ရေခဲပြင်ဟော်ကီပွဲဦးထွက်မှာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ပီတာချက်

0
149

Photo Credit

Photo Credit

ချဲလ်ဆီးနဲ့အာဆင်နယ်ဂန္ထဝင်ဂိုးသမား ပီတာချက်ဟာ ရေခဲပြင်ဟော်ကီအားကစားနည်းလောကမှာ အဖွင့်လှနေပြီး Guildford Phoenix အသင်းအတွက် သူ့ရဲ့ပထမဆုံးပွဲမှာပဲ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိတဲ့အထိ လက်စွမ်းပြနိုင်ခဲ့ပါတယ်။

Photo Credit

အသက် ၃၇နှစ်အရွယ်ရှိ ချက်လက်ရွေးစင်ဟောင်း ပီတာချက်ဟာ NIHL 2 ပွဲစဉ်အဖြစ် Swindon Wildcats အသင်းနဲ့ ၂-၂ဂိုးသရေ၊ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ Guildford Phoenix အသင်းအတွက် လက်စွမ်းပြကစားနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပေးဂိုးမရှိပွဲအများဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားတဲ့ ပီတာချက်ဟာ ပရော်ဖက်ရှယ်နယ်ရေခဲပြင်ဟော်ကီကစားသမားဘ၀ စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပြီးချိန်ကတည်းက လူမှုမီဒီယာမှာ အတော်လေးထင်ရှားနေတာပါ။

Photo Credit

Guildford Phoenix အသင်းက ဒီပွဲမတိုင်ခင်ကတည်းက ရာသီအဖွင့် ၂ပွဲစလုံးအနိုင်ရရှိတဲ့အသင်းဖြစ်ပြီး အခုလည်း ပီတာချက်က ပင်နယ်တီအဆုံးအဖြတ်မှာ ၂ကြိမ်အထိ ကာကွယ်နိုင်ခဲ့လို့ Guildford Phoenix အသင်းလည်း ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန် ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Photo Credit

ချဲလ်ဆီးနဲ့အာဆင်နယ်တို့မှာ ကစားခဲ့စဉ်က ဦးထုပ်သဘောမျိုး ဦးခေါင်းကာ ဝတ်ဆင်ကစားခဲ့တဲ့ ပီတာချက်က မိမိအနေနဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားမဖြစ်ခင် ကလေးဘဝမှာတုန်းက ရေခဲပြင်ဟော်ကီကစားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit

”ပွဲအတွေ့အကြုံရရှိအောင် Guildford Phoenix အသင်းနဲ့လက်တွဲခွင့်ရခဲ့တဲ့အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ ကျွန်တော် ပါဝင်ကစားချိန် အသင်းအနိုင်ရရှိရေးအတွက် အစွမ်းကုန်ကစားသွားမှာဖြစ်ပြီး လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ Guildford Phoenix အသင်းလည်း ရည်မှန်းထားတဲ့ပစ်မှတ်တွေ ပြည့်မြောက်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

Photo Credit

”ပရော်ဖက်ရှင်ဘောလုံးသမားအဖြစ် နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ငယ်ငယ်တုန်းက ကြည့်ရှု၊ ကစားခဲ့တဲ့ရေခဲပြင်ဟော်ကီ ကစားခွင့်ရရှိတာက ကျွန်တော့်အတွက်တော့ အံ့အားသင့်စရာကောင်းတဲ့အတွေ့အကြုံပါပဲ”လို့ ပီတာချက်က ပြောပါတယ်။

Photo Credit ; Getty Images

ပီတာချက်ဟာ အခုလိုရေခဲပြင်ဟော်ကီကစားသမားအဖြစ် ပါဝင်ကစားနေပေမယ့် ချဲလ်ဆီးအသင်းရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေမှာဖြစ်ပြီး ယမန်နှစ်ရာသီအကုန်က ဘောလုံးသမားဘဝကနေ အနားယူခဲ့တာပါ။

Photo Credit

Guildford Phoenix အသင်းဟာ နောက်ပွဲစဉ်အဖြစ် အောက်တိုဘာလ ၁၉ရက်နေ့မှာ Bristol Pitbulls အသင်းနဲ့အဝေးကွင်းပွဲဆက်လက်ကစားရမှာဖြစ်ပြီး ပီတာချက်ကလည်း အဲဒီပွဲမှာ ပါဝင်ကစားခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။

Photo Credit

Zawgyi

ေရခဲျပင္ေဟာ္ကီပြဲဦးထြက္မွာ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိခဲ့တ့ဲ ပီတာခ်က္

