လီဗာပူးနဲ့ပွဲက လူမျိုးရေးခွဲခြားသူ ပရိသတ်တစ်ဦးကို မန်ယူစစ်ဆေးနေ

PC ; Internet

မန်ယူအသင်းကတော့ လီဗာပူးနဲ့ ၁ဂိုးစီသရေကျတဲ့ပွဲမှာ လူမျိုးရေးခွဲခြားတယ်လို့သံသယရှိတဲ့ သရဲနီပရိသတ်တစ်ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။အဲဒီသတင်းကို မန်ယူကလည်း အတည်ပြုလိုက်ပြီး ပရိသတ်တစ်ဦးကိုထိန်းသိမ်းခဲ့ရသလို ဖြစ်စဉ်ကိုလည်းအလျှင်အမြန်စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

PC ; Internet

“ မနေ့က ကျွန်တော်တို့ရဲ့ပရိသတ်တစ်ယောက်ဟာ လူမျိုးရေးခွဲခြားမှုစကားလုံးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့အကြောင်းသိရှိထားပါတယ်။သူ့ကိုလည်း ကွင်းထဲကထုတ်ပြီး သီးခြားမေးမြန်းမှုတွေလုပ်ခဲ့သလို လက်ရှိအချိန်မှာလည်း အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဦးစားပေးစစ်ဆေးမှုတွေလုပ်နေပါတယ်။လူမျိုးရေးခွဲခြားမှုနဲ့ခွဲခြားဆက်ဆံတဲ့ပုံစံအားလုံးဟာ လုံးဝလက်သင့်ခံလို့မရတဲ့အရာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီး အသင်းရဲ့ပုံရိပ်နဲ့တန်ဖိုးထိခိုက်မှာကို ကျွန်တော်တို့လုံး၀ မလိုလားပါဘူး ” လို့ မန်ယူပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖွင့်ဟလိုက်ပါတယ်။

PC ; Internet

အဲဒီပရိသတ်ကို ချမှတ်ဖို့အလားအလာရှိတဲ့ ပြစ်ဒဏ်ကိုတော့ မှတ်ချက်မပေးသွားပါဘူး။လီဗာပူးကတော့ မန်ယူရဲ့လုပ်ရပ်အပေါ်ချီးကျူးလိုက်ပြီး တစ်စုံတစ်ယောက်မှာတော့ အပြစ်တွေ့နိုင်တယ်လို့ဆိုပါတယ်။

PC ; Internet

“လီဗာပူးအနေနဲ့ လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်လာရင် စဉ်ဆက်မပြတ်ဆန့်ကျင်အရေးယူခဲ့သလို အခုလိုမျိုးစစ်ဆေးမှုတွေကိုလည်းထောက်ခံပါတယ်။လက်ရှိအချိန်မှာတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မသင့်တော်ပါဘူး။မန်ယူရဲ့စုံစမ်းစစ်ဆေးမှုအလျှင်မြန်ဆုံးပြီးမြောက်ရေးကိုတော့ ကြိုဆိုပါတယ်။လူမျိုးရေးခွဲခြားမှုတွေနဲ့ပတ်သက်ရင် သည်းခံနိုင်စွမ်းသုညပဲဆိုတာကိုလည်း ထောက်ခံပါတယ်” လို့ လီဗာပူးအသင်းရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တုံ့ပြန်ခဲ့ပါတယ်။

(zawgyi)

မန္ယူအသင္းကေတာ့ လီဗာပူးနဲ႔ ၁ဂိုးစီသေရက်တဲ့ပြဲမွာ လူမ်ိဳးေရးခြဲျခားတယ္လို႔သံသယရွိတဲ့ သရဲနီပရိသတ္တစ္ေယာက္ကို စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။အဲဒီသတင္းကို မန္ယူကလည္း အတည္ျပဳလိုက္ၿပီး ပရိသတ္တစ္ဦးကိုထိန္းသိမ္းခဲ့ရသလို ျဖစ္စဥ္ကိုလည္းအလွ်င္အျမန္စစ္ေဆးေနတယ္လို႔ သတင္းထုတ္ျပန္လိုက္ပါတယ္။“ မေန႔က ကၽြန္ေတာ္တို႔ရဲ႕ပရိသတ္တစ္ေယာက္ဟာ လူမ်ိဳးေရးခြဲျခားမႈစကားလံုးေတြနဲ႔တိုက္ခိုက္ခဲ့တယ္လို႔ စြပ္စြဲခံရတဲ့အေၾကာင္းသိရွိထားပါတယ္။သူ႔ကိုလည္း ကြင္းထဲကထုတ္ၿပီး သီးျခားေမးျမန္းမႈေတြလုပ္ခဲ့သလို လက္ရွိအခ်ိန္မွာလည္း အျဖစ္မွန္ေပၚေပါက္ေရးအတြက္ ဦးစားေပးစစ္ေဆးမႈေတြလုပ္ေနပါတယ္။လူမ်ိဳးေရးခြဲျခားမႈနဲ႔ခြဲျခားဆက္ဆံတဲ့ပံုစံအားလံုးဟာ လံုး၀လက္သင့္ခံလို႔မရတဲ့အရာပါ။ဒီကိစၥနဲ႔ပတ္္သက္ၿပီး အသင္းရဲ႕ပံုရိပ္နဲ႔တန္ဖိုးထိခိုက္မွာကို ကၽြန္ေတာ္တို႔လံုး၀ မလိုလားပါဘူး ” လို႔ မန္ယူေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဖြင့္ဟလိုက္ပါတယ္။အဲဒီပရိသတ္ကို ခ်မွတ္ဖို႔အလားအလာရွိတဲ့ ျပစ္ဒဏ္ကိုေတာ့ မွတ္ခ်က္မေပးသြားပါဘူး။လီဗာပူးကေတာ့ မန္ယူရဲ႕လုပ္ရပ္အေပၚခ်ီးက်ဴးလိုက္ၿပီး တစ္စံုတစ္ေယာက္မွာေတာ့ အျပစ္ေတြ႔ႏိုင္တယ္လို႔ဆိုပါတယ္။“လီဗာပူးအေနနဲ႔ လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ပတ္သက္လာရင္ စဥ္ဆက္မျပတ္ဆန္႔က်င္အေရးယူခဲ့သလို အခုလိုမ်ိဳးစစ္ေဆးမႈေတြကိုလည္းေထာက္ခံပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ မသင့္ေတာ္ပါဘူး။မန္ယူရဲ႕စံုစမ္းစစ္ေဆးမႈအလွ်င္ျမန္ဆံုးၿပီးေျမာက္ေရးကိုေတာ့ ႀကိဳဆိုပါတယ္။လူမ်ိဳးေရးခြဲျခားမႈေတြနဲ႔ပတ္သက္ရင္ သည္းခံႏိုင္စြမ္းသုညပဲဆိုတာကိုလည္း ေထာက္ခံပါတယ္” လို႔ လီဗာပူးအသင္းရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက တံု႔ျပန္ခဲ့ပါတယ္။