ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် လီဗာပူး အလွယ်လေးခံယူသွားမယ်လို့ စီးတီးနည်းပြဟောင်း ဟောကိန်းထုတ်

Photo Credit

Photo Credit

စီးတီးနည်းပြဟောင်း စတူးအပ်ပီးယားစ်က လီဗာပူးအသင်းအနေနဲ့ ယခုရာသီပရီးမီးယားလိဂ်ချန်ပီယံဆုကို သက်သောင့်သက်သာရယူဖွယ်ရှိပြီး တစ်ရာသီလုံး ၂ပွဲထက်ပိုရှုံးမှမဟုတ်ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။

Photo Credit

ထပ်ဆင့်ချန်ပီယံစီးတီးဟာ ပွဲစဉ် ၉အပြီးမှာပဲ နောဝစ်ချ်နဲ့ ဝုဗ်တို့ကို မထင်မှတ်ဘဲအရေးနိမ့်ခဲ့သလို တော့တင်ဟမ်နဲ့ပွဲမှာလည်း အမှတ်လျော့ကျခဲ့ရပါတယ်။

Photo Credit

ဒီအချိန်မှာ လီဗာပူးက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ယူနိုက်တက်နဲ့ ၁-၁ ဂိုးသရေကျသွားပေမယ့် အရင် ၈ပွဲစလုံးအနိုင်ရထားပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

Photo Credit

လီဗာပူးဟာ စီးတီးကို ၈မှတ်ဖြတ်ထားရာကနေ အခုချိန်မှာ ၆ မှတ်ပဲဖြတ်နိုင်တော့ပေမယ့် ပီးယားစ်ကတော့ အသင်းဟောင်းအနေနဲ့ လီဗာပူးကို ဒီထက်ပိုမိုဖိအားပေးနိုင်ဖို့မရှိဘဲ လီဗာပူးလည်း နှစ်ပေါင်း ၃၀အတွင်း ပထမဆုံးအမှတ်ပေးချန်ပီယံဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။

Photo Credit

”ဒီနှစ်မှာ လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို သက်သောင့်သက်သာရရှိသွားလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်နိုင်မလားဆိုတာ မသေချာပေမယ့် ၂ပွဲထက်ပိုပြီးရှုံးနိမ့်ဖို့တော့ မမြင်မိဘူး။ သူတို့က အခုချိန်အထိ ရေပန်းအစားဆုံးဖြစ်နေဆဲပါ။

Photo Credit

”စီးတီးနဲ့ပွဲက ချန်ပီယံတိုက်ပွဲဖြစ်လာနိုင်ပေမယ့် အဲဒီအချိန်အထိ လီဗာပူးက စီးတီးကို ၆မှတ်ဖြတ်ထားနိုင်ရင် စီးတီးအတွက် တကယ့်ဖိအားဖြစ်လာနိုင်ပါတယ်။ ‘ဒီလိုဆိုရင် စီးတီးလည်း ဖွင့်တိုက်မှရတော့မယ့်အနေအထားဖြစ်သွားနိုင်ပါတယ်။ အဲဒီအတိုင်းဖြစ်လာရင် လီဗာပူးအကြိုက်ဖြစ်လာနိုင်ပါတယ်”လို့ ပီးယားစ်က ဆိုပါတယ်။

Photo Credit

Zawgyi

ယခုႏွစ္ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ လီဗာပူး အလြယ္ေလးခံယူသြားမယ္လုိ႔ စီးတီးနည္းျပေဟာင္း ေဟာကိန္းထုတ္

စီးတီးနည္းျပေဟာင္း စတူးအပ္ပီးယားစ္က လီဗာပူးအသင္းအေနနဲ႔ ယခုရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုကို သက္ေသာင့္သက္သာရယူဖြယ္ရွိၿပီး တစ္ရာသီလုံး ၂ပဲြထက္ပုိ႐ံႈးမွမဟုတ္ဘူးလုိ႔လည္း ေျပာၾကားလုိက္ပါတယ္။
ထပ္ဆင့္ခ်န္ပီယံစီးတီးဟာ ပြဲစဥ္ ၉အၿပီးမွာပဲ ေနာ၀စ္ခ်္နဲ႔ ၀ုဗ္တုိ႔ကို မထင္မွတ္ဘဲအေရးနိမ့္ခဲ့သလို ေတာ့တင္ဟမ္နဲ႔ပြဲမွာလည္း အမွတ္ေလ်ာ့က်ခဲ့ရပါတယ္။
ဒီအခ်ိန္မွာ လီဗာပူးက ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ယူႏုိက္တက္နဲ႔ ၁-၁ ဂိုးသေရက်သြားေပမယ့္ အရင္ ၈ပဲြစလုံးအႏုိင္ရထားၿပီး ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။
လီဗာပူးဟာ စီးတီးကို ၈မွတ္ျဖတ္ထားရာကေန အခုခ်ိန္မွာ ၆ မွတ္ပဲျဖတ္ႏိုင္ေတာ့ေပမယ့္ ပီးယားစ္ကေတာ့ အသင္းေဟာင္းအေနနဲ႔ လီဗာပူးကို ဒီထက္ပိုမိုဖိအားေပးႏိုင္ဖို႔မရွိဘဲ လီဗာပူးလည္း ႏွစ္ေပါင္း ၃၀အတြင္း ပထမဆုံးအမွတ္ေပးခ်န္ပီယံျဖစ္လာလိမ့္မယ္လုိ႔ ဆုိပါတယ္။
”ဒီႏွစ္မွာ လီဗာပူးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို သက္ေသာင့္သက္သာရရွိသြားလိမ့္မယ္လုိ႔ ထင္ပါတယ္။ သူတုိ႔ တစ္ရာသီလုံး႐ံႈးပဲြမရွိစံခ်ိန္တင္ႏိုင္မလားဆုိတာ မေသခ်ာေပမယ့္ ၂ပြဲထက္ပိုၿပီး႐ံႈးနိမ့္ဖို႔ေတာ့ မျမင္မိဘူး။ သူတုိ႔က အခုခ်ိန္အထိ ေရပန္းအစားဆုံးျဖစ္ေနဆဲပါ။
”စီးတီးနဲ႔ပဲြက ခ်န္ပီယံတုိက္ပြဲျဖစ္လာႏိုင္ေပမယ့္ အဲဒီအခ်ိန္အထိ လီဗာပူးက စီးတီးကို ၆မွတ္ျဖတ္ထားႏိုင္ရင္ စီးတီးအတြက္ တကယ့္ဖိအားျဖစ္လာႏိုင္ပါတယ္။ ‘ဒီလိုဆုိရင္ စီးတီးလည္း ဖြင့္တိုက္မွရေတာ့မယ့္အေနအထားျဖစ္သြားႏိုင္ပါတယ္။ အဲဒီအတိုင္းျဖစ္လာရင္ လီဗာပူးအႀကိဳက္ျဖစ္လာႏိုင္ပါတယ္”လုိ႔ ပီးယားစ္က ဆုိပါတယ္။