လီဗာပူး …လီဗာပူး…လီဗာပူး…အာနိုးလ်ရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (ဇာတ်သိမ်း)

Photo Credit

Photo Credit

ပွဲအပြီးမှာတော့ ကျွန်တော်လည်း မိဘတွေရဲ့အိမ်ကို အလျင်အမြန်ပြန်သွားခဲ့ပါတယ်။ အိမ်ရောက်တော့ အဖေနဲ့ အမေကိုနှုတ်ဆကြပြီး ကိုယ့်အခန်းထဲ တန်းဝင်သွားခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ တကယ့်ကိုအိပ်မက်ဆန်တဲ့ကာလပါပဲ။ ကျွန်တော့်စိတ်ထင် မနက် ၄ နာရီလောက်မှ အိပ်ပျော်သွားပါတယ်။ အဲဒီညက ကျွန်တော်တို့အတွက် တကယ့်ကိုအံ့အားသင့်စရာကောင်းတဲ့အရာက နောက်ဆုံးဂိုးမဟုတ်ခဲ့ပါဘူး။

Photo Credit

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိဗ်မြို့မှာ ဗိုလ်လုပွဲအရှုံးနဲ့အတူ အသည်းကွဲခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ အများကြီးလေ့လာသင်ယူခဲ့ပါတယ်။ ဗိုလ်လုပွဲမှာအနိုင်ရအောင် ဘယ်လိုကစားရမလဲဆိုတဲ့ ခက်ခဲတဲ့သင်ခန်းစာကို သင်ယူခဲ့ရတာပါ။ ရီးရဲလ်ကတော့ ပွဲကြီးတွေမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ကောင်းကောင်းသိပုံရပါတယ်။

Photo Credit

ကျွန်တော်တို့ကို အနိုင်ရရှိခဲ့ရာမှာ သူတို့အတွက် ကံကြမ္မာဆိုတဲ့အကူအညီရယူခဲ့တာ မဟုတ်ပါဘူး။ အထူးသဖြင့် တတိယမြောက်ဂိုး သူတို့သွင်းယူသွားချိန်မှာပါ။ အဲဒီဂိုးက တကယ့်ကို အရေးပါလွန်းခဲ့ပြီး ကျွန်တော်တို့အတွက်တော့ စိတ်ပျက်စရာကောင်းခဲ့ပြီး နာကျင်ကြေကွဲခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်လည်း သင်ခန်းစာတွေအများကြီးရရှိခဲ့ပါတယ်။

Photo Credit ; Reuters

ပြီးခဲ့တဲ့ တစ်ရာသီလုံးနီးပါး ကျွန်တော်တို့အသင်းဟာ ရီးရဲလ်လိုမျိုး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့်ပဲ ဇွန်လအတွင်း စပါးနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်တို့ဘက်က ယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော့်အနေနဲ့ ဘာတွေဖြစ်လာမလဲ၊ ဒီပွဲနဲ့ပတ်သက်လို့ ကိုယ့်ဆီကို ဘယ်လိုခံစားချက်တွေဝင်လာမလဲဆိုတာပဲ စဉ်းစားခဲ့ပါတယ်။

Photo Credit

အဲဒီပွဲနဲ့ပတ်သက်လို့ ဘယ်လိုမှပြင်ဆင်လို့မရတဲ့အရာတစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ဘဝရဲ့အကြီးမားဆုံးပွဲမကစားခင် ဟိုတယ်မှာ ၆ နာရီကြာအချိန်ဖြုန်းခဲ့ရတာပါပဲ။ အဲဒီအချိန်မှာ အချိန်တွေကို မြန်မြန်ကုန်ဆုံးစေချင်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချိန်တုန်းက ရုပ်သံလိုင်းမှာ ပြသနေတဲ့ ဇာတ်ကားတွေကို ၆ နာရီဆက်ကြည့်ရှုခဲ့တယ်လို့ပဲထင်ပါတယ်။

