လီဗာပူးကို ရှုံးသွားမယ်ဆိုရင်တောင် ဒီတစ်ပတ်မှာ တန်းဆင်းဇုန်ထဲရောက်ဖို့မရှိတဲ့မန်ယူ

photo-gettyimages

photo-gettyimages

ဒီကနေ့ညမှာ ဆိုးလ်ရှားရဲ့မန်ယူဟာ ကလော့ပ်ရဲ့လီဗာပူးကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာပါ။ ခြေစွမ်းအရ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အသင်းနှစ်သင်းရဲ့တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရာသီမန်ယူက တန်းဆင်းဇုန်အထက်နား တဝဲလည်လည်ဖြစ်နေချိန်မှာ လီဗာပူးကတော့ ၈ ပွဲကစား ၈ ပွဲစလုံးအနိုင်ရထားလို့ပါ။

photo-gettyimages

လက်ရှိမန်ယူဟာ တိုက်စစ်ပိုင်းပြသနာရှိနေသလို ဒဏ်ရာအကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီအချိန်မှာ လီဗာပူးကတော့ လူစုံတက်စုံနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာမှာပါ။ မန်ယူက လီဗာပူးနဲ့ပရီးမီးယားလိဂ်အိမ်ကွင်းတွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်စလုံးမှာ ရှုံးပွဲမရှိခဲ့တဲ့အစဉ်အလာကောင်းပိုင်ဆိုင်ထားပေမယ့် ဘောလုံးကျွမ်းကျင်သူအများစုကတော့ ဒီတစ်ကြိမ် အိုးလ်ထရက်ဖို့ဒ်မှာ လီဗာပူးနိုင်မယ်လို့ သုံသပ်ထားကြပါတယ်။ မန်ယူနဲ့အသင်းပရိသတ်တွေအတွက် တစ်ခုခံသာတာက တကယ်လို့ လီဗာပူးကို ရှုံးသွားမယ်ဆိုရင်တောင် ဒီတစ်ပတ်မှာ တန်းဆင်းဇုန်ထဲရောက်ဖို့ မရှိတော့တာပါပဲ။

photo-gettyimages

အခုတစ်ပတ် ဆောက်သမ်တန်နဲ့ပွဲက ဝုဗ်တိုက်စစ်မှုးဂျီမီနက်ဇ်ရဲ့ချေပဂိုးကြောင့် မန်ယူဟာ လီဗာပူးကို ရှုံးသွားမယ်ဆိုရင်တောင် တန်းဆင်းဇုန်ထဲမရောက်ဖို့ သေချာသွားတာပါ။ ဒါ့အပြင် နယူးကာဆယ်က ချဲလ်ဆီးကို ရှုံးသွားတဲ့အတွက် နိုင်ငံတကာကြားဖြတ်မတိုင်ခင်က သူတို့ရှုံးထားတဲ့အသင်းရဲ့နောက်ကို ရောက်စရာအကြောင်း မရှိတော့ပါဘူး။ ဒါပေမဲ့လည်း လီဗာပူးကိုရှုံးသွားရင် မန်ယူဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်အပြီး အမှတ်ပေးဇယားမှာ အဆင့် ၁၆ နေရာရောက်သွားမှာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ တစ်မှတ်သာကွာသွားမှာပါ။

[Zawgyi]

လီဗာပူးကုိ ရႈံးသြားမယ္ဆုိရင္ေတာင္ ဒီတစ္ပတ္မွာ တန္းဆင္းဇုန္ထဲေရာက္ဖို႔မရွိတဲ့မန္ယူ

ဒီကေန႔ညမွာ ဆိုးလ္ရွားရဲ႕မန္ယူဟာ ကေလာ့ပ္ရဲ႕လီဗာပူးကို အိမ္ကြင္းအုိးလ္ထရက္ဖုိ႔ဒ္မွာ ဧည့္ခံကစားရမွာပါ။ ေျခစြမ္းအရ ဆန္႔က်င္ဘက္ျဖစ္ေနတဲ့အသင္းႏွစ္သင္းရဲ႕ေတြ႕ဆုံမႈလည္း ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီရာသီမန္ယူက တန္းဆင္းဇုန္အထက္နား တ၀ဲလည္လည္ျဖစ္ေနခ်ိန္မွာ လီဗာပူးကေတာ့ ၈ ပြဲကစား ၈ ပြဲစလုံးအႏိုင္ရထားလို႔ပါ။

လက္ရွိမန္ယူဟာ တုိက္စစ္ပိုင္းျပသနာရွိေနသလို ဒဏ္ရာအက်ပ္အတည္းေတြနဲ႔လည္း ရင္ဆုိင္ေနရပါတယ္။ ဒီအခ်ိန္မွာ လီဗာပူးကေတာ့ လူစုံတက္စုံနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာမွာပါ။ မန္ယူက လီဗာပူးနဲ႔ပရီးမီးယားလိဂ္အိမ္ကြင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၅ ႀကိမ္စလုံးမွာ ရႈံးပြဲမရွိခဲ့တဲ့အစဥ္အလာေကာင္းပိုင္ဆိုင္ထားေပမယ့္ ေဘာလုံးကၽြမး္က်င္သူအမ်ားစုကေတာ့ ဒီတစ္ႀကိမ္ အိုးလ္ထရက္ဖို႔ဒ္မွာ လီဗာပူးႏိုင္မယ္လို႔ သုံသပ္ထားၾကပါတယ္။ မန္ယူနဲ႔အသင္းပရိသတ္ေတြအတြက္ တစ္ခုခံသာတာက တကယ္လုိ႔ လီဗာပူးကို ရႈံးသြားမယ္ဆိုရင္ေတာင္ ဒီတစ္ပတ္မွာ တန္းဆင္းဇုန္ထဲေရာက္ဖို႔ မရွိေတာ့တာပါပဲ။

အခုတစ္ပတ္ ေဆာက္သမ္တန္နဲ႔ပြဲက ၀ုဗ္တိုက္စစ္မႈးဂ်ီမီနက္ဇ္ရဲ႕ေခ်ပဂိုးေၾကာင့္ မန္ယူဟာ လီဗာပူးကို ရႈံးသြားမယ္ဆုိရင္ေတာင္ တန္းဆင္းဇုန္ထဲမေရာက္ဖို႔ ေသခ်ာသြားတာပါ။ ဒါ့အျပင္ နယူးကာဆယ္က ခ်ဲလ္ဆီးကို ရႈံးသြားတဲ့အတြက္ ႏိုင္ငံတကာၾကားျဖတ္မတိုင္ခင္က သူတို႔ရႈံးထားတဲ့အသငး္ရဲ႕ေနာက္ကို ေရာက္စရာအေၾကာင္း မရွိေတာ့ပါဘူး။ ဒါေပမဲ့လညး္ လီဗာပူးကိုရႈံးသြားရင္ မန္ယူဟာ ဒီတစ္ပတ္ပရီးမီးယားလိဂ္အၿပီး အမွတ္ေပးဇယားမွာ အဆင့္ ၁၆ ေနရာေရာက္သြားမွာျဖစ္ၿပီး တန္းဆင္းဇုန္နဲ႔ တစ္မွတ္သာကြာသြားမွာပါ။