လက်စတာကို အရှက်တကွဲဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် လုပ်အားခလှူဒါန်းဖို့ ဆောက်သမ်တန်အသင်းသဘောတူ

Photo Credit ; Sky Sports

Photo Credit

ဆောက်သမ်တန်အသင်းကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ လက်စတာအသင်းကို အရှက်ရဖွယ် ဝ-၉ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် သူတို့ရဲ့တစ်ရက်စာလုပ်အားခကို လူမှုအဖွဲ့အစည်းတွေ လှူဒါန်းဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

Photo Credit

သောကြာညက စိန့်မေရီမှာ လက်စတာအသင်းက ပီရက်ဇ်နဲ့ ဗာဒီတို့ရဲ့ဟက်ထရစ်ဂိုးတွေ၊ ချီဝဲလ်၊ တိုင်လီမန်းစ်နဲ့ မက်ဒီဆင်တို့ရဲ့ဂိုးတွေကြောင့် အိမ်ရှင်ဆောက်သမ်တန်ကို အနိုင်ယူကာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးမားဆုံးနိုင်ပွဲစံချိန်ကို လိုက်မီနိုင်ခဲ့ပါတယ်။

Photo Credit

ဆောက်သမ်တန်အသင်းအတွက်လည်း အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံအကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့ပြီး နှစ်ပေါင်း ၁၃၁ နှစ်သက်တမ်းရှိ အင်္ဂလိပ်ဘောလုံးလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းရဲ့အကြီးမားဆုံးအဝေးကွင်းနိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။

Photo Credit

ဆောက်သမ်တန်အသင်းက သောကြာနေ့အတွက် ရရှိတဲ့လုပ်ခလစာတွေကို စိန့်ဖောင်ဒေးရှင်းထံ လှူဒါန်းဖို့ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေအားလုံး သဘောတူညီခဲ့ကြောင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဲဒီဖောင်ဒေးရှင်းက အရွယ်ရောက်ပြီးသားနဲ့ ကလေးတွေကို အားကစားနယ်ပယ်မှာ ဘဝရပ်တည်မှုရရှိအောင် ဆောင်ရွက်ပေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။

Photo Credit

ဆောက်သမ်တန်အသင်းဟာ အင်္ဂါနေ့မှာ လိဂ်ဖလား(ကာရာဘောင်)ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ စီးတီးနဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး စနေနေ့မှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အီတီဟတ်ကွင်းမှာပဲ ထပ်ဆင့်အမှတ်ပေးချန်ပီယံ စီးတီးနဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Photo Credit ; Sky Sports

ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟက်က မိမိတို့အသင်းအနေနဲ့ အရေးပါတဲ့ပွဲတွေမတိုင်ခင် သိက္ခာကျဖွယ်အရှုံးကနေ အမြန်ဆုံးပြန်လည်တုံ့ပြန်ရလိမ့်မယ်လို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

Photo Credit

Zawgyi

လက္စတာကို အရွက္တကြဲဂိုးျပတ္အေရးနိမ့္ခဲ့ၿပီးေနာက္ လုပ္အားခလွဴဒါန္းဖို႔ ေဆာက္သမ္တန္အသင္းသေဘာတူ

ေဆာက္သမ္တန္အသင္းကစားသမားေတြနဲ႔ နည္းျပအဖြဲ႕၀င္ေတြဟာ လက္စတာအသင္းကို အရွက္ရဖြယ္ ၀-၉ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ သူတုိ႔ရဲ႕တစ္ရက္စာလုပ္အားခကို လူမႈအဖြဲ႕အစည္းေတြ လွဴဒါန္းဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။
ေသာၾကာညက စိန္႔ေမရီမွာ လက္စတာအသင္းက ပီရက္ဇ္နဲ႔ ဗာဒီတို႔ရဲ႕ဟက္ထရစ္ဂိုးေတြ၊ ခ်ီ၀ဲလ္၊ တိုင္လီမန္းစ္နဲ႔ မက္ဒီဆင္တုိ႔ရဲ႕ဂိုးေတြေၾကာင့္ အိမ္ရွင္ေဆာက္သမ္တန္ကို အႏိုင္ယူကာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အႀကီးမားဆုံးႏုိင္ပဲြစံခ်ိန္ကို လုိက္မီႏိုင္ခဲ့ပါတယ္။
ေဆာက္သမ္တန္အသင္းအတြက္လည္း အသင္းသမုိင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲစုံအႀကီးမားဆုံး႐ံႈးပြဲျဖစ္ခဲ့ၿပီး ႏွစ္ေပါင္း ၁၃၁ ႏွစ္သက္တမ္းရွိ အဂၤလိပ္ေဘာလုံးလိဂ္ၿပိဳင္ပြဲသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းရဲ႕အႀကီးမားဆံုးအေ၀းကြင္းႏိုင္ပြဲလည္းျဖစ္ခဲ့ပါတယ္။
ေဆာက္သမ္တန္အသင္းက ေသာၾကာေန႔အတြက္ ရရွိတဲ့လုပ္ခလစာေတြကို စိန္႔ေဖာင္ေဒးရွင္းထံ လွဴဒါန္းဖုိ႔ အသင္းသားေတြနဲ႔ နည္းျပအဖြဲ႕၀င္ေတြအားလုံး သေဘာတူညီခဲ့ေၾကာင္း ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး အဲဒီေဖာင္ေဒးရွင္းက အရြယ္ေရာက္ၿပီးသားနဲ႔ ကေလးေတြကို အားကစားနယ္ပယ္မွာ ဘ၀ရပ္တည္မႈရရွိေအာင္ ေဆာင္ရြက္ေပးေနတဲ့အဖြဲ႕ျဖစ္ပါတယ္။
ေဆာက္သမ္တန္အသင္းဟာ အဂၤါေန႔မွာ လိဂ္ဖလား(ကာရာေဘာင္)ပြဲစဥ္အျဖစ္ လက္ရွိခ်န္ပီယံ စီးတီးနဲ႔ အေ၀းကြင္းပြဲကစားရမွာျဖစ္ၿပီး စေနေန႔မွာလည္း ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အီတီဟတ္ကြင္းမွာပဲ ထပ္ဆင့္အမွတ္ေပးခ်န္ပီယံ စီးတီးနဲ ရင္ဆုိင္ရမွာျဖစ္ပါတယ္။
ဖိအားေတြနဲ႔ရင္ဆုိင္ေနရတဲ့ ေဆာက္သမ္တန္အသင္းနည္းျပ ဟာဆန္ဟက္က မိမိတုိ႔အသင္းအေနနဲ႔ အေရးပါတဲ့ပြဲေတြမတုိင္ခင္ သိကၡာက်ဖြယ္အ႐ံႈးကေန အျမန္ဆုံးျပန္လည္တုံ႔ျပန္ရလိမ့္မယ္လုိ႔ အသင္းသားေတြကို တိုက္တြန္းခဲ့ပါတယ္။