့ သူနဲ႔အတူ ဒန္နီအဲလ္ဗက္စ္၊ရီယိုဖာဒီနန္နဲ႔ခ်ီရယ္လီနီတုိ႔ကို ေရြးခဲ့ပါတယ္။ အဲလ္ဗက္္စ္ဟာ ဂ်ဴဗင္တပ္မွာ သူနဲ႔ ခဏသာ အတူတဲြကစားဖူးတာပါ။ မန္ယူအသင္းေဖာ္ေဟာင္းဂယ္ရီနဗီးလ္ထက္ အဲလ္ဗက္စ္ကို ဘာေၾကာင့္ေရြးလဲဆုိတာ ေမးေတာ့ အဲလ္ဗက္စ္က ပိုၿပီးအရည္အေသြးပိုေကာင္းတာေၾကာင့္လုိ႔ အီဗရာက ျပန္ေျဖပါတယ္။

ကြင္းလယ္အတြက္ေရြးေတာ့ ေပါလ္စခုိးလ္၊ပီယာလို၊ရြိဳင္ယန္ဂစ္တို႔နဲ႔အတူ အံ့ၾသစရာအေကာင္းဆုံးအျဖစ္ ပက္ဂ်ီဆန္ကိုပါ ထည့္သြငး္ခဲ့ပါတယ္။ ပက္ဂ်ီဆန္ဟာ ထုိက္သင့္တဲ့ခ်ီးက်ဴးခံရမႈ ဘယ္တုန္းကမွ မရခဲ့ဘူးလို႔ အီဗရာက အခုိင္အမာဆုိခဲ့ၿပီး အဲဒီကိုရီးယားသားဟာ စစ္သားတစ္ေယာက္ပါလို႔ အမႊမ္းတင္ေျပာခဲ့ပါတယ္။ ေရွ႕တန္းမွာေတာ့ စီေရာ္နယ္ဒိုနဲ႔အတူ တီဗက္ဇ္ကို ေရြးခဲ့ပါတယ္။ ၂၀၀၆ ဇန္န၀ါရီမွာ မုိနာကိုကေန အီဗရာေရာက္လာေတာ့ မန္ယူမွာ စီေရာ္နယ္ဒိုရွိေနဆဲျဖစ္ၿပီး ၂ ရာသီခြဲၾကာ အတူကစားခြင့္ရခဲ့ပါတယ္။ တီဗက္ဇ္ေၾကာင့္ အီဗရာရဲ႕စိတ္ႀကိဳက္အသင္းမွာ အထင္ရွားဆုံးခ်န္လွပ္ခံခဲ့ရသူကေတာ့ ၀ိန္းရြန္းနီျဖစ္ပါတယ္။ ရြန္းနီဟာ သူနဲ႔အရင္းႏွီးဆုံးမိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္ျဖစ္ေနတယ္ဆိုရင္ေတာင္မွ သူ႔ႏွလုံးသားထဲကေန တီဗက္ဇ္ကုိ ေရြးခဲ့တာလုိ႔ အီဗရာက ေျပာပါတယ္။