လီဗာပူး …လီဗာပူး…လီဗာပူး…အာနိုးလ်ရဲ့ကိုယ်တိုင်ပြောဘဝပုံပြင်များ (အပိုင်း ၂)

Photo Credit

Photo Credit

အဲဒီတော့ ကျွန်တော်တို့အတွက် ရွေးချယ်မှုက အိမ်ရှေ့ကပန်းခြံ ဒါမှမဟုတ် ကားပါကင်တွေပဲရှိခဲ့ပါတယ်။ တစ်ခါတလေတော့ အမေ့မျက်စိအောက်က ပျောက်သွားတာလည်းရှိပါတယ်။ အဲဒါကလည်း ဘောလုံးက အိမ်အနောက်ရောက်သွားတဲ့အခါမျိုးမှာ ကျွန်တော်တို့လည်း အဲဒီမှာပဲ ကစားလိုက်ရတဲ့အချိန်မျိုးပါ။ ပြောရရင် အမေက ကျွန်တော်တို့အတွက် ညစာစားဖို့ ပြင်ဆင်နေချိန်မှာတောင် ညီအစ်ကို ၃ ယောက်သား ဘောလုံးကန်ကောင်းနေတုန်းပါပဲ။ အဲဒါက အမြဲတမ်း ဘောလုံး…ဘောလုံး… ဘောလုံး…ဆိုတာပါ။

Photo Credit

ပြီးတော့ လီဗာပူးဆိုတဲ့အမည်ကလည်း ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ အမြဲတမ်းရှင်သန်နေခဲ့တာပါ။ ကလေးဘဝတုန်းကဆိုရင် မြို့အနှံ့ ကားလျှောက်စီးတဲ့အခါ ကားပြတင်းပေါက်ကနေ အန်ဖီးလ်ကွင်းကို ငေးကြည့်ရတာလည်း အမောပါပဲ။ အဲဒီလိုအချိန်မျိုးမှာ ”ကွင်းထဲမှာ ဘာတွေများရှိမလဲ”ဆိုတဲ့အတွေးကလည်း တစ်ခါတည်း ကပ်ပါလာပါတယ်။
အဲဒီနောက် ၂၀ဝ၅ ဧပြီလမှာ ကျွန်တော့်အမေက ကျွန်တော်နဲ့ အစ်ကိုတေလာတို့အတွက် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်တွေဝယ်လာပါတတယ်။ ပထမအကျော့အဖြစ် ဂျူဗင်တပ်နဲ့ ကစားခဲ့ရတဲ့ပွဲပါ။ ဂျူဗင်တပ်မှာ ဘူဖွန်၊ ကန်နာဗားရိုး၊ နက်ဗက်၊ အီဘရာဟီမိုဗစ် စတဲ့ တကယ့်နာမည်ကြီးတွေ အပြည့်ပါပဲ။ အန်ဖီးလ်ရဲ့ ဥရောပညချမ်းတွေက လုံးဝကို ကွဲပြားခြားနားပါတယ်။ အဓိကပွဲကြည့်စင်ပေါ်မှာ ပွဲကြည့်ရတဲ့အရသာက လုံးဝကို အိပ်မက်ဆန်လွန်းပါတယ်။

Photo Credit

နောက်တစ်နေ့မနက်မှာ မနေ့ညကဖြစ်ပျက်ခဲ့တာတွေကို သတိပြန်ရဖို့ပဲ ကြိုးစားခဲ့ပါတယ်။ အဲဒီမှာ မီးမောင်းကြီးတွေက ကွင်းထဲကို ထိန်ထိန်လင်းအောင် ထွန်းပေးထားပါတယ်။ လီဗာပူးအသင်းသားတွေဆီက စွမ်းအင်တွေနဲ့ပေါ့။ အဲဒီနောက် ချန်ပီယံလိဂ်သီချင်းသံကို စကြားလိုက်ရပါတယ်။ ပြောရမယ်ဆိုရင် အဲဒီလိုချန်ပီယံလိဂ်သီချင်းသံကို အရင်တုန်းက တီဗွီကနေကြည့်ရင်တော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သား စကားပြောမပြတ်ခဲ့ပါဘူး။

Photo Credit

ဒါပေမဲ့ ချန်ပီယံလိဂ်သီချင်းသံကို အပြင်မှာ နှဖူးတွေ့၊ ဒူးတွေ့ကြားလိုက်ရတော့ ကျွန်တော်တို့ လုံးဝကိုတိတ်ဆိတ်သွားပါတယ်။ အဲဒီနောက် လီဗာပူးရဲ့ အသည်းနှလုံးသီချင်းသံက ထွက်ပေါ်လာပါတယ်။ အဲဒီမှာပဲ ကျွန်တော့်ဘဝရဲ့ အလိုချင်ဆုံးသောအရာတစ်ခုကို ရှင်းရှင်းလင်းလင်းသိသွားပါတော့တယ်။ အဲဒီညကအိပ်လို့တောင် မပျော်ခဲ့ပါဘူး။

