ယူနိုက်တက်ရဲ့လက်ရှိရလဒ်ဆိုးတွေက အမာခံပရိသတ် ဘလင်းကို မပျော်မရွှင်ဖြစ်စေ

Photo Credit

Photo Credit ; Getty Images

အေဂျက်စ်အသင်းနောက်ခံလူ ဒါလေးဘလင်းက အသင်းဟောင်းယူနိုက်တက်အနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်သန်းနေရခြင်းအပေါ် မြင်တွေ့နေရတာက သူ့ကို မပျော်မရွှင်ဖြစ်စေကြောင်း၊ အထူးသဖြင့် အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ချဲလ်ဆီးက ရလဒ်ကောင်းတွေရယူနေချိန်မှာ ယူနိုက်တက်က ရလဒ်တွေဆိုးနေတာ ပိုဆိုးကြောင်း ဆိုပါတယ်။ ဘလင်းဟာ ယူနိုက်တက်မှာ ၄နှစ်ကြာကစားခဲ့တဲ့အနက် ပထမဆုံး နယ်သာလန်တစ်နိုင်ငံတည်းသား ဗန်ဟားလ်ရဲ့လက်အောက်မှာ ကစားခဲ့ပြီး နောက်တော့ ဗန်ဟားလ်နေရာအစားဝင်လာတဲ့ မော်ရင်ညိုရဲ့လက်အောက်မှာ ဆက်လက်ကစားခဲ့ပါတယ်။

Photo Credit

သူဟာ အဲဒီကာလအတွင်း အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေရရှိခဲ့ပေမယ့် ယူနိုက်တက်ကတော့ ၂၀၁၃ ခုနှစ်က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီးချိန်ကတည်းက ရုန်းကန်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အမှတ်ပေးဇယားထိပ်ဆုံးကလီဗာပူးကို ၁-၁ ဂိုးသရေကစားနိုင်ခဲ့ပေမယ့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရပြီး တန်းဆင်းဇုန်ထဲကအသင်းနဲ့ ၂ မှတ်ပဲကွာပါတယ်။

Photo Credit

ဗုဒ္ဓဟူးညမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘလင်းရဲ့အေဂျက်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ချဲလ်ဆီးကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရနောက်ဆုံးနေရာဖြစ်တဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး လူငယ်သွေးသစ်တွေရဲ့ဦးဆောင်မှုနဲ့အတူ ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရေပန်းစားနေပါတယ်။

Photo Credit

အသက် ၂၉နှစ်အရွယ်ရှိ ဘလင်းက ”ကျွန်တော်က အခုထိ ယူနိုက်တက်ပရိသတ်ဖြစ်နေဆဲပါ။ လက်ရှိကာလမှာ ယူနိုက်တက်ရဲ့အခြေအနေကို ကြည့်ရတာက သိပ်မကောင်းပါဘူး။ ချဲလ်ဆီးကတော့ ပုံစံကောင်းရရှိနေပြီး နည်းပြလမ်းပတ်ကလည်း မတူညီတဲ့အတွေးအခေါ်နဲ့အတူ တိုက်စစ်ကစားဟန်ပုံဖော်ထားပါတယ်။ လူငယ်အများစုနဲ့ ကစားပုံကောင်းမွန်နေတာက မြင်ရပိုကောင်းပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အသင်းအကြောင်း ပြောရင်တော့ ကျွန်တော်မပျော်မရွှင်ဖြစ်ရပါတယ်”လို့ ပြောပါတယ်။

Photo Credit

ချဲလ်ဆီးနဲ့အတူ ထင်ပေါ်ကျော်ကြားလာသူက လူငယ်တိုက်စစ်မှူး အေဘရာဟမ်ဖြစ်ပြီး အဲဒီအင်္ဂလန်လက်ရွေးစင်ဟာ အသင်းရဲ့ကျောနံပါတ် ၉တိုက်စစ်မှူးအဖြစ် ရပ်တည်နေကာ ပရီးမီးယားလိဂ်ပွဲစဉ် ၉အပြီး စီးတီးတိုက်စစ်မှူး အဂွဲရိုးနဲ့အတူ ၈ဂိုးသွင်းယူကာ ပူးတွဲဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပါတယ်။

Photo Credit

ဘလင်းက အေဘရာဟမ်ရဲ့ခြိမ်းခြောက်လာနိုင်မှုအပေါ် တားဆီးဖို့ ကြိုတင်ပြင်ဆင်ထားပေမယ့် မိမိတို့အသင်းအနေနဲ့ တစ်ဦးချင်းခုခံတားဆီးတာထက် အသင်းလိုက်ကာကွယ်တားဆီးဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Photo Credit

