လင်ဂတ်ရဲ့ JLingz အဝတ်အစားလုပ်ငန်းပထမဆုံးနှစ်မှာတင် ပေါင် ၂ သိန်းကျော်ရှုံး

Photo- Internet
Photo- Internet

မန်ယူအသင်း ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ သူ့ရဲ့နာမည်ကိုအစွဲပြုပြီး JLingz ဆိုတဲ့ ဘရန်းနဲ့အဝတ်အစားအသုံးအဆောင်တွေကို ထုတ်လုပ်ရောင်းချနေရာမှာ ပထမဆုံးနှစ်မှာတင်ပေါင် ၂၀၀၀၀၀ ကျော်အရှုံးပေါ်ခဲ့တယ်လို့ သိရပါတယ်။

တရားဝင်အတည်မပြုရသေးပေမယ့် JLingz ဘရန်းလုပ်ငန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ မှာအဆုံးသတ်တဲ့ တစ်နှစ်တာကာလအတွင်းမှာ ပေါင် ၂၁၁၆၈၈ အရှုံးပေါ်ခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် လင်ဂတ်ဟာ JLingz ဘရန်းကို ၂၀၁၈ နွေရာသီကမှစတင်မိတ်ဆက်ခဲ့ပြီး ရောင်းချခဲ့တာဖြစ်လို့ လက်ရှိအရှုံးဟာ တကယ်လုပ်ငန်းလည်ပတ်မှုနှစ်ပတ်လည် ပမာဏတော့ မဟုတ်ခဲ့ပါဘူး။

Photo- Internet

သူဟာ JLingz ဘရန်းနဲ့ အဝတ်အစားတွေကို Companies House ဆိုတဲ့ ကုပ္မဏီကနေတစ်ဆင့်မှတ်ပုံတင်ကာ ရောင်းချနေတာဖြစ်ပြီး လင်ဂတ်ဟာလည်း အဲဒီကုပ္မဏီရဲ့ ဒါရိုက်တာ ၃ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ၂၀၁၈ ဇန်နဝါရီမှာ JLingz ဘရန်းကိုစတင်မိတ်ဆက်ပြီး အဲဒီနှစ်နွေရာသီမှာ စတင်ရောင်းချခဲ့တော့ ငယ်ရွယ်ပေမယ့် ဘောလုံးကိုအပြည့်အ၀ အာရုံမစိုက်ဘူးဆိုပြီး ဝေဖန်မှုတွေခံခဲ့ရပါတယ်။

Photo- Internet

ဒါ့အပြင် မော်ရင်ဟိုကိုင်တွယ်တဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ၂၀၁၈ ဒီဇင်ဘာလအတွင်း လီဗာပူးကိုရှုံးခဲ့တဲ့ ပွဲမတိုင်ခင်မှာ လင်ဂတ်ဟာ JLingz နဲ့ပတ်သက်တဲ့ ပါတီပွဲတစ်ရပ်ကိုကျင်းပခဲ့ပြီး စတာလင်း၊ ရက်ရှ်ဖို့ဒ်၊ ပေါ့ဂ်ဘာနဲ့ လုခ်ရှောတို့လို အင်္ဂလန်နဲ့ မန်ယူအသင်း ကစားဖော်တွေတက်ရောက်ခဲ့ကြပါတယ်။

Photo- Internet

ဒီလို ကွင်းပြင်ပကိစ္စတွေကို အာရုံစိုက်နေလို့လည်း လင်ဂတ်ဟာခြေစွမ်းမပြနိုင်တာကြာပြီဖြစ်ပြီး လက်ရှိမှာလည်းပုံမှန်နေရာ မရတော့ပါဘူး။ သူဟာ ၂၀၁၉ အတွင်းမှာ ဂိုးဖန်တီးခြင်းလည်းမရှိခဲ့သလို ဂိုးသွင်းနိုင်ခြင်းလည်း မရှိတော့ဘူးလို့သိရပါတယ်။