Photo Credit

လအနည်းငယ်အကြာမှာတော့ လီဗာပူးအသင်းလည်း ချန်ပီယံလိဂ်ချန်ပီယံအဖြစ် ထပ်မံအောင်ပွဲခံနိုင်ခဲ့ပါတယ်။ အဲဒီဗိုလ်လုပွဲကို မိသားစုနဲ့အတူ အိမ်မှာပဲကြည့်ခဲ့ပါတယ်။ အဲဒီတုန်းက ၆ နှစ်သားပဲရှိသေးပေမယ့် အစ္စတန်ဘူလ်ညချမ်းအကြောင်းကို အသေးစိတ်မှတ်မိနေခဲ့ပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ မြို့ထဲမှာ လူတွေအားလုံးက ချန်ပီယံလိဂ်ဆုဖလားနဲ့ အောင်ပွဲခံလှည့်လည်မယ့်အစီအစဉ်ကို အားရပါးရပြောနေကြပါတယ်။

Photo Credit

ကျွန်တော်တို့ ညီအစ်ကိုတွေလည်း အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ချင်ခဲ့တာပေါ့။ ပြောရရင် အမေ့ရဲ့စည်းကမ်းကိုတောင် ကျွန်တော်တို့ဖောက်စရာမလိုဘဲ ဆန္ဒပြည့်ဝခဲ့ပါတယ်။ လီဗာပူးရဲ့အောင်ပွဲခံဘတ်စ်ကားက ကျွန်တော်တို့လမ်းထဲကို တည့်တည့်ရောက်လာတော့တာပါပဲ။ ကျွန်တော်ကိုယ်တိုင် ချန်ပီယံလိဂ်ဆုဖလားကြီးကို ထိတွေ့ခွင့်ရခါနီးတဲ့အချိန်အထိ အနီးကပ်မြင်တွေ့ခဲ့ရတာပါ။ ဒီလိုနေ့မျိုးမကြုံဖူးရင်တော့ ဘောလုံးသမားဖြစ်လာဖို့ ဆန္ဒရှိချင်မှရှိလာမှာပါ။
ကျွန်တော့်အစ်ကိုတွေလည်း အဲဒီလိုပါပဲ။ ဒီဖြစ်ရပ်က ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့အားလုံးရဲ့အိပ်မက်က အတူတူပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်က လီဗာပူးအသင်းရဲ့ လူငယ်အဆင့်မှာ ပါဝင်ခွင့်ရနေပါပြီ။ အဲဒီမှာ ၆ နှစ်၊ ၇ နှစ် အရွယ်ကလေးတွေက သူတို့ရဲ့ အိပ်မက်တွေကို ပုံဖော်ထုဆစ်ဖို့ ကြိုးစားနေကြပါတယ်။ ကျွန်တော်လည်း အဲဒီအတိုင်းပါပဲ။

Photo Credit

ကျွန်တော်တို့ညီအစ်ကိုတွေကတော့ မိုးရွာရွာ၊ နေပူပူ တကယ့်ကို ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပုံစံနဲ့ကစားခဲ့ပါတယ်။ အိမ်ထဲရောက်နေပြီဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ အဓိပ္ပာယ် မရှိသလိုဖြစ်နေတတ်ပြီး ဘောလုံးကစားဖို့ပဲ ကြိုးစားနေခဲ့တာပါ။ အဲဒီတော့ တစ်နေ့မှာ အမေကလည်း ကျွန်တော်တို့ကို စစ်တုရင်ကစားနည်းသင်ပေးဖို့ ကျွန်တော့်အဖေကို တိုက်တွန်းပါတော့တယ်။ အဲဒီအားကစားနည်းကလည်း တကယ့်ကိုကောင်းမွန်ပါတယ်။

Photo Credit

Zawgyi

လီဗာပူး …လီဗာပူး…လီဗာပူး…
အာႏုိးလ္ရဲ႕ကိုယ္တုိင္ေျပာဘ၀ပုံျပင္မ်ား (အပိုင္း ၂)

