လိဂ်ဖလား ကွာတားမဲခွဲမှုက ကြိုတင်အကွက်ချထားတာလားလို့ မေးခွန်းထုတ်ခံနေရ

Photo- Internet
Photo- Internet

ဒီကနေ့ထုတ်ပြန်လိုက်တဲ့ လိဂ်ဖလားကွာတားဖိုင်နယ်အဆင့် မဲခွဲမှုမှာ ထိပ်သီး ၃ သင်းဖြစ်တဲ့ လီဗာပူး၊ မန်စီးတီး နဲ့မန်ယူတို့ အချင်းချင်းထိပ်တိုက်တွေ့ခဲ့ခြင်းမရှိလို့ မဲခွဲမှုဟာကြိုတင်အကွက်ချထားတာဖြစ်နိုင်တယ်ဆိုပြီး မေးခွန်းထုတ်ခံနေရကြောင်း သိရပါတယ်။

ဒီ ၃ သင်းဟာလိဂ်ဖလားကို စုစုပေါင်း ၁၇ ကြိမ်ရယူထားနိုင်ကြတာဖြစ်ပြီး ကွာတားဖိုင်နယ်မှာ ဒီ ၃ သင်းထဲက နှစ်သင်းထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ ကြားနေပရိသတ်တွေက ယူဆထားကြတာပါ။ ဒါပေမယ့် မဲခွဲမှုအရ မန်ယူက ကိုလ်ချက်စတာနဲ့ အိမ်ကွင်း၊ မန်စီးတီးက အောက်စဖို့ဒ်ယူနိုက်တက်နဲ့အဝေးကွင်း၊ လီဗာပူးက အက်စ်တွန်ဗီလာနဲ့အဝေးကွင်း၊ လက်စတာက အဲဗာတန်နဲ့ အဝေးကွင်းတွေ့ဆုံခဲ့ကြတာပါ.

Photo- Internet

မဲခွဲမှုမှာ ဒေးဗစ်ဂျိမ်းစ်လည်းပါဝင်ခဲ့ပြီး BBC Radio 2နဲ့ Twitter ကပါတိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပေမယ့် မဲခွဲမှုအပြီးမှာတော့ ပရိသတ်တွေက ထိပ်သီးနှစ်သင်းမဆုံတာကိုမေးခွန်းထုတ်နေကြပြီး မဲခွဲမှုလုပ်ပွဲကြီးဖြစ်နိုင်တယ်လို့ အွန်လိုင်းပေါ်မှာ ဝေဖန်နေကြပါတယ်။ ထိပ်သီး ၃ သင်းအတူမတွေ့ကြတဲ့အပြင် မာဆေးဆိုက်ဒ် ၂ သင်းဖြစ်တဲ့ အဲဗာတန်နဲ့ လီဗာပူးတို့ဟာလည်း အချင်းချင်းရှောင်လွှဲနိုင်ခဲ့ကြပါတယ်။

Photo- Internet

တစ်ချို့က မန်စီးတီးဟာအမြဲတမ်း အသင်းလေးတွေနဲ့တွေ့နေတယ်လို့ ရေးသားခဲ့သလို နောက်တစ်ဦးကလည်း မန်ယူနဲ့ မန်စီးတီးတို့ တွေ့တဲ့ပြိုင်ဘက်တွေကိုကြည့်ရင် ကြိုတင်အကွက်ချထားတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။ ပရိသတ်တစ်ဦးကဆိုရင် ပြီးခဲ့တဲ့ ရာသီကနေစတင်ပြီး လိဂ်ဖလားနဲ့ အက်ဖ်အေဖလားတို့မှာ မန်စီးတီးက အရမ်းလွယ်တဲ့ပြိုင်ဘက်တွေနဲ့ဘဲ တွေ့နေရတာကို ထောက်ပြသွားပြီး ဒါမဖြစ်သင့်ဘူးလို့ ဆိုခဲ့ပါတယ်။

Photo- Internet

မန်စီးတီးဟာပြီးခဲ့တဲ့ရာသီအက်ဖ်အေဖလားမှာ ရိုသာဟမ်၊ ဘန်လေ၊ နယူးပို့တ်၊ ဆွမ်ဆီး၊ ဘရိုက်တန် တို့နဲ့သာတွေ့ခဲ့ပြီး ဗိုလ်စွဲခဲ့တာပါ။ လိဂ်ဖလားမှာဆိုရင်လည်း အောက်စ်ဖို့ဒ်(၂ ကြိမ်)၊ ဖူလ်ဟမ်၊ လက်စတာ၊ ဘာတန်၊ ပရက်စတန်၊ ဆောက်သမ်တန်တို့နဲ့သာတွေ့ခဲ့တာလို့ ဖော်ပြပြီး လုံးဝကိုဟာသတစ်ခုဖြစ်နေတယ်လို့ ဖော်ပြသွားပါတယ်။