Photo Credit ; Getty Images

ဗိုလ်လုပွဲရဲ့ ပထမဆုံးအစိတ်အပိုင်းတစ်ရပ်အဖြစ် ကျွန်တော်ဓာတ်ပုံတစ်ပုံလောက်ရိုက်ဖို့ ကြိုးစားချိန်မှာ ကွင်းထဲက ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုတွေက ကျွန်တော့်ကို ရင်တုန်ပန်းတုန်ဖြစ်စေခဲ့ပါတယ်။ အဲဒီနောက် အိုရီဂိ ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီးချိန်မှ မှတ်ဉာဏ်တွေက ကျွန်တော့်ဆီပြန်ရောက်လာပါတယ်။ ရောမ၊ လန်ဒန်၊ ပဲရစ်၊ ရောမနဲ့ အစ္စတန်ဘူလ်၊ အခုလည်း မက်ဒရစ်မြို့က ကျွန်တော်တို့လီဗာပူးအတွက် အမှတ်တရတွေဖြစ်လာခဲ့ပါပြီ။
အဲဒီမြို့တွေမှာ ကျွန်တော်တို့ဘဝတစ်လျှောက်လုံး အမြဲတမ်းသတိရနေမယ့် နေရာတွေရှိနေပါတယ်။ အောင်ပွဲခံဖို့အတွက် ကွင်းထဲကို ကျွန်တော့်မိသားစုဝင်လာချိန်မှာတော့ ကျွန်တော့်အတွက် အရာအားလုံးက ပြီးပြည့်စုံသလိုဖြစ်သွားပါတယ်။ စကားလုံးတွေနဲ့ ပြန်ပြောဖို့တောင် တော်တော်ခက်ပါတယ်။ ဒီစကားလုံးတွေက ကျွန်တော့်ရင်ထဲကခံစားချက်ကို အထိရောက်ဆုံး ကိုယ်စားပြုနိုင်ပါ့မလားဆိုတာကလည်း မသေချာပါဘူး။

Photo Credit

အဲဒီမှာ တစ်ယောက်နဲ့တစ်ယောက် တင်းတင်းကျပ်ကျပ်ပွေ့ဖက်တာတွေ၊ ဝမ်းသာမျက်ရည်ကျဆင်းတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားကို ကျွန်တော်တို့ အတူတကွကိုင်မြှောက်ချိန်မှာတော့ ကိုယ်ဘာတွေးနေသလဲဆိုတာ အတိအကျသိရှိခဲ့ပါတယ်။ ”ငါတို့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပြီ။ ပန်းခြံထဲ၊ လမ်းမပေါ် ဆော့ကစားခဲ့ရာကနေ အခုတော့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲပြီ။ ငါတို့ လုပ်နိုင်ခဲ့ပြီ”လို့ တွေးနေခဲ့တာပါ။

Photo Credit

နောက် ၂၄ နာရီမပြည့်ခင်မှာပဲ ကျွန်တော်ဟာ အမိုးဖွင့်ဘတ်စ်ကားပေါ်ရောက်နေပြီး လီဗာပူးမြို့ရဲ့လမ်းမတွေထက် ရောက်ရှိနေပါပြီ။ ကျွန်တော် ဒီစကားမျိုး ပြောရတာမကြိုက်ပေမယ့် ၂၀ဝ၅ ချန်ပီယံလိဂ်ဗိုလ်စွဲခဲ့တုန်းကလိုမျိုး လမ်းတွေအတိအကျ အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ၂၀ဝ၅ တုန်းကလို ကျွန်တော့်လမ်းဆီ မရောက်ခဲ့ပါဘူး။ တကယ့်ကို ယုံနိုင်စရာတောင်မရှိပါဘူး။

Photo Credit

ကျွန်တော့်အိမ်နီးနားချင်းတွေနားရောက်လာချိန်မှာတော့ ၂၀ဝ၅ တုန်းက ကိုယ့်အိမ်ရဲ့တံခါးဝမှာ ကျွန်တော် နဲ့ ညီအစ်ကိုတွေ အိမ်ရှေ့လမ်းမကို မျှော်ကြည့်ခဲ့ရတဲ့အချိန်တွေဆီ ပြန်ရောက်သွားသလိုပါပဲ။ အခုချိန်မှာတော့ လမ်းမတွေထက်မှာ အာနိုးအသေးစားလေးတွေ ရာပေါင်းများစွာတွေ့မြင်ခဲ့ရပါတယ်။ ပရိသတ်တွေထဲက ထောင်ပေါင်းများစွာသော ပရိသတ်တွေက တကယ်ပဲ လူငယ်လေးတွေ ဖြစ်ခဲ့ပါတယ်။