အဲဒီေတာ့ ကြ်န္ေတာ္တို႔အတြက္ ေရြးခ်ယ္မႈက အိမ္ေရွ႕ကပန္းၿခံ ဒါမွမဟုတ္ ကားပါကင္ေတြပဲရွိခဲ့ပါတယ္။ တစ္ခါတေလေတာ့ အေမ့မ်က္စိေအာက္က ေပ်ာက္သြားတာလည္းရွိပါတယ္။ အဲဒါကလည္း ေဘာလံုးက အိမ္အေနာက္ေရာက္သြားတဲ့အခါမ်ိဳးမွာ ကြ်န္ေတာ္တို႔လည္း အဲဒီမွာပဲ ကစားလိုက္ရတဲ့အခ်ိန္မ်ိဳးပါ။ ေျပာရရင္ အေမက ကြ်န္ေတာ္တို႔အတြက္ ညစာစားဖို႔ ျပင္ဆင္ေနခ်ိန္မွာေတာင္ ညီအစ္ကို ၃ ေယာက္သား ေဘာလံုးကန္ေကာင္းေနတုန္းပါပဲ။ အဲဒါက အၿမဲတမ္း ေဘာလံုး…ေဘာလံုး… ေဘာလံုး…ဆိုတာပါ။
ၿပီးေတာ့ လီဗာပူးဆိုတဲ့အမည္ကလည္း ကြ်န္ေတာ္တို႔ရဲ႕ ႏွလံုးသားထဲမွာ အၿမဲတမ္းရွင္သန္ေနခဲ့တာပါ။ ကေလးဘဝတုန္းကဆိုရင္ ၿမိဳ႕အႏွံ႔ ကားေလွ်ာက္စီးတဲ့အခါ ကားျပတင္းေပါက္ကေန အန္ဖီးလ္ကြင္းကို ေငးၾကည့္ရတာလည္း အေမာပါပဲ။ အဲဒီလိုအခ်ိန္မ်ိဳးမွာ ”ကြင္းထဲမွာ ဘာေတြမ်ားရွိမလဲ”ဆိုတဲ့အေတြးကလည္း တစ္ခါတည္း ကပ္ပါလာပါတယ္။
အဲဒီေနာက္ ၂၀ဝ၅ ဧၿပီလမွာ ကြ်န္ေတာ့္အေမက ကြ်န္ေတာ္နဲ႔ အစ္ကိုေတလာတို႔အတြက္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲစဥ္အတြက္ လက္မွတ္ေတြဝယ္လာပါတတယ္။ ပထမအေက်ာ့အႁဖစ္ ဂ်ဴဗင္တပ္နဲ႔ ကစားခဲ့ရတဲ့ပြဲပါ။ ဂ်ဴဗင္တပ္မွာ ဘူဖြန္၊ ကန္နာဗား႐ိုး၊ နက္ဗက္၊ အီဘရာဟီမိုဗစ္ စတဲ့ တကယ့္နာမည္ႀကီးေတြ အျပည့္ပါပဲ။ အန္ဖီးလ္ရဲ႕ ဥေရာပညခ်မ္းေတြက လံုးဝကို ကြဲျပားျခားနားပါတယ္။ အဓိကပြဲၾကည့္စင္ေပၚမွာ ပြဲၾကည့္ရတဲ့အရသာက လံုးဝကို အိပ္မက္ဆန္လြန္းပါတယ္။
ေနာက္တစ္ေန႔မနက္မွာ မေန႔ညကျဖစ္ပ်က္ခဲ့တာေတြကို သတိျပန္ရဖို႔ပဲ ႀကိဳးစားခဲ့ပါတယ္။ အဲဒီမွာ မီးေမာင္းႀကီးေတြက ကြင္းထဲကို ထိန္ထိန္လင္းေအာင္ ထြန္းေပးထားပါတယ္။ လီဗာပူးအသင္းသားေတြဆီက စြမ္းအင္ေတြနဲ႔ေပါ့။ အဲဒီေနာက္ ခ်န္ပီယံလိဂ္သီခ်င္းသံကို စၾကားလိုက္ရပါတယ္။ ေျပာရမယ္ဆိုရင္ အဲဒီလိုခ်န္ပီယံလိဂ္သီခ်င္းသံကို အရင္တုန္းက တီဗြီကေနၾကည့္ရင္ေတာ့ ကြ်န္ေတာ္တို႔ ညီအစ္ကိုႏွစ္ေယာက္သား စကားေျပာမျပတ္ခဲ့ပါဘူး။
ဒါေပမဲ့ ခ်န္ပီယံလိဂ္သီခ်င္းသံကို အျပင္မွာ ႏွဖူးေတြ႕၊ ဒူးေတြ႕ၾကားလိုက္ရေတာ့ ကြ်န္ေတာ္တို႔ လံုးဝကိုတိတ္ဆိတ္သြားပါတယ္။ အဲဒီေနာက္ လီဗာပူးရဲ႕ အသည္းႏွလံုးသီခ်င္းသံက ထြက္ေပၚလာပါတယ္။ အဲဒီမွာပဲ ကြ်န္ေတာ့္ဘဝရဲ႕ အလိုခ်င္ဆံုးေသာအရာတစ္ခုကို ရွင္းရွင္းလင္းလင္းသိသြားပါေတာ့တယ္။ အဲဒီညကအိပ္လို႔ေတာင္ မေပ်ာ္ခဲ့ပါဘူး။
