ယူနိုက်တက်နဲ့ပွဲမှာ ဆာလာမပါဝင်ရတဲ့အကြောင်းရင်း ကလော့ပ်ထုတ်ဖော်

Photo Credit

Photo Credit

လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ပ်က ယူနိုက်တက်နဲ့ပွဲမှာ အားထားရတဲ့တောင်ပံတိုက်စစ်မှူး ဆာလာ မပါဝင်နိုင်ခြင်းမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိနေခြင်းကြောင့်ဖြစ်တယ်လို့ ရှင်းလင်းပြောကြားလိုက်ပါတယ်။

Photo Credit

အီဂျစ်လက်ရွေးစင် ဆာလာဟာ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာ ပြိုင်ဘက်ကွင်းလယ်လူ ချောက်ဟူရီရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် အဆိုပါဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit

သူဟာ အစောကြီးကတည်းက ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာခဲ့တာဖြစ်ပြီး သူ့နေရာမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုရီဂီက ယခုရာသီ တတိယမြောက်ပွဲထွက်အဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။

Photo Credit

ကလော့ပ်က ရိုးမားနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဆာလာအတွက် ယူနိုက်တက်နဲ့ပွဲက ပြန်ကစားနိုင်ဖို့ စောလွန်းသေးကြောင်း၊ ဗုဒ္ဓဟူးနေ့မှာ ဂျန့်အသင်းနဲ့ကစားရမယ့်ချန်ပီယံလိဂ်ပွဲမှာတော့ ပြန်လည်ပါဝင်လာနိုင်ကြောင်း ပြောပါတယ်။

Photo Credit

”မိုတစ်ယောက် ပွဲကစားဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူဟာ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်သေးပါဘူး။ အားလုံးက သူကစားနိုင်မယ်ပြောနေတာ ကျွန်တော်လည်း နားမလည်ပါဘူး။ ဗုဒ္ဓဟူးနေ့မှာတော့ သူပါဝင်လာနိုင်ပါတယ်။ ကျွန်တော်တု့ိ စောင့်ကြည့်ကြတာပေါ့”လို့ ကလော့ပ်က ပြောပါတယ်။

Photo Credit

လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂရေမီဆောင်းနက်စ်က ယူနိုက်တက်နဲ့ပွဲမှာ ဆာလာ မပါဝင်နိုင်တာက အန်ဖီးလ်အခြေစိုက်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်တယ်လို့ ဝန်ခံခဲ့ပေမယ့် သူ့အသင်းဟောင်းအနေနဲ့ အိမ်ရှင်အသင်းကိုအနိုင်ကစားဖို့ လုံလောက်တဲ့အရည်အသွေးပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ဆိုပါတယ်။

Photo Credit

Zawgyi

ယူႏုိက္တက္နဲ႔ပဲြမွာ ဆာလာမပါ၀င္ရတဲ့အေၾကာင္းရင္း ကေလာ့ပ္ထုတ္ေဖာ္

လီဗာပူးအသင္းနည္းျပ ဂ်ာဂန္ကေလာ့ပ္က ယူႏုိက္တက္နဲ႔ပဲြမွာ အားထားရတဲ့ေတာင္ပံတုိက္စစ္မွဴး ဆာလာ မပါ၀င္ႏိုင္ျခင္းမွာ ေျခက်င္း၀တ္ဒဏ္ရာရရွိေနျခင္းေၾကာင့္ျဖစ္တယ္လုိ႔ ရွင္းလင္းေျပာၾကားလုိက္ပါတယ္။
အီဂ်စ္လက္ေရြးစင္ ဆာလာဟာ ႏုိင္ငံတကာရက္သတၱပတ္မတုိင္ခင္ ေနာက္ဆုံးကစားခဲ့တ့ဲ လက္စတာနဲ႔ပဲြမွာ ၿပိဳင္ဘက္ကြင္းလယ္လူ ေခ်ာက္ဟူရီရဲ႕ၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္ အဆုိပါဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။
သူဟာ အေစာႀကီးကတည္းက ယူႏုိက္တက္နဲ႔ပြဲမွာ ပါ၀င္ႏိုင္ဖို႔ မေသခ်ာခဲ့တာျဖစ္ၿပီး သူ႕ေနရာမွာ ဘယ္လ္ဂ်ီယံတုိက္စစ္မွဴး အိုရီဂီက ယခုရာသီ တတိယေျမာက္ပဲြထြက္အျဖစ္ ပါ၀င္ကစားခြင့္ရရွိခဲ့ပါတယ္။
ကေလာ့ပ္က ႐ိုးမားနဲ႔ ခ်ဲလ္ဆီးတိုက္စစ္မွဴးေဟာင္း ဆာလာအတြက္ ယူႏုိက္တက္နဲ႔ပြဲက ျပန္ကစားႏုိင္ဖို႔ ေစာလြန္းေသးေၾကာင္း၊ ဗုဒၶဟူးေန႔မွာ ဂ်န္႔အသင္းနဲ႔ကစားရမယ့္ခ်န္ပီယံလိဂ္ပဲြမွာေတာ့ ျပန္လည္ပါ၀င္လာႏိုင္ေၾကာင္း ေျပာပါတယ္။
”မိုတစ္ေယာက္ ပြဲကစားဖို႔ အဆင္သင့္မျဖစ္ေသးပါဘူး။ သူဟာ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းမဆင္းႏုိင္ေသးပါဘူး။ အားလုံးက သူကစားႏိုင္မယ္ေျပာေနတာ ကၽြန္ေတာ္လည္း နားမလည္ပါဘူး။ ဗုဒၶဟူးေန႔မွာေတာ့ သူပါ၀င္လာႏုိင္ပါတယ္။ ကၽြန္ေတာ္တု႔ိ ေစာင့္ၾကည့္ၾကတာေပါ့”လုိ႔ ကေလာ့ပ္က ေျပာပါတယ္။
လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ဂေရမီေဆာင္းနက္စ္က ယူႏုိက္တက္နဲ႔ပြဲမွာ ဆာလာ မပါ၀င္ႏိုင္တာက အန္ဖီးလ္အေျခစိုက္အသင္းအတြက္ ထုိးႏွက္ခ်က္တစ္ရပ္ျဖစ္တယ္လုိ႔ ၀န္ခံခဲ့ေပမယ့္ သူ႕အသင္းေဟာင္းအေနနဲ႔ အိမ္ရွင္အသင္းကိုအႏုိင္ကစားဖုိ႔ လုံေလာက္တဲ့အရည္အေသြးပိုင္ဆုိင္ထားဆဲျဖစ္ေၾကာင္း ဆုိပါတယ္။