Photo Credit

အဲဒီကလေးတွေကို ကျွန်တော်ပြောချင်တဲ့ တစ်ခုတည်းသောအရာကတော့ ကိုယ့်အိပ်မက်တွေကို ကိုယ့်မှာရှိ တဲ့အရာအားလုံးနဲ့အတူ လက်တွေ့ဖြစ်လာအောင် လုပ်ဆောင်ပါ။ အဲဒီလိုဆိုရင် အိပ်မက်တွေက တကယ်ဖြစ်လာနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ နောက်တစ်ချက်အနေနဲ့လည်း ပြောချင်ပါသေးတယ်။ အဲဒါကတော့ ကိုယ်က ဘယ်သူလဲ၊ ဘယ်နေရာ ကလာသလဲ၊ ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဖို့ ဘယ်သူတွေ က ကူညီခဲ့သလဲဆိုတာကို လုံးဝမမေ့ဖို့ပါပဲ။ သူတို့မရှိဘဲ ကိုယ့်ရဲ့ရည်မှန်းချက်ဆိုတာ ပြည့်ဝလာဖို့ မဖြစ်နိုင်ပါဘူး။

Photo Credit

Zawgyi

လီဗာပူး …လီဗာပူး…လီဗာပူး…
အာႏုိးလ္ရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (ဇာတ္သိမ္း)