ခ်ဲလ္ဆီးနဲ႔အာဆင္နယ္ဂႏၳ၀င္ဂိုးသမား ပီတာခ်က္ဟာ ေရခဲျပင္ေဟာ္ကီအားကစားနည္းေလာကမွာ အဖြင့္လွေနၿပီး Guildford Phoenix အသင္းအတြက္ သူ႕ရဲ႕ပထမဆုံးပြဲမွာပဲ ပြဲစဥ္အလုိက္အေကာင္းဆုံးကစားသမားဆုရရွိတဲ့အထိ လက္စြမ္းျပႏိုင္ခဲ့ပါတယ္။
အသက္ ၃၇ႏွစ္အရြယ္ရွိ ခ်က္လက္ေရြးစင္ေဟာင္း ပီတာခ်က္ဟာ NIHL 2 ပြဲစဥ္အျဖစ္ Swindon Wildcats အသင္းနဲ႔ ၂-၂ဂိုးသေရ၊ ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ Guildford Phoenix အသင္းအတြက္ လက္စြမ္းျပကစားႏိုင္ခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ေပးဂိုးမရွိပြဲအမ်ားဆုံးဂိုးသမားအျဖစ္ စံခ်ိန္တင္ထားတ့ဲ ပီတာခ်က္ဟာ ပေရာ္ဖက္ရွယ္နယ္ေရခဲျပင္ေဟာ္ကီကစားသမားဘ၀ စတင္လုိက္ၿပီျဖစ္ေၾကာင္း ေၾကညာလုိက္ၿပီးခ်ိန္ကတည္းက လူမႈမီဒီယာမွာ အေတာ္ေလးထင္ရွားေနတာပါ။
Guildford Phoenix အသင္းက ဒီပြဲမတုိင္ခင္ကတည္းက ရာသီအဖြင့္ ၂ပဲြစလုံးအႏိုင္ရရိွတဲ့အသင္းျဖစ္ၿပီး အခုလည္း ပီတာခ်က္က ပင္နယ္တီအဆုံးအျဖတ္မွာ ၂ႀကိမ္အထိ ကာကြယ္ႏိုင္ခဲ့လုိ႔ Guildford Phoenix အသင္းလည္း ရာႏႈန္းျပည့္ႏုိင္ပဲြဆက္စံခ်ိန္ ဆက္ထိန္းႏိုင္ခဲ့ပါတယ္။
ခ်ဲလ္ဆီးနဲ႔အာဆင္နယ္တို႔မွာ ကစားခဲ့စဥ္က ဦးထုပ္သေဘာမ်ိဳး ဦးေခါင္းကာ ၀တ္ဆင္ကစားခဲ့တ့ဲ ပီတာခ်က္က မိမိအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားမျဖစ္ခင္ ကေလးဘ၀မွာတုန္းက ေရခဲျပင္ေဟာ္ကီကစားခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။
”ပြဲအေတြ႕အႀကံဳရရွိေအာင္ Guildford Phoenix အသင္းနဲ႔လက္တြဲခြင့္ရခဲ့တဲ့အတြက္ ကၽြန္ေတာ္၀မ္းသာမိပါတယ္။ ကၽြန္ေတာ္ ပါ၀င္ကစားခ်ိန္ အသင္းအႏိုင္ရရွိေရးအတြက္ အစြမ္းကုန္ကစားသြားမွာျဖစ္ၿပီး လူငယ္အမ်ားစုနဲ႔ဖြဲ႕စည္းထားတဲ့ Guildford Phoenix အသင္းလည္း ရည္မွန္းထားတ့ဲပစ္မွတ္ေတြ ျပည့္ေျမာက္ဖုိ႔ ကူညီေပးႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ပါတယ္”
”ပေရာ္ဖက္ရွင္ေဘာလုံးသမားအျဖစ္ ႏွစ္ေပါင္း ၂၀ ၾကာကစားခဲ့ၿပီးေနာက္ ငယ္ငယ္တုန္းက ၾကည့္႐ႈ၊ ကစားခဲ့တဲ့ေရခဲျပင္ေဟာ္ကီ ကစားခြင့္ရရွိတာက ကၽြန္ေတာ့္အတြက္ေတာ့ အံ့အားသင့္စရာေကာင္းတဲ့အေတြ႕အႀကံဳပါပဲ”လုိ႔ ပီတာခ်က္က ေျပာပါတယ္။
ပီတာခ်က္ဟာ အခုလိုေရခဲျပင္ေဟာ္ကီကစားသမားအျဖစ္ ပါ၀င္ကစားေနေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕နည္းျပအဖြဲ႕၀င္အျဖစ္ ဆက္လက္ရိွေနမွာျဖစ္ၿပီး ယမန္ႏွစ္ရာသီအကုန္က ေဘာလုံးသမားဘ၀ကေန အနားယူခဲ့တာပါ။
Guildford Phoenix အသင္းဟာ ေနာက္ပြဲစဥ္အျဖစ္ ေအာက္တိုဘာလ ၁၉ရက္ေန႔မွာ Bristol Pitbulls အသင္းနဲ႔အေ၀းကြင္းပြဲဆက္လက္ကစားရမွာျဖစ္ၿပီး ပီတာခ်က္ကလည္း အဲဒီပြဲမွာ ပါ၀င္ကစားခြင့္ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။