လက်ရွေးစင်သွင်းဂိုး ၉၄ ဂိုးမြောက်ကို ကြီးကျယ်ခမ်းနားတဲ့ Chip သွင်းဂိုးနဲ့အတူ အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ရော်နယ်ဒို

Photo Credit

Photo Credit

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယမန်နေ့ညက လူဇင်ဘတ်ကို ၃-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ကြီးကျယ်ခမ်းနားတဲ့ Chip သွင်းဂိုးနဲ့အတူ လက်ရွေးစင်ကစားသမားဘ၀ ၉၄ ဂိုးမြောက်ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit

Ballon d’Or ဆု ၅ကြိမ်ရရှိထားတဲ့တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒုတိယပိုင်းမှာ လူဇင်ဘတ်ခံစစ်ရဲ့အမှားကနေ ရှေ့တက်လာတဲ့ဂိုးသမားကို အသာကျော်ပြီး ဂိုးဧရိယာဘယ်ဘက်ထိပ်လောက်ကနေ ဂိုးပေါက်ရဲ့ဘယ်ဘက်ခြမ်းကို Chip လုပ်ကာ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

Photo Credit

ဒီဂိုးဟာ သူ့အတွက် နောက်ဆုံး ၅ပွဲမှာ ၉ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး နိုင်ငံတကာသွင်းဂိုး ရာပြည့်ဖို့ကလည်း တစ်ဖြည်းဖြည်းနီးစပ်လာပါတယ်။ ဒါပေမဲ့ ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ပရော်ဖက်ရှင်နယ်ကစားမားဘဝတစ်လျှောက် သွင်းဂိုး ၇၀၀ ပြည့်တော့မယ့်အချက်ဖြစ်ပြီး ကလပ်နဲ့လက်ရွေးစင်အသင်းတို့အတွက် ၉၇၃ပွဲမှာ ၆၉၉ ဂိုးသွင်းယူထားပြီးဖြစ်ပါတယ်။

Photo Credit

ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ထားတဲ့ အီရန်ဂန္ထဝင်တိုက်စစ်မှူး အလီဒါယီရဲ့စံချိန်ကို ကျော်ဖြတ်ဖို့ ၁၆ဂိုးပဲ လိုအပ်တော့ပြီး အခုချိန်အထိ အကောင်းဆုံးပုံစံမှာရှိနေဆဲဖြစ်လို့ အဲဒီစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ များနေပါတယ်။

Photo Credit

Zawgyi

လက္ေရြးစင္သြင္းဂိုး ၉၄ ဂိုးေျမာက္ကို ႀကီးက်ယ္ခမ္းနားတ့ဲ Chip သြင္းဂိုးနဲ႔အတူ အားလုံးကို အံ့အားသင့္ေစခဲ့တ့ဲ ေရာ္နယ္ဒို

ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ယမန္ေန႔ညက လူဇင္ဘတ္ကို ၃-၀ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ယူ႐ို ၂၀၂၀ ေျခစစ္ပြဲမွာ ႀကီးက်ယ္ခမ္းနားတဲ့ Chip သြင္းဂိုးနဲ႔အတူ လက္ေရြးစင္ကစားသမားဘ၀ ၉၄ ဂိုးေျမာက္ဂိုးအျဖစ္ သြင္းယူႏိုင္ခဲ့ပါတယ္။
Ballon d’Or ဆု ၅ႀကိမ္ရရွိထားတ့ဲတုိက္စစ္မွဴး ေရာ္နယ္ဒိုဟာ ဒုတိယပိုင္းမွာ လူဇင္ဘတ္ခံစစ္ရဲ႕အမွားကေန ေရွ႕တက္လာတဲ့ဂိုးသမားကို အသာေက်ာ္ၿပီး ဂိုးဧရိယာဘယ္ဘက္ထိပ္ေလာက္ကေန ဂိုးေပါက္ရဲ႕ဘယ္ဘက္ျခမ္းကို Chip လုပ္ကာ ကန္သြင္းခဲ့တာျဖစ္ပါတယ္။
ဒီဂိုးဟာ သူ႕အတြက္ ေနာက္ဆုံး ၅ပဲြမွာ ၉ဂိုးေျမာက္သြင္းဂိုးျဖစ္ၿပီး ႏိုင္ငံတကာသြင္းဂိုး ရာျပည့္ဖို႔ကလည္း တစ္ျဖည္းျဖည္းနီးစပ္လာပါတယ္။ ဒါေပမဲ့ ဒီထက္ပိုၿပီးစိတ္၀င္စားဖုိ႔ေကာင္းတာက ပေရာ္ဖက္ရွင္နယ္ကစားမားဘ၀တစ္ေလွ်ာက္ သြင္းဂိုး ၇၀၀ ျပည့္ေတာ့မယ့္အခ်က္ျဖစ္ၿပီး ကလပ္နဲ႔လက္ေရြးစင္အသင္းတုိ႔အတြက္ ၉၇၃ပဲြမွာ ၆၉၉ ဂိုးသြင္းယူထားၿပီးျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာ ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ႏိုင္ငံတကာသြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ထားတဲ့ အီရန္ဂႏၳ၀င္တုိက္စစ္မွဴး အလီဒါယီရဲ႕စံခ်ိန္ကို ေက်ာ္ျဖတ္ဖို႔ ၁၆ဂိုးပဲ လိုအပ္ေတာ့ၿပီး အခုခ်ိန္အထိ အေကာင္းဆုံးပုံစံမွာရွိေနဆဲျဖစ္လုိ႔ အဲဒီစံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ မ်ားေနပါတယ္။