ပြဲအၿပီးမွာေတာ့ ကြ်န္ေတာ္လည္း မိဘေတြရဲ႕အိမ္ကို အလ်င္အျမန္ျပန္သြားခဲ့ပါတယ္။ အိမ္ေရာက္ေတာ့ အေဖနဲ႔ အေမကိုႏႈတ္ဆကၿႃပီး ကိုယ့္အခန္းထဲ တန္းဝင္သြားခဲ့ပါတယ္။ ကြ်န္ေတာ့္အတြက္ေတာ့ တကယ့္ကိုအိပ္မက္ဆန္တဲ့ကာလပါပဲ။ ကြ်န္ေတာ့္စိတ္ထင္ မနက္ ၄ နာရီေလာက္မွ အိပ္ေပ်ာ္သြားပါတယ္။ အဲဒီညက ကြ်န္ေတာ္တို႔အတြက္ တကယ့္ကိုအံ့အားသင့္စရာေကာင္းတဲ့အရာက ေနာက္ဆံုးဂိုးမဟုတ္ခဲ့ပါဘူး။
ကြ်န္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ကိဗ္ၿမိဳ႕မွာ ဗိုလ္လုပြဲအ႐ံႈးနဲ႔အတူ အသည္းကြဲခဲ့ဖူးပါတယ္။ အဲဒီျဖစ္ရပ္ကေန ကြ်န္ေတာ္တို႔ အမ်ားႀကီးေလ့လာသင္ယူခဲ့ပါတယ္။ ဗိုလ္လုပြဲမွာအႏိုင္ရေအာင္ ဘယ္လိုကစားရမလဲဆိုတဲ့ ခက္ခဲတဲ့သင္ခန္းစာကို သင္ယူခဲ့ရတာပါ။ ရီးရဲလ္ကေတာ့ ပြဲႀကီးေတြမွာ ဘယ္လိုလုပ္ရမလဲဆိုတာ ေကာင္းေကာင္းသိပံုရပါတယ္။
ကြ်န္ေတာ္တို႔ကို အႏိုင္ရရွိခဲ့ရာမွာ သူတို႔အတြက္ ကံၾကမၼာဆိုတဲ့အကူအညီရယူခဲ့တာ မဟုတ္ပါဘူး။ အထူးသျဖင့္ တတိယေျမာက္ဂိုး သူတို႔သြင္းယူသြားခ်ိန္မွာပါ။ အဲဒီဂိုးက တကယ့္ကို အေရးပါလြန္းခဲ့ၿပီး ကြ်န္ေတာ္တို႔အတြက္ေတာ့ စိတ္ပ်က္စရာေကာင္းခဲ့ႃပီး နာက်င္ေၾကကြဲခဲ့ရပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔အတြက္လည္း သင္ခန္းစာေတြအမ်ားႀကီးရရွိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ တစ္ရာသီလံုးနီးပါး ကြ်န္ေတာ္တို႔အသင္းဟာ ရီးရဲလ္လိုမ်ိဳး လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီအတြက္ေၾကာင့္ပဲ ဇြန္လအတြင္း စပါးနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကြ်န္ေတာ္တို႔ဘက္က ယံုႂကည္မႈအႁပည့္ရွိခဲ့ပါတယ္။ အထူးသျဖင့္ ကြ်န္ေတာ္ကိုယ္တိုင္ေပါ့။ ကြ်န္ေတာ့္အေနနဲ႔ ဘာေတြျဖစ္လာမလဲ၊ ဒီပြဲနဲ႔ပတ္သက္လို႔ ကိုယ့္ဆီကို ဘယ္လိုခံစားခ်က္ေတြဝင္လာမလဲဆိုတာပဲ စဥ္းစားခဲ့ပါတယ္။
အဲဒီပြဲနဲ႔ပတ္သက္လို႔ ဘယ္လိုမွျပင္ဆင္လို႔မရတဲ့အရာတစ္ခုလည္း ရွိပါတယ္။ အဲဒါကေတာ့ ကိုယ့္ဘဝရဲ႕အႀကီးမားဆံုးပြဲမကစားခင္ ဟိုတယ္မွာ ၆ နာရီၾကာအခ်ိန္ျဖဳန္းခဲ့ရတာပါပဲ။ အဲဒီအခ်ိန္မွာ အခ်ိန္ေတြကို ျမန္ျမန္ကုန္ဆံုးေစခ်င္ခဲ့ပါတယ္။ ကြ်န္ေတာ့္အေနနဲ႔ အဲဒီအခ်ိန္တုန္းက ႐ုပ္သံလိုင္းမွာ ျပသေနတဲ့ ဇာတ္ကားေတြကို ၆ နာရီဆက္ၾကည့္႐ႈခဲ့တယ္လို႔ပဲထင္ပါတယ္။
ဗိုလ္လုပြဲရဲ႕ ပထမဆံုးအစိတ္အပိုင္းတစ္ရပ္အႁဖစ္ ကြ်န္ေတာ္ဓာတ္ပံုတစ္ပံုေလာက္႐ိုက္ဖို႔ ႀကိဳးစားခ်ိန္မွာ ကြင္းထဲက ပရိသတ္ေတြရဲ႕ ေအာ္ဟစ္အားေပးမႈေတြက ကြ်န္ေတာ့္ကို ရင္တုန္ပန္းတုန္ျဖစ္ေစခဲ့ပါတယ္။ အဲဒီေနာက္ အိုရီဂိ ဒုတိယေျမာက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးခ်ိန္မွ မွတ္ဉာဏ္ေတြက ကြ်န္ေတာ့္ဆီျပန္ေရာက္လာပါတယ္။ ေရာမ၊ လန္ဒန္၊ ပဲရစ္၊ ေရာမနဲ႔ အစၥတန္ဘူလ္၊ အခုလည္း မက္ဒရစ္ၿမိဳ႕က ကြ်န္ေတာ္တို႔လီဗာပူးအတြက္ အမွတ္တရေတြျဖစ္လာခဲ့ပါၿပီ။
