လမ်းကြောင်းမှန်ပေါ် မန်ယူပြန်ရောက်လာပြီလို့ နည်းပြဆိုးလ်ရှားကြွေးကြော်

PC ; Reuters

ချဲလ်ဆီးကိုအနိုင်ရတဲ့ လိဂ်ဖလားပွဲစဉ်ပြီးတဲ့နောက် မန်ယူနည်းပြဆိုးလ်ရှားက မိမိတို့အသင်း လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့ ကြုံးဝါးလိုက်ပါတယ်။ချဲလ်ဆီးဟာ နည်းပြလမ်းပတ်ရဲ့ဦးဆောင်မှုအောက်မှာ အကောင်းဆုံးပုံစံရနေပေမယ့် ဒီရာသီမန်ယူနဲ့ပြိုင်ပွဲစုံ ၂ကြိမ်တွေ့ဆုံရာမှာတော့ ၂ပွဲလုံးရှုံးခဲ့ပါတယ်။

PC ; Getty

“ပြီးခဲ့တဲ့အပါတ်မှာ ကျွန်တော်တို့ခရီးစဉ်တွေများခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ အကောင်းဆုံးအသင်းကိုပြန်ရလိုက်တာပါပဲ။ စရိုက်အမှန်ကိုပြသနိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ခြေစွမ်းကစိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ဒါဟာမန်ယူပါ။ ပုံစံအမှန်ကိုပြန်ရဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ကျွန်တော်တို့အဆုံးမသတ်ဘူးဆိုတာကို သိပြီးသားပါ။ တိုးတက်ဖို့အတွက်ကြိုးစားလုပ်ဆောင်နေပါတယ်” လို့ ဆိုးလ်ရှားကပြောဆိုသွားတာပါ။

PC ; Getty

ဒါ့အပြင် ဖရီးကစ်ကနေ လှပတဲ့အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကလည်း “အရိုးသားဆုံးပြောရရင် ဘောလုံးဆိုတာက အတူတူပါပဲ။ ကျွန်တော်တို့လိုချင်တဲ့နေရာကို ဘယ်လိုပဲကန်ကန်သွားပါတယ်။ ဒီနေ့မှာတော့ အပေါ်ထောင့်ထဲကိုရောက်အောင်သွားတဲ့အတွက် ကျေးဇူးတင်ပါတယ်” လို့ ဖွင့်ဟလိုက်ပါတယ်။

PC ; Internet

ပရီးမီးယားလိဂ်မှာ Nike ကထုတ်လုပ်တဲ့ ဘောလုံးကိုသုံးနေပေမယ့် လိဂ်ဖလားမှာတော့ Mitre ထုတ် ဘောလုံးနဲ့ကစားရတာဖြစ်ပေမယ့် ကစားသမားရဲ့အရည်အသွေးကသာ အဓိကကျတယ်လို့ ရက်ရှ်ဖို့ဒ်ကဆိုလိုတာပါ။အင်္ဂလန်တိုက်စစ်မှူးဟာ နောဝှစ်ချ်နဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီ သူ့ရဲ့ဒုတိယအကြိမ်မြောက် ပင်နယ်တီလွဲချော်မှုနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ချဲလ်ဆီးနဲ့လိဂ်ဖလားပွဲမှာတော့ အဖွင့်ဂိုးကို ပင်နယ်တီကနေ ရယူပေးနိုင်ခဲ့ပါတယ်။

(zawgyi)

ခ်ဲလ္ဆီးကိုအႏိုင္ရတဲ့ လိဂ္ဖလားပြဲစဥ္ၿပီးတဲ့ေနာက္ မန္ယူနည္းျပဆိုးလ္ရွားက မိမိတို႔အသင္း လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္လာၿပီလို႔ ႀကံဳး၀ါးလိုက္ပါတယ္။ခ်ဲလ္ဆီးဟာ နည္းျပလမ္းပတ္ရဲ႕ဦးေဆာင္မႈေအာက္မွာ အေကာင္းဆံုးပံုစံရေနေပမယ့္ ဒီရာသီမန္ယူနဲ႔ၿပိဳင္ပြဲစံု ၂ႀကိမ္ေတြ႔ဆံုရာမွာေတာ့ ၂ပြဲလံုးရံႈးခဲ့ပါတယ္။“ၿပီးခဲ့တဲ့အပါတ္မွာ ကၽြန္ေတာ္တို႔ခရီးစဥ္ေတြမ်ားခဲ့ပါတယ္။ အခ်ိန္တိုအတြင္းမွာ အေကာင္းဆံုးအသင္းကိုျပန္ရလိုက္တာပါပဲ။ စရိုက္အမွန္ကိုျပသႏိုင္ခဲ့တယ္လို႔လည္း ထင္ပါတယ္။ ဒီေန႔မွာေတာ့ ကၽြန္ေတာ္တို႔ရဲ႔ေျခစြမ္းကစိတ္လႈပ္ရွားစရာေကာင္းခဲ့ပါတယ္။ ဒါဟာမန္ယူပါ။ ပံုစံအမွန္ကိုျပန္ရဖို႔အတြက္ ကၽြန္ေတာ္တို႔ ၾကိဳးစားေနပါတယ္။ ကၽြန္ေတာ္တို႔အဆံုးမသတ္ဘူးဆိုတာကို သိျပီးသားပါ။ တိုးတက္ဖို႔အတြက္ၾကိဳးစားလုပ္ေဆာင္ေနပါတယ္” လို႔ ဆိုးလ္ရွားကေျပာဆိုသြားတာပါ။ဒါ့အျပင္ ဖရီးကစ္ကေန လွပတဲ့အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ တိုက္စစ္မွဴးရက္ရွ္ဖို႔ဒ္ကလည္း “အရိုးသားဆံုးေျပာရရင္ ေဘာလံုးဆိုတာက အတူတူပါပဲ။ ကၽြန္ေတာ္တို႔လိုခ်င္တဲ့ေနရာကို ဘယ္လိုပဲကန္ကန္သြားပါတယ္။ ဒီေန႔မွာေတာ့ အေပၚေထာင့္ထဲကိုေရာက္ေအာင္သြားတဲ့အတြက္ ေက်းဇူးတင္ပါတယ္” လို႔ ဖြင့္ဟလိုက္ပါတယ္။ပရီးမီးယားလိဂ္မွာ Nike ကထုတ္လုပ္တဲ့ ေဘာလံုးကိုသံုးေနေပမယ့္ လိဂ္ဖလားမွာေတာ့ Mitre ထုတ္ ေဘာလံုးနဲ႔ကစားရတာျဖစ္ေပမယ့္ ကစားသမားရဲ႕အရည္အေသြးကသာ အဓိကက်တယ္လို႔ ရက္ရွ္ဖို႔ဒ္ကဆိုလိုတာပါ။အဂၤလန္တိုက္စစ္မွဴးဟာ ေနာ၀ွစ္ခ်္နဲ႔ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒီရာသီ သူ႔ရဲ႕ဒုတိယအႀကိမ္ေျမာက္ ပင္နယ္တီလြဲေခ်ာ္မႈနဲ႔ရင္ဆိုင္ခဲ့ရေပမယ့္ ခ်ဲလ္ဆီးနဲ႔လိဂ္ဖလားပြဲမွာေတာ့ အဖြင့္ဂိုးကို ပင္နယ္တီကေန ရယူေပးႏိုင္ခဲ့ပါတယ္။