လအနည္းငယ္အၾကာမွာေတာ့ လီဗာပူးအသင္းလည္း ခ်န္ပီယံလိဂ္ခ်န္ပီယံအျဖစ္ ထပ္မံေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။ အဲဒီဗိုလ္လုပြဲကို မိသားစုနဲ႔အတူ အိမ္မွာပဲၾကည့္ခဲ့ပါတယ္။ အဲဒီတုန္းက ၆ ႏွစ္သားပဲရွိေသးေပမယ့္ အစၥတန္ဘူလ္ညခ်မ္းအေၾကာင္းကို အေသးစိတ္မွတ္မိေနခဲ့ပါတယ္။ ရက္အနည္းငယ္အၾကာမွာေတာ့ ၿမိဳ႕ထဲမွာ လူေတြအားလံုးက ခ်န္ပီယံလိဂ္ဆုဖလားနဲ႔ ေအာင္ပြဲခံလွည့္လည္မယ့္အစီအစဥ္ကို အားရပါးရေျပာေနၾကပါတယ္။
ကြ်န္ေတာ္တို႔ ညီအစ္ကိုေတြလည္း အစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္ခ်င္ခဲ့တာေပါ့။ ေျပာရရင္ အေမ့ရဲ႕စည္းကမ္းကိုေတာင္ ကြ်န္ေတာ္တို႔ေဖာက္စရာမလိုဘဲ ဆႏၵျပည့္ဝခဲ့ပါတယ္။ လီဗာပူးရဲ႕ေအာင္ပြဲခံဘတ္စ္ကားက ကြ်န္ေတာ္တို႔လမ္းထဲကို တည့္တည့္ေရာက္လာေတာ့တာပါပဲ။ ကြ်န္ေတာ္ကိုယ္တိုင္ ခ်န္ပီယံလိဂ္ဆုဖလားႀကီးကို ထိေတြ႕ခြင့္ရခါနီးတဲ့အခ်ိန္အထိ အနီးကပ္ျမင္ေတြ႕ခဲ့ရတာပါ။ ဒီလိုေန႔မ်ိဳးမႀကံဳဖူးရင္ေတာ့ ေဘာလံုးသမားျဖစ္လာဖို႔ ဆႏၵရွိခ်င္မွရွိလာမွာပါ။
ကြ်န္ေတာ့္အစ္ကိုေတြလည္း အဲဒီလိုပါပဲ။ ဒီျဖစ္ရပ္က ကြ်န္ေတာ့္ရဲ႕ကစားသမားဘဝမွာ အဓိကအစိတ္အပိုင္းတစ္ရပ္အျဖစ္ ပါဝင္ခဲ့ပါတယ္။ ကြ်န္ေတာ္တို႔အားလံုးရဲ႕အိပ္မက္က အတူတူပါပဲ။ အဲဒီအခ်ိန္မွာ ကြ်န္ေတာ္က လီဗာပူးအသင္းရဲ႕ လူငယ္အဆင့္မွာ ပါဝင္ခြင့္ရေနပါၿပီ။ အဲဒီမွာ ၆ ႏွစ္၊ ၇ ႏွစ္ အရြယ္ကေလးေတြက သူတို႔ရဲ႕ အိပ္မက္ေတြကို ပံုေဖာ္ထုဆစ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ ကြ်န္ေတာ္လည္း အဲဒီအတိုင္းပါပဲ။
ကြ်န္ေတာ္တို႔ညီအစ္ကိုေတြကေတာ့ မိုးရြာရြာ၊ ေနပူပူ တကယ့္ကို ၿပိဳင္ဆိုင္မႈအျပင္းထန္ဆံုးပံုစံနဲ႔ကစားခဲ့ပါတယ္။ အိမ္ထဲေရာက္ေနၿပီဆိုရင္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ အဓိပၸာယ္ မရွိသလိုျဖစ္ေနတတ္ၿပီး ေဘာလံုးကစားဖို႔ပဲ ႀကိဳးစားေနခဲ့တာပါ။ အဲဒီေတာ့ တစ္ေန႔မွာ အေမကလည္း ကြ်န္ေတာ္တို႔ကို စစ္တုရင္ကစားနည္းသင္ေပးဖို႔ ကြ်န္ေတာ့္အေဖကို တိုက္တြန္းပါေတာ့တယ္။ အဲဒီအားကစားနည္းကလည္း တကယ့္ကိုေကာင္းမြန္ပါတယ္။