အဲဒီၿမိဳ႕ေတြမွာ ကြ်န္ေတာ္တို႔ဘဝတစ္ေလွ်ာက္လံုး အၿမဲတမ္းသတိရေနမယ့္ ေနရာေတြရွိေနပါတယ္။ ေအာင္ပြဲခံဖို႔အတြက္ ကြင္းထဲကို ကြ်န္ေတာ့္မိသားစုဝင္လာခ်ိန္မွာေတာ့ ကြ်န္ေတာ့္အတြက္ အရာအားလံုးက ၿပီးျပည့္စံုသလိုျဖစ္သြားပါတယ္။ စကားလံုးေတြနဲ႔ ျပန္ေျပာဖို႔ေတာင္ ေတာ္ေတာ္ခက္ပါတယ္။ ဒီစကားလံုးေတြက ကြ်န္ေတာ့္ရင္ထဲကခံစားခ်က္ကို အထိေရာက္ဆံုး ကိုယ္စားျပဳႏိုင္ပါ့မလားဆိုတာကလည္း မေသခ်ာပါဘူး။
အဲဒီမွာ တစ္ေယာက္နဲ႔တစ္ေယာက္ တင္းတင္းက်ပ္က်ပ္ေပြ႕ဖက္တာေတြ၊ ဝမ္းသာမ်က္ရည္က်ဆင္းတာေတြ အမ်ားႀကီးပါပဲ။ ဒါေပမဲ့ ခ်န္ပီယံလိဂ္ဖလားကို ကြ်န္ေတာ္တို႔ အတူတကြကိုင္ေျမႇာက္ခ်ိန္မွာေတာ့ ကိုယ္ဘာေတြးေနသလဲဆိုတာ အတိအက်သိရွိခဲ့ပါတယ္။ ”ငါတို႔ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ၿပီ။ ပန္းၿခံထဲ၊ လမ္းမေပၚ ေဆာ့ကစားခဲ့ရာကေန အခုေတာ့ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲၿပီ။ ငါတို႔ လုပ္ႏိုင္ခဲ့ၿပီ”လို႔ ေတြးေနခဲ့တာပါ။
ေနာက္ ၂၄ နာရီမျပည့္ခင္မွာပဲ ကြ်န္ေတာ္ဟာ အမိုးဖြင့္ဘတ္စ္ကားေပၚေရာက္ေနၿပီး လီဗာပူးၿမိဳ႕ရဲ႕လမ္းမေတြထက္ ေရာက္ရွိေနပါၿပီ။ ကြ်န္ေတာ္ ဒီစကားမ်ိဳး ေျပာရတာမႀကိဳက္ေပမယ့္ ၂၀ဝ၅ ခ်န္ပီယံလိဂ္ဗိုလ္စြဲခဲ့တုန္းကလိုမ်ိဳး လမ္းေတြအတိအက် ေအာင္ပြဲမခံႏိုင္ခဲ့ပါဘူး။ ကြ်န္ေတာ္တို႔ဟာ ၂၀ဝ၅ တုန္းကလို ကြ်န္ေတာ့္လမ္းဆီ မေရာက္ခဲ့ပါဘူး။ တကယ့္ကို ယံုႏိုင္စရာေတာင္မရွိပါဘူး။
ကြ်န္ေတာ့္အိမ္နီးနားခ်င္းေတြနားေရာက္လာခ်ိန္မွာေတာ့ ၂၀ဝ၅ တုန္းက ကိုယ့္အိမ္ရဲ႕တံခါးဝမွာ ကြ်န္ေတာ္ နဲ႔ ညီအစ္ကိုေတြ အိမ္ေရွ႕လမ္းမကို ေမွ်ာ္ၾကည့္ခဲ့ရတဲ့အခ်ိန္ေတြဆီ ျပန္ေရာက္သြားသလိုပါပဲ။ အခုခ်ိန္မွာေတာ့ လမ္းမေတြထက္မွာ အာႏိုးအေသးစားေလးေတြ ရာေပါင္းမ်ားစြာေတြ႕ျမင္ခဲ့ရပါတယ္။ ပရိသတ္ေတြထဲက ေထာင္ေပါင္းမ်ားစြာေသာ ပရိသတ္ေတြက တကယ္ပဲ လူငယ္ေလးေတြ ျဖစ္ခဲ့ပါတယ္။
အဲဒီကေလးေတြကို ကြ်န္ေတာ္ေျပာခ်င္တဲ့ တစ္ခုတည္းေသာအရာကေတာ့ ကိုယ့္အိပ္မက္ေတြကို ကိုယ့္မွာရွိ တဲ့အရာအားလံုးနဲ႔အတူ လက္ေတြ႕ျဖစ္လာေအာင္ လုပ္ေဆာင္ပါ။ အဲဒီလိုဆိုရင္ အိပ္မက္ေတြက တကယ္ျဖစ္လာႏိုင္တယ္ဆိုတဲ့ အခ်က္ပါပဲ။ ေနာက္တစ္ခ်က္အေနနဲ႔လည္း ေျပာခ်င္ပါေသးတယ္။ အဲဒါကေတာ့ ကိုယ္က ဘယ္သူလဲ၊ ဘယ္ေနရာ ကလာသလဲ၊ ကိုယ့္ရည္မွန္းခ်က္ေတြ ျပည့္ဖို႔ ဘယ္သူေတြ က ကူညီခဲ့သလဲဆိုတာကို လံုးဝမေမ့ဖို႔ပါပဲ။ သူတို႔မရွိဘဲ ကိုယ့္ရဲ႕ရည္မွန္းခ်က္ဆိုတာ ျပည့္ဝလာဖို႔ မျဖစ္ႏိုင္ပါဘူး။