Photo- Internet

Zawgyi

လင္ဂတ္ရဲ႕ JLingz အ၀တ္အစားလုပ္ငန္းပထမဆုံးႏွစ္မွာတင္ ေပါင္ ၂ သိန္းေက်ာ္ရႈံး

မန္ယူအသင္း ကြင္းလယ္လူ ဂ်က္ဆီလင္ဂတ္ဟာ သူ႔ရဲ႕နာမည္ကိုအစြဲျပဳၿပီး JLingz ဆိုတဲ႔ ဘရန္းနဲ႔အ၀တ္အစားအသုံးအေဆာင္ေတြကို ထုတ္လုပ္ေရာင္းခ်ေနရာမွာ ပထမဆုံးႏွစ္မွာတင္ေပါင္ ၂၀၀၀၀၀ ေက်ာ္အရႈံးေပၚခဲ့တယ္လို႔ သိရပါတယ္။

တရား၀င္အတည္မျပဳရေသးေပမယ္႔ JLingz ဘရန္းလုပ္ငန္းဟာ ၿပီးခဲ့တဲ႔ ဇန္န၀ါရီ ၃၁ မွာအဆုံးသတ္တဲ႔ တစ္ႏွစ္တာကာလအတြင္းမွာ ေပါင္ ၂၁၁၆၈၈ အရႈံးေပၚခဲ့တယ္လို႔ ေဖာ္ျပသြားခဲ့ပါတယ္။ ဒါေပမယ္႔ လင္ဂတ္ဟာ JLingz ဘရန္းကို ၂၀၁၈ ေႏြရာသီကမွစတင္မိတ္ဆက္ခဲ့ၿပီး ေရာင္းခ်ခဲ့တာျဖစ္လို႔ လက္ရွိအရႈံးဟာ တကယ္လုပ္ငန္းလည္ပတ္မႈႏွစ္ပတ္လည္ ပမာဏေတာ႔ မဟုတ္ခဲ့ပါဘူး။

သူဟာ JLingz ဘရန္းနဲ႔ အ၀တ္အစားေတြကို Companies House ဆိုတဲ႔ ကုပၼဏီကေနတစ္ဆင့္မွွတ္ပုံတင္ကာ ေရာင္းခ်ေနတာျဖစ္ၿပီး လင္ဂတ္ဟာလည္း အဲဒီကုပၼဏီရဲ႕ ဒါရိုက္တာ ၃ ဦးထဲက တစ္ဦးျဖစ္ပါတယ္။ သူဟာ ၂၀၁၈ ဇန္န၀ါရီမွာ JLingz ဘရန္းကိုစတင္မိတ္ဆက္ၿပီး အဲဒီႏွစ္ေႏြရာသီမွာ စတင္ေရာင္းခ်ခဲ့ေတာ႔ ငယ္ရြယ္ေပမယ္႔ ေဘာလုံးကိုအျပည့္အ၀ အာရုံမစိုက္ဘူးဆိုၿပီး ေ၀ဖန္မႈေတြခံခဲ့ရပါတယ္။

ဒါ့အျပင္ ေမာ္ရင္ဟိုကိုင္တြယ္တဲ႔ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ႔ ၂၀၁၈ ဒီဇင္ဘာလအတြင္း လီဗာပူးကိုရႈံးခဲ့တဲ႔ ပြဲမတိုင္ခင္မွာ လင္ဂတ္ဟာ JLingz နဲ႔ပတ္သက္တဲ႔ ပါတီပြဲတစ္ရပ္ကိုက်င္းပခဲ့ၿပီး စတာလင္း၊ ရက္ရွ္ဖို႔ဒ္၊ ေပါ့ဂ္ဘာနဲ႔ လုခ္ေရွာတို႔လို အဂၤလန္နဲ႔ မန္ယူအသင္း ကစားေဖာ္ေတြတက္ေရာက္ခဲ့ၾကပါတယ္။

ဒီလို ကြင္းျပင္ပကိစၥေတြကို အာရုံစိုက္ေနလို႔လည္း လင္ဂတ္ဟာေျခစြမ္းမျပႏိုင္တာၾကာၿပီျဖစ္ၿပီး လက္ရွိမွာလည္းပုံမွန္ေနရာ မရေတာ႔ပါဘူး။ သူဟာ ၂၀၁၉ အတြင္းမွာ ဂိုးဖန္တီးျခင္းလည္းမရွိခဲ့သလို ဂိုးသြင္းႏိုင္ျခင္းလည္း မရွိေတာ႔ဘူးလို႔သိရပါတယ္။