zawgyi

ေအဂ်က္စ္အသင္းေနာက္ခံလူ ဒါေလးဘလင္းက အသင္းေဟာင္းယူႏိုက္တက္အေနနဲ႔ ခက္ခဲၾကမ္းတမ္းတဲ့ကာလကို ျဖတ္သန္းေနရျခင္းအေပၚ ျမင္ေတြ႕ေနရတာက သူ႔ကို မေပ်ာ္မ႐ႊင္ျဖစ္ေစေၾကာင္း၊ အထူးသျဖင့္ အေျပာင္းအေ႐ႊ႕ပိတ္ပင္ခံထားရတဲ့ခ်ဲလ္ဆီးက ရလဒ္ေကာင္းေတြရယူေနခ်ိန္မွာ ယူႏိုက္တက္က ရလဒ္ေတြဆိုးေနတာ ပိုဆိုးေၾကာင္း ဆိုပါတယ္။ ဘလင္းဟာ ယူႏိုက္တက္မွာ ၄ႏွစ္ၾကာကစားခဲ့တဲ့အနက္ ပထမဆုံး နယ္သာလန္တစ္ႏိုင္ငံတည္းသား ဗန္ဟားလ္ရဲ႕လက္ေအာက္မွာ ကစားခဲ့ၿပီး ေနာက္ေတာ့ ဗန္ဟားလ္ေနရာအစားဝင္လာတဲ့ ေမာ္ရင္ညိဳရဲ႕လက္ေအာက္မွာ ဆက္လက္ကစားခဲ့ပါတယ္။

သူဟာ အဲဒီကာလအတြင္း အက္ဖ္ေအဖလားနဲ႔ ယူ႐ိုပါလိဂ္ဖလားေတြရရွိခဲ့ေပမယ့္ ယူႏိုက္တက္ကေတာ့ ၂၀၁၃ ခုႏွစ္က ဂႏၳဝင္နည္းျပႀကီး ဖာဂူဆန္အနားယူသြားၿပီးခ်ိန္ကတည္းက ႐ုန္းကန္ေနရပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ အမွတ္ေပးဇယားထိပ္ဆုံးကလီဗာပူးကို ၁-၁ ဂိုးသေရကစားႏိုင္ခဲ့ေပမယ့္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနရၿပီး တန္းဆင္းဇုန္ထဲကအသင္းနဲ႔ ၂ မွတ္ပဲကြာပါတယ္။ ဗုဒၶဟူးညမွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဘလင္းရဲ႕ေအဂ်က္စ္အသင္းနဲ႔ ရင္ဆိုင္ရမယ့္ ခ်ဲလ္ဆီးကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေနာက္ဆုံးေနရာျဖစ္တဲ့ စတုတၳေနရာမွာ ရပ္တည္ေနၿပီး လူငယ္ေသြးသစ္ေတြရဲ႕ဦးေဆာင္မႈနဲ႔အတူ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ေရပန္းစားေနပါတယ္။

အသက္ ၂၉ႏွစ္အ႐ြယ္ရွိ ဘလင္းက ”ကြၽန္ေတာ္က အခုထိ ယူႏိုက္တက္ပရိသတ္ျဖစ္ေနဆဲပါ။ လက္ရွိကာလမွာ ယူႏိုက္တက္ရဲ႕အေျခအေနကို ၾကည့္ရတာက သိပ္မေကာင္းပါဘူး။ ခ်ဲလ္ဆီးကေတာ့ ပုံစံေကာင္းရရွိေနၿပီး နည္းျပလမ္းပတ္ကလည္း မတူညီတဲ့အေတြးအေခၚနဲ႔အတူ တိုက္စစ္ကစားဟန္ပုံေဖာ္ထားပါတယ္။ လူငယ္အမ်ားစုနဲ႔ ကစားပုံေကာင္းမြန္ေနတာက ျမင္ရပိုေကာင္းပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္အသင္းအေၾကာင္း ေျပာရင္ေတာ့ ကြၽန္ေတာ္မေပ်ာ္မ႐ႊင္ျဖစ္ရပါတယ္”လို႔ ေျပာပါတယ္။

ခ်ဲလ္ဆီးနဲ႔အတူ ထင္ေပၚေက်ာ္ၾကားလာသူက လူငယ္တိုက္စစ္မႉး ေအဘရာဟမ္ျဖစ္ၿပီး အဲဒီအဂၤလန္လက္ေ႐ြးစင္ဟာ အသင္းရဲ႕ေက်ာနံပါတ္ ၉တိုက္စစ္မႉးအျဖစ္ ရပ္တည္ေနကာ ပရီးမီးယားလိဂ္ပြဲစဥ္ ၉အၿပီး စီးတီးတိုက္စစ္မႉး အဂြဲ႐ိုးနဲ႔အတူ ၈ဂိုးသြင္းယူကာ ပူးတြဲဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနပါတယ္။

ဘလင္းက ေအဘရာဟမ္ရဲ႕ၿခိမ္းေျခာက္လာႏိုင္မႈအေပၚ တားဆီးဖို႔ ႀကိဳတင္ျပင္ဆင္ထားေပမယ့္ မိမိတို႔အသင္းအေနနဲ႔ တစ္ဦးခ်င္းခုခံတားဆီးတာထက္ အသင္းလိုက္ကာကြယ္တားဆီးဖို႔ ရည္မွန္းထားတယ္လို႔ ဆိုပါတယ္။