လီဗာပူးကို ဂိုးပြတ်ရှုံးပြီး အထုတ်ခံရမှာကို နည်းပြ ဆိုးလ်ရှားစိုးရိမ်နေ

Photo- Internet
Photo- Internet

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့အိမ်ကွင်းတွေ့မယ့် ပွဲမှာဂိုးမန်ယူဂိုးပြတ်ရှုံးခဲ့ရင် သူ့ရာထူးကနေထုတ်ပယ်ခံရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။ မန်ယူဟာ နိုင်ငံတကာပွဲတွေပြီးရင် လီဗာပူးကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးကာဆယ်ကိုရှုံးခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်းအဆိုးဆုံးရလဒ်တွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆိုးလ်ရှားအပေါ်ဖိအားတွေရှိနေလို့ လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ပြီးပြည့်စုံတဲ့ပွဲဖြစ်ရမယ်လို့ ပြောသွားတာပါ။ မန်ယူဟာပရီးမီးယားလိဂ် ၈ ပွဲကစားပြီးချိန်မှာ ၉ မှတ်သာရထားသေးပြီး တန်းဆင်းဇုန်နဲ့လည်း ၂ မှတ်သာကွာဟနေတာဖြစ်ပါတယ်။

Photo- Internet

ဒါကြောင့်လည်း ကလပ်ရဲ့အမှုဆောင်အရာရှိ အက်ဒ်ဝုဒ်ဝါ့ဒ်ဟာလည်း လီဗာပူးနဲ့ပွဲမှာ ရလဒ်ထပ်ဆိုးခဲ့ရင် ဆိုးလ်ရှားကိုထုတ်ပယ်ဖို့ ဖိအားတွေရှိလာနိုင်ပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ရာနှုန်းပြည့်နိုင်ပွဲရထားပြီး ခြေစွမ်းလည်းကောင်းမွန်နေကာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေဦးဆောင်နေတာဖြစ်ပါတယ်။

Photo- Internet

မန်ယူဟာပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက လီဗာပူးကိုအိမ်ကွင်းမှာ ၃-၁ နဲ့ရှုံးပြီးတဲ့နောက် နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီး ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တာပါ။ ဒါကြောင့် ဆိုးလ်ရှားဟာ မော်ရင်ဟိုရဲ့ကံကြမ္မာမျိုးကြုံရမလားဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ မန်ယူဘက်ကတော့ ဆိုးလ်ရှားကို အပြည့်အဝထောက်ခံထားကြောင်း မနေ့တုန်းက ကြေညာချက်ထုတ်ခဲ့ပေမယ့် လီဗာပူးနဲ့ပွဲရလဒ်အပေါ်မူတည်ပြီး အပြောင်းအလဲတွေဖြစ်သွားနိုင်ပါတယ်။

Photo- Internet

အခုလိုထောက်ခံလိုက်တာကလည်း မန်ယူအသင်းမှာ ဒဏ်ရာပြဿ     နာတွေများပြားနေတာကြောင့် ဆိုးလ်ရှားကို စာနာပေးလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မန်ယူဟာ နယူးကာဆယ်နဲ့ပွဲမှာ အဓိက ကစားသမား ၈ ဦးအထိမပါဘဲ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Photo- Internet

Zawgyi

လီဗာပူးကို ဂိုးျပတ္ရႈံးၿပီး အထုတ္ခံရမွာကို နည္းျပ ဆိုးလ္ရွားစိုးရိမ္ေန

မန္ယူအသင္းနည္းျပ ဆိုးလ္ရွားက လီဗာပူးနဲ႔အိမ္ကြင္းေတြ႔မယ္႔ ပြဲမွာဂိုးမန္ယူဂိုးျပတ္ရႈံးခဲ့ရင္ သူ႔ရာထူးကေနထုတ္ပယ္ခံရမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။ မန္ယူဟာ ႏိုင္ငံတကာပြဲေတြၿပီးရင္ လီဗာပူးကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔က နယူးကာဆယ္ကိုရႈံးခဲ့ၿပီးေနာက္ ႏွစ္ေပါင္း ၃၀ အတြင္းအဆိုးဆုံးရလဒ္ေတြနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ဆိုးလ္ရွားအေပၚဖိအားေတြရွိေနလို႔ လီဗာပူးနဲ႔ ရင္ဆိုင္ရမယ္႔ပြဲဟာ ၿပီးျပည့္စုံတဲ႔ပြဲျဖစ္ရမယ္လို႔ ေျပာသြားတာပါ။ မန္ယူဟာပရီးမီးယားလိဂ္ ၈ ပြဲကစားၿပီးခ်ိန္မွာ ၉ မွတ္သာရထားေသးၿပီး တန္းဆင္းဇုန္နဲ႔လည္း ၂ မွတ္သာကြာဟေနတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ကလပ္ရဲ႕အမႈေဆာင္အရာရွိ အက္ဒ္၀ုဒ္၀ါ့ဒ္ဟာလည္း လီဗာပူးနဲ႔ပြဲမွာ ရလဒ္ထပ္ဆိုးခဲ့ရင္ ဆိုးလ္ရွားကိုထုတ္ပယ္ဖို႔ ဖိအားေတြရွိလာႏိုင္ပါတယ္။ လီဗာပူးဟာ ဒီရာသီမွာ ရာႏႈန္းျပည့္ႏိုင္ပြဲရထားၿပီး ေျခစြမ္းလည္းေကာင္းမြန္ေနကာ ဒုတိယေနရာက မန္စီးတီးကို ၈ မွတ္ျဖတ္ၿပီး ထိပ္ဆုံးကေနဦးေဆာင္ေနတာျဖစ္ပါတယ္။

မန္ယူဟာၿပီးခဲ့တဲ႔ ဒီဇင္ဘာလတုန္းက လီဗာပူးကိုအိမ္ကြင္းမွာ ၃-၁ နဲ႔ရႈံးၿပီးတဲ႔ေနာက္ နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့ၿပီး ဆိုးလ္ရွားကို ယာယီနည္းျပအျဖစ္ခန္႔အပ္ခဲ့တာပါ။ ဒါေၾကာင့္ ဆိုးလ္ရွားဟာ ေမာ္ရင္ဟိုရဲ႕ကံၾကမၼာမ်ဳိးႀကံဳရမလားဆိုတာ စိတ္၀င္စားစရာျဖစ္ေနပါတယ္။ မန္ယူဘက္ကေတာ႔ ဆိုးလ္ရွားကို အျပည့္အ၀ေထာက္ခံထားေၾကာင္း မေန႔တုန္းက ေၾကညာခ်က္ထုတ္ခဲ့ေပမယ္႔ လီဗာပူးနဲ႔ပြဲရလဒ္အေပၚမူတည္ၿပီး အေျပာင္းအလဲေတြျဖစ္သြားႏိုင္ပါတယ္။

အခုလိုေထာက္ခံလိုက္တာကလည္း မန္ယူအသင္းမွာ ဒဏ္ရာျပႆ     နာေတြမ်ားျပားေနတာေၾကာင့္ ဆိုးလ္ရွားကို စာနာေပးလိုက္တာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ မန္ယူဟာ နယူးကာဆယ္နဲ႔ပြဲမွာ အဓိက ကစားသမား ၈ ဦးအထိမပါဘဲ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။