Photo- Internet

Zawgyi

လိဂ္ဖလား ကြာတားမဲခြဲမႈက ႀကိဳတင္အကြက္ခ်ထားတာလားလို႔ ေမးခြန္းထုတ္ခံေနရ

ဒီကေန႔ထုတ္ျပန္လိုက္တဲ႔ လိဂ္ဖလားကြာတားဖိုင္နယ္အဆင့္ မဲခြဲမႈမွာ ထိပ္သီး ၃ သင္းျဖစ္တဲ႔ လီဗာပူး၊ မန္စီးတီး နဲ႔မန္ယူတို႔ အခ်င္းခ်င္းထိပ္တိုက္ေတြ႔ခဲ့ျခင္းမရွိလို႔ မဲခြဲမႈဟာႀကိဳတင္အကြက္ခ်ထားတာျဖစ္ႏိုင္တယ္ဆိုၿပီး ေမးခြန္းထုတ္ခံေနရေၾကာင္း သိရပါတယ္။

ဒီ ၃ သင္းဟာလိဂ္ဖလားကို စုစုေပါင္း ၁၇ ႀကိမ္ရယူထားႏိုင္ၾကတာျဖစ္ၿပီး ကြာတားဖိုင္နယ္မွာ ဒီ ၃ သင္းထဲက ႏွစ္သင္းထိပ္တိုက္ေတြ႔ၾကလိမ့္မယ္လို႔ ၾကားေနပရိသတ္ေတြက ယူဆထားၾကတာပါ။ ဒါေပမယ္႔ မဲခြဲမႈအရ မန္ယူက ကိုလ္ခ်က္စတာနဲ႔ အိမ္ကြင္း၊ မန္စီးတီးက ေအာက္စဖို႔ဒ္ယူႏိုက္တက္နဲ႔အေ၀းကြင္း၊ လီဗာပူးက အက္စ္တြန္ဗီလာနဲ႔အေ၀းကြင္း၊ လက္စတာက အဲဗာတန္နဲ႔ အေ၀းကြင္းေတြ႔ဆုံခဲ့ၾကတာပါ.

မဲခြဲမႈမွာ ေဒးဗစ္ဂ်ိမ္းစ္လည္းပါ၀င္ခဲ့ၿပီး BBC Radio 2နဲ႔ Twitter ကပါတိုက္ရိုက္ထုတ္လႊင့္ေပးခဲ့ေပမယ္႔ မဲခြဲမႈအၿပီးမွာေတာ႔ ပရိသတ္ေတြက ထိပ္သီးႏွစ္သင္းမဆုံတာကိုေမးခြန္းထုတ္ေနၾကၿပီး မဲခြဲမႈလုပ္ပြဲႀကီးျဖစ္ႏိုင္တယ္လို႔ အြန္လိုင္းေပၚမွာ ေ၀ဖန္ေနၾကပါတယ္။ ထိပ္သီး ၃ သင္းအတူမေတြ႔ၾကတဲ႔အျပင္ မာေဆးဆိုက္ဒ္ ၂ သင္းျဖစ္တဲ႔ အဲဗာတန္နဲ႔ လီဗာပူးတို႔ဟာလည္း အခ်င္းခ်င္းေရွာင္လႊဲႏိုင္ခဲ့ၾကပါတယ္။

တစ္ခ်ဳိ႕က မန္စီးတီးဟာအၿမဲတမ္း အသင္းေလးေတြနဲ႔ေတြ႔ေနတယ္လို႔ ေရးသားခဲ့သလို ေနာက္တစ္ဦးကလည္း မန္ယူနဲ႔ မန္စီးတီးတို႔ ေတြ႔တဲ႔ၿပိဳင္ဘက္ေတြကိုၾကည့္ရင္ ႀကိဳတင္အကြက္ခ်ထားတာျဖစ္ႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။ ပရိသတ္တစ္ဦးကဆိုရင္ ၿပီးခဲ့တဲ႔ ရာသီကေနစတင္ၿပီး လိဂ္ဖလားနဲ႔ အက္ဖ္ေအဖလားတို႔မွာ မန္စီးတီးက အရမ္းလြယ္တဲ႔ၿပိဳင္ဘက္ေတြနဲ႔ဘဲ ေတြ႔ေနရတာကို ေထာက္ျပသြားၿပီး ဒါမျဖစ္သင့္ဘူးလို႔ ဆိုခဲ့ပါတယ္။

မန္စီးတီးဟာၿပီးခဲ့တဲ႔ရာသီအက္ဖ္ေအဖလားမွာ ရိုသာဟမ္၊ ဘန္ေလ၊ နယူးပို႔တ္၊ ဆြမ္ဆီး၊ ဘရိုက္တန္ တို႔နဲ႔သာေတြ႔ခဲ့ၿပီး ဗိုလ္စြဲခဲ့တာပါ။ လိဂ္ဖလားမွာဆိုရင္လည္း ေအာက္စ္ဖို႔ဒ္(၂ ႀကိမ္)၊ ဖူလ္ဟမ္၊ လက္စတာ၊ ဘာတန္၊ ပရက္စတန္၊ ေဆာက္သမ္တန္တို႔နဲ႔သာေတြ႔ခဲ့တာလို႔ ေဖာ္ျပၿပီး လုံး၀ကိုဟာသတစ္ခုျဖစ္ေနတယ္လို႔ ေဖာ္ျပသြားပါတယ္။